DVB Logo
Home
မြန်မာသတင်း
မြန်မာ့ထိပ်တန်း ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့် ၈၄၉၂ သတ်မှတ်ခံရ
DVB
·
August 26, 2019
မြန်မာ့ထိပ်တန်း ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့် ၈၄၉၂ သတ်မှတ်ခံရ
Donate to DVB

ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေထဲမှာ ထိပ်ဆုံးအဖြစ်သတ်မှတ်ခံရပြီး ကမ္ဘာ့အဆင့် ၈၄၉၂ မှာ ရှိတယ်လို့ နိုင်ငံတကာအဆင့်မြင့်ပညာရေးလမ်းညွှန်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံက တက္ကသိုလ် ၆၀ ကို ဖော်ပြပေးထားပြီး တက္ကသိုလ် ၂၉ ခုကတော့ အဆင့်သတ်မှတ်ခံရတဲ့အထဲမှာ မပါခဲ့ပါဘူး။

uniRank ဆိုတဲ့အဖွဲ့က သတ်မှတ်ဖော်ပြထားတာဖြစ်ပြီး သူတို့ဟာ နိုင်ငံပေါင်း ၂၀၀ မှာရှိတဲ့ တရားဝင် တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၁၃၆၀၀ ကို အဆင့်သတ်မှတ်ပေးတယ်လို့ ဆိုပါတယ်။

သူတို့က အစိုးရတက္ကသိုလ်တွေနဲ့ တရားဝင် အသိအမှတ်ပြုထားတဲ့ ကျောင်းတွေ၊ အနည်းဆုံး ၄ နှစ် တက်ရပြီး ဘွဲ့နဲ့ ဘွဲ့လွန်ဒီဂရီပေးတဲ့ကျောင်းတွေကိုပဲ အဆင့်သတ်မှတ်တာ ဖြစ်ပြီး ၂ နှစ်ပဲ တက်ရတဲ့ ကျောင်းတွေ၊ အဝေးသင်တက္ကသိုလ်တွေ၊ ဘာသာရေးကျောင်းတွေ၊ စစ်တပ်နဲ့ ရဲလိုမျိုး တရားဥပဒေစိုးမိုးရေးဆိုင်ရာကျောင်းတွေကိုထည့်မတွက်သလို တရားဝင် ဝက်ဘ်ဆိုက်မရှိတဲ့ ကျောင်းတွေကိုလည်း ထည့်မတွက်ဘူးလို့ ဆိုပါတယ်။

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်က အဆင့် ၂၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က အဆင့် ၃၊ ရန်ကုန် ဆေးတက္ကသိုလ်-၁ က အဆင့် ၄ နဲ့ မန္တလေးတက္ကသိုလ်က အဆင့် ၅ သတ်မှတ်ထားပါတယ်။

သူ့နောက်မှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ မြိတ်တက္ကသိုလ်တို့ အစဉ်လိုက် ရှိပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာတော့ ရန်ကုန် တက္ကသိုလ်ဟာ ၈၉၄၂၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်ဟာ အဆင့် ၉၅၁၉၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က အဆင့် ၁၀၅၁၅၊ ရန်ကုန် ဆေးတက္ကသိုလ် ၁ က အဆင့် ၁၀၆၆၆ နဲ့ မန္တလေးတက္ကသိုလ်က အဆင့် ၁၀၈၀၁ ဖြစ်ပါတယ်။ 

အဆင့်သတ်မှတ်ခံထားရတဲ့ တက္ကသိုလ် ၆၀ မှာ နည်းပညာတက္ကသိုလ်ပေါင်း ၃၁ ခု ပါနေတာကို တွေ့ရပါတယ်။ ဒီထဲမှာ မန္တလေးနည်းပညာတက္ကသိုလ်က အဆင့် ၅၉ နဲ့ ကျောက်ဆည် နည်းပညာတက္ကသိုလ်က အဆင့် ၆၀ ဖြစ်ပါတယ်။

မြို့အလိုက်ရှိနေတဲ့ တက္ကသိုလ်တွေထဲမှာ ရန်ကုန်၊ မန္တလေးနဲ့ မြိတ်တက္ကသိုလ်ပြီးရင် ကလေး တက္ကသိုလ်က အဆင့် ၂၅ နေရာမှာ ရပ်တည်နေပါတယ်။

ဆေးတက္ကသိုလ်တွေထဲမှာတော့ မကွေးဆေးတက္ကသိုလ်က အဆင့် ၁၁၊ မန္တလေးဆေး တက္ကသိုလ်က အဆင့် ၁၃ နဲ့ ရန်ကုန်ဆေးတက္ကသိုလ် ၂ က အဆင့် ၁၆ သတ်မှတ်ခံရပါတယ်။

မန္တလေးဆေးဝါးတက္ကသိုလ်က အဆင့် ၃၃ သတ်မှတ်ခံရပေမယ့် ရန်ကုန်ဆေးဝါးတက္ကသိုလ် ကတော့ အဆင့်သတ်မှတ်မခံထားရပါဘူး။ အဲဒီလိုပဲ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်ဟာလည်း အဆင့်သတ်မှတ်မခံခဲ့ရပါဘူး။

အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (မန္တလေး) ဟာ အဆင့် ၅၈ ဖြစ်ပြီး အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (ရန်ကုန်) ကတော့ အဆင့် သတ်မှတ်မခံရပါဘူး။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဟာ ကမ္ဘာ့အဆင့် ၁၀၅၁၃၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကတော့ မြန်မာ့အဆင့် ၂၂ နဲ့ ကမ္ဘာ့အဆင့် ၁၂၇၂၁ သတ်မှတ်ခံခဲ့ရပြီး ၁၉၉၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရေဆင်းသစ်တောတက္ကသိုလ်ကတော့ အဆင့်သတ်မှတ်မခံခဲ့ရပါဘူး။

အဆင့် သတ်မှတ်တာနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို uniRank က ဖော်ပြထားပေမယ့် သတ်မှတ်မခံရတဲ့ တက္ကသိုလ်တွေဟာ ဘာကြောင့် သတ်မှတ်မခံရတာလဲ ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။




ျမန္မာ့ထိပ္တန္း ရန္ကုန္တကၠသိုလ္ ကမာၻ႔အဆင့္ ၈၄၉၂ သတ္မွတ္ခံရ

ပိုင္စိုး

ရန္ကုန္တကၠသိုလ္ဟာ ျမန္မာႏိုင္ငံမွာ တကၠသိုလ္ေတြထဲမွာ ထိပ္ဆုံးအျဖစ္သတ္မွတ္ခံရၿပီး ကမာၻ႔အဆင့္ ၈၄၉၂ မွာ ရွိတယ္လို႔ ႏိုင္ငံတကာအဆင့္ျမင့္ပညာေရးလမ္းၫႊန္ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၉ ခုႏွစ္အတြက္ ျမန္မာႏိုင္ငံက တကၠသိုလ္ ၆၀ ကို ေဖာ္ျပေပးထားၿပီး တကၠသိုလ္ ၂၉ ခုကေတာ့ အဆင့္သတ္မွတ္ခံရတဲ့အထဲမွာ မပါခဲ့ပါဘူး။

uniRank ဆိုတဲ့အဖြဲ႕က သတ္မွတ္ေဖာ္ျပထားတာျဖစ္ၿပီး သူတို႔ဟာ ႏိုင္ငံေပါင္း ၂၀၀ မွာရွိတဲ့ တရားဝင္ တကၠသိုလ္နဲ႔ ေကာလိပ္ေပါင္း ၁၃၆၀၀ ကို အဆင့္သတ္မွတ္ေပးတယ္လို႔ ဆိုပါတယ္။

သူတို႔က အစိုးရတကၠသိုလ္ေတြနဲ႔ တရားဝင္ အသိအမွတ္ျပဳထားတဲ့ ေက်ာင္းေတြ၊ အနည္းဆုံး ၄ ႏွစ္ တက္ရၿပီး ဘြဲ႕နဲ႔ ဘြဲ႕လြန္ဒီဂရီေပးတဲ့ေက်ာင္းေတြကိုပဲ အဆင့္သတ္မွတ္တာ ျဖစ္ၿပီး ၂ ႏွစ္ပဲ တက္ရတဲ့ ေက်ာင္းေတြ၊ အေဝးသင္တကၠသိုလ္ေတြ၊ ဘာသာေရးေက်ာင္းေတြ၊ စစ္တပ္နဲ႔ ရဲလိုမ်ိဳး တရားဥပေဒစိုးမိုးေရးဆိုင္ရာေက်ာင္းေတြကိုထည့္မတြက္သလို တရားဝင္ ဝက္ဘ္ဆိုက္မရွိတဲ့ ေက်ာင္းေတြကိုလည္း ထည့္မတြက္ဘူးလို႔ ဆိုပါတယ္။

ရန္ကုန္ ကြန္ပ်ဴတာတကၠသိုလ္က အဆင့္ ၂၊ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္က အဆင့္ ၃၊ ရန္ကုန္ ေဆးတကၠသိုလ္-၁ က အဆင့္ ၄ နဲ႔ မႏၲေလးတကၠသိုလ္က အဆင့္ ၅ သတ္မွတ္ထားပါတယ္။

သူ႔ေနာက္မွာေတာ့ ရန္ကုန္နည္းပညာတကၠသိုလ္၊ ေရေၾကာင္းပညာတကၠသိုလ္၊ ရန္ကုန္ ႏိုင္ငံျခား ဘာသာတကၠသိုလ္၊ ဒဂုံတကၠသိုလ္နဲ႔ ၿမိတ္တကၠသိုလ္တို႔ အစဥ္လိုက္ ရွိပါတယ္။

ကမာၻ႔အဆင့္ သတ္မွတ္ခ်က္မွာေတာ့ ရန္ကုန္ တကၠသိုလ္ဟာ ၈၉၄၂၊ ရန္ကုန္ ကြန္ပ်ဴတာ တကၠသိုလ္ဟာ အဆင့္ ၉၅၁၉၊ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္က အဆင့္ ၁၀၅၁၅၊ ရန္ကုန္ ေဆးတကၠသိုလ္ ၁ က အဆင့္ ၁၀၆၆၆ နဲ႔ မႏၲေလးတကၠသိုလ္က အဆင့္ ၁၀၈၀၁ ျဖစ္ပါတယ္။

အဆင့္သတ္မွတ္ခံထားရတဲ့ တကၠသိုလ္ ၆၀ မွာ နည္းပညာတကၠသိုလ္ေပါင္း ၃၁ ခု ပါေနတာကို ေတြ႕ရပါတယ္။ ဒီထဲမွာ မႏၲေလးနည္းပညာတကၠသိုလ္က အဆင့္ ၅၉ နဲ႔ ေက်ာက္ဆည္ နည္းပညာတကၠသိုလ္က အဆင့္ ၆၀ ျဖစ္ပါတယ္။

ၿမိဳ႕အလိုက္ရွိေနတဲ့ တကၠသိုလ္ေတြထဲမွာ ရန္ကုန္၊ မႏၲေလးနဲ႔ ၿမိတ္တကၠသိုလ္ၿပီးရင္ ကေလး တကၠသိုလ္က အဆင့္ ၂၅ ေနရာမွာ ရပ္တည္ေနပါတယ္။

ေဆးတကၠသိုလ္ေတြထဲမွာေတာ့ မေကြးေဆးတကၠသိုလ္က အဆင့္ ၁၁၊ မႏၲေလးေဆး တကၠသိုလ္က အဆင့္ ၁၃ နဲ႔ ရန္ကုန္ေဆးတကၠသိုလ္ ၂ က အဆင့္ ၁၆ သတ္မွတ္ခံရပါတယ္။

မႏၲေလးေဆးဝါးတကၠသိုလ္က အဆင့္ ၃၃ သတ္မွတ္ခံရေပမယ့္ ရန္ကုန္ေဆးဝါးတကၠသိုလ္ ကေတာ့ အဆင့္သတ္မွတ္မခံထားရပါဘူး။ အဲဒီလိုပဲ မႏၲေလး ႏိုင္ငံျခားဘာသာ တကၠသိုလ္ဟာလည္း အဆင့္သတ္မွတ္မခံခဲ့ရပါဘူး။

အမ်ိဳးသားယဥ္ေက်းမႈနဲ႔ အႏုပညာတကၠသိုလ္ (မႏၲေလး) ဟာ အဆင့္ ၅၈ ျဖစ္ၿပီး အမ်ိဳးသား ယဥ္ေက်းမႈနဲ႔ အႏုပညာတကၠသိုလ္ (ရန္ကုန္) ကေတာ့ အဆင့္ သတ္မွတ္မခံရပါဘူး။

ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ဟာ ကမာၻ႔အဆင့္ ၁၀၅၁၃၊ ေမြးျမဴေရးဆိုင္ရာ ေဆးတကၠသိုလ္ကေတာ့ ျမန္မာ့အဆင့္ ၂၂ နဲ႔ ကမာၻ႔အဆင့္ ၁၂၇၂၁ သတ္မွတ္ခံခဲ့ရၿပီး ၁၉၉၂ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့တဲ့ ေရဆင္းသစ္ေတာတကၠသိုလ္ကေတာ့ အဆင့္သတ္မွတ္မခံခဲ့ရပါဘူး။

အဆင့္ သတ္မွတ္တာနဲ႔ပတ္သက္ၿပီး လိုအပ္ခ်က္ေတြကို uniRank က ေဖာ္ျပထားေပမယ့္ သတ္မွတ္မခံရတဲ့ တကၠသိုလ္ေတြဟာ ဘာေၾကာင့္ သတ္မွတ္မခံရတာလဲ ဆိုတာကိုေတာ့ အေသးစိတ္ ေဖာ္ျပထားတာ မရွိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013