DVB Logo
Home
မြန်မာသတင်း
ထိုင်းရဲတပ်ဖွဲ့နှင့် မူးယစ်သယ်ဆောင်သူတို့ ထိုင်း-မြန်မာနယ်စပ်တွင် ပစ်ခတ်၊ ၁ ဦးသေ ၁ ဦးဖမ်းမိ
DVB
·
August 26, 2019
ထိုင်းရဲတပ်ဖွဲ့နှင့် မူးယစ်သယ်ဆောင်သူတို့ ထိုင်း-မြန်မာနယ်စပ်တွင် ပစ်ခတ်၊ ၁ ဦးသေ ၁ ဦးဖမ်းမိ
1 / 4
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းမြို့နယ်ရှိ မြန်မာနယ်စပ်အနီးမှာ  ဒီနေ့ မနက်စောစောက မူးယစ် ဆေးဝါးသယ်ဆောင်လာသူနဲ့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား ပြီး မူးယစ်သယ်သူ ၁ ဦး သေဆုံးကာ ၁ ဦးကို စိတ်ကြွဆေး အလုံးရေ ၁၀ သန်းနီးပါးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

မယ့်အိုင်းမြို့နယ်၊ ထာ့တွန်းကျေးရွာအုပ်စုထဲမှာ မြန်မာဘက်ခြမ်းကနေ ထိုင်းနိုင်ငံအတွင်းပိုင်း မူးယစ်ကုန်သည်တွေထံ မူးယစ်ဆေးတွေ လာပို့ဖို့ရှိကြောင်း ကြိုတင်သတင်းအရ ထိုင်းမူးယစ်ရဲနဲ့ စစ်တပ်တို့ပါတဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ ဆန်တွန့်တူကျေးရွာအစပ်တောထဲ ကနေ စောင့်ဆိုင်း နေခဲ့ကြတာပါ။

ဒီနေ့မနက် ၁နာရီ ကျော်လောက်မှာတော့ လူ ၃၀ လောက်ဟာ အထုပ်ကိုယ်စီနဲ့  မြန်မာဘက်ခြမ်း တောအုပ်တွေထဲနေ ဝင်ရောက်လာပြီး အသင့်ရပ်ထားတဲ့ ဟိုင်းလပ်ကား ၂ စီးပေါ်ကို အထုပ်တွေပို့လာခဲ့တယ်လို့ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဆုန်းကလစ်အွန်တခိုက်က သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူတွေက စစ်ဆေးဖို့ လူယောင်ထွက်ပြလိုက်တဲ့အခါမှာတော့ မူးယစ်သယ်ဆောင်သူ တွေဘက်က အမည်မသိသေနတ်တွေနဲ့ စတင်ပစ်ခတ်သလို ဗုံးနဲ့လည်းပစ်ပေါက်ခဲ့ကြောင်း၊ အဲဒီနောက် နှစ်ဘက် အပြန်အလှန်ပစ်ခတ်ရာမှာ ၁၀ မိနစ်ကျော်ကြာပြီး အသံတွေငြိမ်သွားမှ တာဝန်ရှိသူတွေက နယ်မြေဝင်ရောက်ရှင်းလင်းခဲ့ကြောင်း၊ မူးယစ်သယ်ဆောင်သူဘက်က ဒဏ်ရာ ရသူ ၂ ဦးရှိပြီး ၁ ဦးမှာ သေဆုံးပြီဖြစ်ကာ ၁ ဦးကိုတော့ အရှင်ဖမ်းမိတယ်လို့ ဒုရဲမှူးကြီးက ဆက်ပြောပါတယ်။

အဲဒီနောက် ရပ်ထားတဲ့ ဟိုင်းလပ်ကား ၃ စီးပါ သိမ်းဆည်းရမိပြီး ၂ စီးမှာ စိတ်ကြွ ဆေးပြားတွေ သယ်ဆောင်ကာ နောက်တစီကတော့ လမ်းပြယာဉ်ဖြစ်ကြောင်း၊ မူးယစ်ဆေးတင်တဲ့ ကား ၂ စီးပေါ်ကနေ စိတ်ကြွဆေး အလုံးရေ စုစုပေါင်း (၉၈ သိန်း)ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ် ။

သေဆုံးသူနဲ့ ဒဏ်ရာရသူနာမည်ကိုတော့ မသိရသေးကြောင်း၊ သူတို့တွေဟာ မြန်မာနိုင်ငံ ဘက်က တိုင်းရင်းသားတွေလို့ ယူဆရပြီး မူးယစ်ဆေးဝါးတွေကတော့ တောင်ပိုင်း ၀ တပ်ဖွဲ့ ဘက်ကဟာတွေ ဖြစ်နိုင်တယ်လို့ အမှတ် ၅ တိုင်းဒေသရဲဌာနချုပ် ဒုရဲမှူးကြီးက ပြောပါတယ်။

Source: https://www.chiangmainews.co.th/page/archives/1100028?fbclid=IwAR3JXdc0vqDTZ3eQHYGvwYV-ITfwjEtXWizVa20VyI7iMJzYs5EToxKI5jw




ထိုင္းရဲတပ္ဖြဲ႕ႏွင့္ မူးယစ္သယ္ေဆာင္သူတို႔ ထိုင္း-ျမန္မာနယ္စပ္တြင္ ပစ္ခတ္၊ ၁ ဦးေသ ၁ ဦးဖမ္းမိ
DVB
ထိုင္းေျမာက္ပိုင္း၊ ခ်င္းမိုင္ခ႐ိုင္၊ မယ့္အိုင္းၿမိဳ႕နယ္ရွိ ျမန္မာနယ္စပ္အနီးမွာ ဒီေန႔ မနက္ေစာေစာက မူးယစ္ ေဆးဝါးသယ္ေဆာင္လာသူနဲ႔ ထိုင္းမူးယစ္ရဲတပ္ဖြဲ႕တို႔ ပစ္ခတ္မႈျဖစ္ပြား ၿပီး မူးယစ္သယ္သူ ၁ ဦး ေသဆုံးကာ ၁ ဦးကို စိတ္ႂကြေဆး အလုံးေရ ၁၀ သန္းနီးပါးနဲ႔အတူ ဖမ္းဆီးရမိတယ္လို႔ ခ်င္းမိုင္နယူးစ္သတင္းမွာ ေဖာ္ျပပါတယ္။

မယ့္အိုင္းၿမိဳ႕နယ္၊ ထာ့တြန္းေက်း႐ြာအုပ္စုထဲမွာ ျမန္မာဘက္ျခမ္းကေန ထိုင္းႏိုင္ငံအတြင္းပိုင္း မူးယစ္ကုန္သည္ေတြထံ မူးယစ္ေဆးေတြ လာပို႔ဖို႔ရွိေၾကာင္း ႀကိဳတင္သတင္းအရ ထိုင္းမူးယစ္ရဲနဲ႔ စစ္တပ္တို႔ပါတဲ့ ပူးေပါင္းအဖြဲ႕ဝင္ေတြဟာ ဆန္တြန႔္တူေက်း႐ြာအစပ္ေတာထဲ ကေန ေစာင့္ဆိုင္း ေနခဲ့ၾကတာပါ။

ဒီေန႔မနက္ ၁နာရီ ေက်ာ္ေလာက္မွာေတာ့ လူ ၃၀ ေလာက္ဟာ အထုပ္ကိုယ္စီနဲ႔ ျမန္မာဘက္ျခမ္း ေတာအုပ္ေတြထဲေန ဝင္ေရာက္လာၿပီး အသင့္ရပ္ထားတဲ့ ဟိုင္းလပ္ကား ၂ စီးေပၚကို အထုပ္ေတြပို႔လာခဲ့တယ္လို႔ ခ်င္းမိုင္ခ႐ိုင္ရဲတပ္ဖြဲ႕မွ ဒုရဲမႉးႀကီး ဆုန္းကလစ္အြန္တခိုက္က သတင္းေထာက္ေတြကို ေျပာပါတယ္။

တာဝန္ရွိသူေတြက စစ္ေဆးဖို႔ လူေယာင္ထြက္ျပလိုက္တဲ့အခါမွာေတာ့ မူးယစ္သယ္ေဆာင္သူ ေတြဘက္က အမည္မသိေသနတ္ေတြနဲ႔ စတင္ပစ္ခတ္သလို ဗုံးနဲ႔လည္းပစ္ေပါက္ခဲ့ေၾကာင္း၊ အဲဒီေနာက္ ႏွစ္ဘက္ အျပန္အလွန္ပစ္ခတ္ရာမွာ ၁၀ မိနစ္ေက်ာ္ၾကာၿပီး အသံေတြၿငိမ္သြားမွ တာဝန္ရွိသူေတြက နယ္ေျမဝင္ေရာက္ရွင္းလင္းခဲ့ေၾကာင္း၊ မူးယစ္သယ္ေဆာင္သူဘက္က ဒဏ္ရာ ရသူ ၂ ဦးရွိၿပီး ၁ ဦးမွာ ေသဆုံးၿပီျဖစ္ကာ ၁ ဦးကိုေတာ့ အရွင္ဖမ္းမိတယ္လို႔ ဒုရဲမႉးႀကီးက ဆက္ေျပာပါတယ္။

အဲဒီေနာက္ ရပ္ထားတဲ့ ဟိုင္းလပ္ကား ၃ စီးပါ သိမ္းဆည္းရမိၿပီး ၂ စီးမွာ စိတ္ႂကြ ေဆးျပားေတြ သယ္ေဆာင္ကာ ေနာက္တစီကေတာ့ လမ္းျပယာဥ္ျဖစ္ေၾကာင္း၊ မူးယစ္ေဆးတင္တဲ့ ကား ၂ စီးေပၚကေန စိတ္ႂကြေဆး အလုံးေရ စုစုေပါင္း (၉၈ သိန္း)ကို ဖမ္းမိခဲ့တာလို႔ ဆိုပါတယ္ ။

ေသဆုံးသူနဲ႔ ဒဏ္ရာရသူနာမည္ကိုေတာ့ မသိရေသးေၾကာင္း၊ သူတို႔ေတြဟာ ျမန္မာႏိုင္ငံ ဘက္က တိုင္းရင္းသားေတြလို႔ ယူဆရၿပီး မူးယစ္ေဆးဝါးေတြကေတာ့ ေတာင္ပိုင္း ၀ တပ္ဖြဲ႕ ဘက္ကဟာေတြ ျဖစ္ႏိုင္တယ္လို႔ အမွတ္ ၅ တိုင္းေဒသရဲဌာနခ်ဳပ္ ဒုရဲမႉးႀကီးက ေျပာပါတယ္။
Source: https://www.chiangmainews.co.th/page/archives/1100028?fbclid=IwAR3JXdc0vqDTZ3eQHYGvwYV-ITfwjEtXWizVa20VyI7iMJzYs5EToxKI5jw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013