DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံများ ဖြစ်အောင် လုပ်သည့် လူငယ် ၃ ဦးကို ရဲတပ်ဖွဲ့ဖမ်းမိ
DVB
·
August 26, 2019
ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံများ ဖြစ်အောင် လုပ်သည့် လူငယ် ၃ ဦးကို ရဲတပ်ဖွဲ့ဖမ်းမိ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ပေါက်ကွဲသံတွေဖြစ်အောင် လုပ်နေတဲ့ လူငယ် ၃ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့ ဖမ်းမိပြီလို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၁၊ ၁၂၊ ၁၃၊ ၁၇ နဲ့ ၂၁ တို့မှာ ထားဝယ်မြို့ပေါ်မှာ ပေါက်ကွဲသံတွေထွက်ခဲ့ပြီး သူတို့ကို သြဂုတ် ၂၄ ရက်ညနေပိုင်းက ဖမ်းဆီးမိခဲ့တာလို့ အစိုးရပြန်ကြားရေးရဲ့  Myanmar Digital News မှာ ဖော်ပြထားတာပါ။

ပေါက်ကွဲသံတွေ မကြာခဏ ဖြစ်နေတဲ့အပေါ် ထားဝယ်မြို့ရဲစခန်းက ဒုရဲအုပ် အေးမင်းခိုင်နဲ့ အဖွဲ့က စုံစမ်းခဲ့ပြီး ဥဿရံရပ်ကွက် ကမ်းနားလမ်းက တိုးတက်နိုင် ဓာတ်ဆီဆိုင်နားမှာ ဖောက်ခွဲခဲ့တာနဲ့ ပတ်သက်လို့ ဆိုင်ရဲ့ လုံခြုံရေး ကင်မရာကို စုံစမ်းရာမှာ ၅၆ ယ/--- Click-125i အနီရောင်ဆိုင်ကယ်ဖြစ်တာကို သိရပြီး ဆိုင်ကယ်ပိုင်ရှင်ဟာ ရေဖြူမြို့နယ် မူဒူးရွာမှာ နေတဲ့သူ ဖြစ်တာကိုလည်း သိခဲ့ရပါတယ်။

ဆက်လက်စုံစမ်းရာမှာ ဝဲကျွန်းမြို့သစ်ရပ်ကွက်နေသူ ညီညီစိုးကို ဘုမ္မော်ရပ်ကွက် ညောင်ပင်ကြီးလမ်းဆုံမှာ အဲဒီဆိုင်ကယ်နဲ့အတူ တွေ့ရပြီး ဆိုင်ကယ်ကို မူဒူးရွာမှာနေတဲ့ စိုးမင်းက ပိုင်တာလို့ ပြောခဲ့ပါတယ်။

သူရှိတဲ့အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အိပ်ရာကြမ်းခင်းမှာ အချင်း တလက်မလောက်ရှိတဲ့ ဘောလုံးပုံစံ ယမ်းကြိုးတွေပါတဲ့ အနီ၊ အစိမ်း၊ အပြာရောင် ဗြောက်အိုး ၆ လုံးကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။

ဒီပစ္စည်းတွေဟာ အဲဒီအိမ်အောက်ထပ်မှာ ငှားနေတဲ့ စိုးမင်းဦးရဲ့ ပစ္စည်းတွေဖြစ်တာကို သိရပြီးနောက် သူတို့ ၃ ယောက်လုံးကို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို နေရာတကျမထားဘဲ ပေါ့ပေါ့လျော့လျော့ထားတာ၊ ပေါက်ကွဲစေတတ်တဲ့ အရာတွေကို သုံးပြီး အများပြည်သူကို ထိတ်လန့်အောင်လုပ်တဲ့ စိုးမင်းဦး၊ စိုးမင်းသူနဲ့ ညီညီစိုးတို့ကို ထားဝယ်မြို့မရဲစခန်းမှာ အမှုဖွင့်ထား တယ်လို့ ဆိုပါတယ်။ 

ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို နေရာတကျမထားဘဲ ပေါ့ပေါ့လျော့လျော့ ထားတဲ့ ပြစ်မှုမြောက်တယ်ဆိုရင်တော့ အများဆုံး ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။




ထားဝယ္ၿမိဳ႕ေပၚတြင္ ေပါက္ကြဲသံမ်ား ျဖစ္ေအာင္ လုပ္သည့္ လူငယ္ ၃ ဦးကို ရဲတပ္ဖြဲ႕ဖမ္းမိ
DVB
တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕ေပၚမွာ ေပါက္ကြဲသံေတြျဖစ္ေအာင္ လုပ္ေနတဲ့ လူငယ္ ၃ ေယာက္ကို သက္ေသခံပစၥည္းေတြနဲ႔ ဖမ္းမိၿပီလို႔ အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၁၊ ၁၂၊ ၁၃၊ ၁၇ နဲ႔ ၂၁ တို႔မွာ ထားဝယ္ၿမိဳ႕ေပၚမွာ ေပါက္ကြဲသံေတြထြက္ခဲ့ၿပီး သူတို႔ကို ၾသဂုတ္ ၂၄ ရက္ညေနပိုင္းက ဖမ္းဆီးမိခဲ့တာလို႔ အစိုးရျပန္ၾကားေရးရဲ႕ Myanmar Digital News မွာ ေဖာ္ျပထားတာပါ။

ေပါက္ကြဲသံေတြ မၾကာခဏ ျဖစ္ေနတဲ့အေပၚ ထားဝယ္ၿမိဳ႕ရဲစခန္းက ဒုရဲအုပ္ ေအးမင္းခိုင္နဲ႔ အဖြဲ႕က စုံစမ္းခဲ့ၿပီး ဥႆရံရပ္ကြက္ ကမ္းနားလမ္းက တိုးတက္ႏိုင္ ဓာတ္ဆီဆိုင္နားမွာ ေဖာက္ခြဲခဲ့တာနဲ႔ ပတ္သက္လို႔ ဆိုင္ရဲ႕ လုံၿခဳံေရး ကင္မရာကို စုံစမ္းရာမွာ ၅၆ ယ/--- Click-125i အနီေရာင္ဆိုင္ကယ္ျဖစ္တာကို သိရၿပီး ဆိုင္ကယ္ပိုင္ရွင္ဟာ ေရျဖဴၿမိဳ႕နယ္ မူဒူး႐ြာမွာ ေနတဲ့သူ ျဖစ္တာကိုလည္း သိခဲ့ရပါတယ္။

ဆက္လက္စုံစမ္းရာမွာ ဝဲကြၽန္းၿမိဳ႕သစ္ရပ္ကြက္ေနသူ ညီညီစိုးကို ဘုေမၼာ္ရပ္ကြက္ ေညာင္ပင္ႀကီးလမ္းဆုံမွာ အဲဒီဆိုင္ကယ္နဲ႔အတူ ေတြ႕ရၿပီး ဆိုင္ကယ္ကို မူဒူး႐ြာမွာေနတဲ့ စိုးမင္းက ပိုင္တာလို႔ ေျပာခဲ့ပါတယ္။

သူရွိတဲ့အိမ္ကို ဝင္ေရာက္ရွာေဖြရာမွာ အိပ္ရာၾကမ္းခင္းမွာ အခ်င္း တလက္မေလာက္ရွိတဲ့ ေဘာလုံးပုံစံ ယမ္းႀကိဳးေတြပါတဲ့ အနီ၊ အစိမ္း၊ အျပာေရာင္ ေျဗာက္အိုး ၆ လုံးကို ေတြ႕ရွိသိမ္းဆည္း ရမိခဲ့ပါတယ္။

ဒီပစၥည္းေတြဟာ အဲဒီအိမ္ေအာက္ထပ္မွာ ငွားေနတဲ့ စိုးမင္းဦးရဲ႕ ပစၥည္းေတြျဖစ္တာကို သိရၿပီးေနာက္ သူတို႔ ၃ ေယာက္လုံးကို ေပါက္ကြဲေစတတ္တဲ့ ပစၥည္းေတြကို ေနရာတက်မထားဘဲ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ထားတာ၊ ေပါက္ကြဲေစတတ္တဲ့ အရာေတြကို သုံးၿပီး အမ်ားျပည္သူကို ထိတ္လန႔္ေအာင္လုပ္တဲ့ စိုးမင္းဦး၊ စိုးမင္းသူနဲ႔ ညီညီစိုးတို႔ကို ထားဝယ္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထား တယ္လို႔ ဆိုပါတယ္။

ေပါက္ကြဲေစတတ္တဲ့ ပစၥည္းေတြကို ေနရာတက်မထားဘဲ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ထားတဲ့ ျပစ္မႈေျမာက္တယ္ဆိုရင္ေတာ့ အမ်ားဆုံး ေထာင္ဒဏ္ ၃ ႏွစ္ထိ ခ်မွတ္ႏိုင္တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013