DVB Logo
Home
မြန်မာသတင်း
ပျဉ်းမနား ခရစ်ယာန်နှင့် အစ္စလာမ်အဖွဲ့များကို ဗိုလ်ချုပ်မှူးကြီး စားနပ်ရိက္ခာနှင့်ငွေ လှူဒါန်း
DVB
·
August 26, 2019
ပျဉ်းမနား ခရစ်ယာန်နှင့် အစ္စလာမ်အဖွဲ့များကို ဗိုလ်ချုပ်မှူးကြီး စားနပ်ရိက္ခာနှင့်ငွေ လှူဒါန်း
1 / 6
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က ပျဉ်းမနားမြို့က ခရစ်ယာန်နဲ့ အစ္စလာမ်အဖွဲ့တွေကို စားနပ်ရိက္ခာနဲ့ငွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဘာသာရေးဆိုင်ရာကိစ္စတွေဆောင်ရွက်ရာမှာ အထောက်အကူဖြစ်ဖို့ လှူဒါန်းရတာလို့ ဗိုလ်ချုပ်မှူးကြီးက ပြောပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုတွေနဲ့ စေတနာရှင်ပြည်သူတွေ ပူးပေါင်းလှူဒါန်းတာလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဆန်၊ ဆီ၊ ဆား ပဲနဲ့ ငွေတွေကို ပျဉ်းမနားမြို့နယ်ထဲက ခရစ်ယာန်ဘာသာ ဘုရားကျောင်း ၁၁ ကျောင်းနဲ့ အစ္စလာမ်အာရဗီအထက်တန်းကျောင်း၊ ဗလီ ၁၃ ခုတို့ဆီ လှူဒါန်းခဲ့တာပါ။

အလှူငွေလှူတာကို ၁၉၉၆ ခုနှစ်ကစပြီး ဘုန်းကြီးကျောင်းတွေ၊ သီလရှင်စာသင်တိုက်တွေနဲ့ ဘိုးဘွားရိပ်သာတွေကို နှစ်စဉ် ဝါတွင်းကာလတွေမှာ လှူဒါန်းခဲ့ပြီး ဒီနှစ်မှာတော့ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာရေးကျောင်းတွေကို လှူတာလို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

ဘယ်ဘာသာမှာမဆို လှူဒါန်းတာနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အကျိုးရတာကိုပဲ ဖော်ပြထားသလို မြန်မာနိုင်ငံ လူဦးရေရဲ့ ၆ ရာခိုင်နှုန်းလောက်ဟာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ၊ ၄ ရာခိုင်နှုန်းကျော်ဟာ အစ္စလာမ်ဘာသာကိုးကွယ်ကြသူတွေဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒေသအနှံ့အပြားမှာ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ ရှိတယ်လို့လည်း ပြောပါတယ်။

လှူဒါန်းရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဇနီး၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီး၊ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး အလှူငွေ ကျပ်သိန်း ၃၀၊ ဆန် အိတ် ၆၀၊ ကုလားပဲ ၅ အိတ်၊ ဆား ၃ အိတ်၊ ဆီ ပိဿာ ၃၀ တို့ကို အသီးသီး လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။




ပ်ဥ္းမနား ခရစ္ယာန္ႏွင့္ အစၥလာမ္အဖြဲ႕မ်ားကို ဗိုလ္ခ်ဳပ္မႉးႀကီး စားနပ္ရိကၡာႏွင့္ေငြ လႉဒါန္း
ပိုင္စိုး

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ မေန႔က ပ်ဥ္းမနားၿမိဳ႕က ခရစ္ယာန္နဲ႔ အစၥလာမ္အဖြဲ႕ေတြကို စားနပ္ရိကၡာနဲ႔ေငြ သြားေရာက္လႉဒါန္းခဲ့ပါတယ္။

ဘာသာေရးဆိုင္ရာကိစၥေတြေဆာင္႐ြက္ရာမွာ အေထာက္အကူျဖစ္ဖို႔ လႉဒါန္းရတာလို႔ ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာၿပီး တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုေတြနဲ႔ ေစတနာရွင္ျပည္သူေတြ ပူးေပါင္းလႉဒါန္းတာလို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

ဆန္၊ ဆီ၊ ဆား ပဲနဲ႔ ေငြေတြကို ပ်ဥ္းမနားၿမိဳ႕နယ္ထဲက ခရစ္ယာန္ဘာသာ ဘုရားေက်ာင္း ၁၁ ေက်ာင္းနဲ႔ အစၥလာမ္အာရဗီအထက္တန္းေက်ာင္း၊ ဗလီ ၁၃ ခုတို႔ဆီ လႉဒါန္းခဲ့တာပါ။

အလႉေငြလႉတာကို ၁၉၉၆ ခုႏွစ္ကစၿပီး ဘုန္းႀကီးေက်ာင္းေတြ၊ သီလရွင္စာသင္တိုက္ေတြနဲ႔ ဘိုးဘြားရိပ္သာေတြကို ႏွစ္စဥ္ ဝါတြင္းကာလေတြမွာ လႉဒါန္းခဲ့ၿပီး ဒီႏွစ္မွာေတာ့ ခရစ္ယာန္နဲ႔ အစၥလာမ္ဘာသာေရးေက်ာင္းေတြကို လႉတာလို႔ ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာပါတယ္။

ဘယ္ဘာသာမွာမဆို လႉဒါန္းတာနဲ႔ ပတ္သက္ၿပီး ေကာင္းမြန္တဲ့ အက်ိဳးရတာကိုပဲ ေဖာ္ျပထားသလို ျမန္မာႏိုင္ငံ လူဦးေရရဲ႕ ၆ ရာခိုင္ႏႈန္းေလာက္ဟာ ခရစ္ယာန္ဘာသာ ကိုးကြယ္သူေတြ၊ ၄ ရာခိုင္ႏႈန္းေက်ာ္ဟာ အစၥလာမ္ဘာသာကိုးကြယ္ၾကသူေတြျဖစ္ၿပီး ျမန္မာႏိုင္ငံ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ေဒသအႏွံ႔အျပားမွာ ခရစ္ယာန္နဲ႔ အစၥလာမ္ဘာသာ ကိုးကြယ္သူေတြ ရွိတယ္လို႔လည္း ေျပာပါတယ္။

လႉဒါန္းရာမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ဇနီး၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ဇနီး၊ ျပည္ထဲေရးနဲ႔ ကာကြယ္ေရးဝန္ႀကီး၊ တပ္မေတာ္အရာရွိႀကီးေတြ တက္ေရာက္ၾကၿပီး အလႉေငြ က်ပ္သိန္း ၃၀၊ ဆန္ အိတ္ ၆၀၊ ကုလားပဲ ၅ အိတ္၊ ဆား ၃ အိတ္၊ ဆီ ပိႆာ ၃၀ တို႔ကို အသီးသီး လႉဒါန္းခဲ့တယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013