DVB Logo
Home
မြန်မာသတင်း
အငြိမ်းစားရဲတပ်ကြပ် ၁ ဦး ဗွက်အိုင်ထဲက ဝါယာကြိုးကိုင်မိ၍ ဓာတ်လိုက်သေဆုံး
DVB
·
August 26, 2019
အငြိမ်းစားရဲတပ်ကြပ် ၁ ဦး ဗွက်အိုင်ထဲက ဝါယာကြိုးကိုင်မိ၍ ဓာတ်လိုက်သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၊ အမှတ်၃ရပ်ကွက်မှာ သြဂုတ် ၂၅ရက်က အငြိမ်းစားရဲတပ်ကြပ်တဦး ဗွက်အိုင်ထဲပြုတ်ကျနေတဲ့ ဝါယာကြိုးကို ကိုင်မိလို့ ဓာတ်လိုက်သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

အငြိမ်းစားရဲတပ်ကြပ်ဦးဖုန်းမြင့်ဇော် (၅၅နှစ်) နေထိုင်ရာ အိမ်ရှေ့ရှိ ဗွက်အိုင်ထဲ ပြုတ်ကျနေတဲ့ ဝါယာကြိုးကို ဓာတ်တိုင်ပေါ်တင်ဖို့ ကောက်ကိုင်လိုက်ရာက ဓာတ်လိုက်ပြီး သေဆုံးသွာတာလို့ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ကျော်စွာက ပြောပါတယ်။

"လျှပ်စစ်ဝါယာကြိုးတွေ ပြုတ်ကျပြတ်တောက်မှုကို တွေ့ရင် လျှပ်စစ်ရုံးကို အကြောင်းကြားပါလို့ လျှပ်စစ်ရုံးက ပြောတယ်။ အခုလည်း ဘာမှ မဖြစ်လောက်ဖူးထင်ပြီး ကောက်ကိုင်လိုက်တာဖြစ်မယ်။ ဝမ်းဗိုက်ညာဘက်ဘေးမှာ ဓာတ်လိုက်လို့ ညိုမဲသွားတဲ့ ဒဏ်ရာ တချက်တွေ့တယ်" ပြောပါတယ်။

ဦးဖုန်းမြင့်ဇော် ဓာတ်လိုက်ပြီး သေဆုံးတာဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့  ဝမ်းတွင်းမြို့မရဲစခန်းမှာသေမှု သေခင်း အမှုဖွင့်ထားပါတယ်။




အၿငိမ္းစားရဲတပ္ၾကပ္ ၁ ဦး ဗြက္အိုင္ထဲက ဝါယာႀကိဳးကိုင္မိ၍ ဓာတ္လိုက္ေသဆုံး
DVB
မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕၊ အမွတ္၃ရပ္ကြက္မွာ ၾသဂုတ္ ၂၅ရက္က အၿငိမ္းစားရဲတပ္ၾကပ္တဦး ဗြက္အိုင္ထဲျပဳတ္က်ေနတဲ့ ဝါယာႀကိဳးကို ကိုင္မိလို႔ ဓာတ္လိုက္ေသဆုံးသြားတယ္လို႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

အၿငိမ္းစားရဲတပ္ၾကပ္ဦးဖုန္းျမင့္ေဇာ္ (၅၅ႏွစ္) ေနထိုင္ရာ အိမ္ေရွ႕ရွိ ဗြက္အိုင္ထဲ ျပဳတ္က်ေနတဲ့ ဝါယာႀကိဳးကို ဓာတ္တိုင္ေပၚတင္ဖို႔ ေကာက္ကိုင္လိုက္ရာက ဓာတ္လိုက္ၿပီး ေသဆုံးသြာတာလို႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္း ဒုရဲအုပ္ေက်ာ္စြာက ေျပာပါတယ္။

"လွ်ပ္စစ္ဝါယာႀကိဳးေတြ ျပဳတ္က်ျပတ္ေတာက္မႈကို ေတြ႕ရင္ လွ်ပ္စစ္႐ုံးကို အေၾကာင္းၾကားပါလို႔ လွ်ပ္စစ္႐ုံးက ေျပာတယ္။ အခုလည္း ဘာမွ မျဖစ္ေလာက္ဖူးထင္ၿပီး ေကာက္ကိုင္လိုက္တာျဖစ္မယ္။ ဝမ္းဗိုက္ညာဘက္ေဘးမွာ ဓာတ္လိုက္လို႔ ညိဳမဲသြားတဲ့ ဒဏ္ရာ တခ်က္ေတြ႕တယ္" ေျပာပါတယ္။

ဦးဖုန္းျမင့္ေဇာ္ ဓာတ္လိုက္ၿပီး ေသဆုံးတာဟာ ဓမၼတာအတိုင္း ေသဆုံးတာ ဟုတ္မဟုတ္ စုံစမ္းစစ္ေဆးဖို႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းမွာေသမႈ ေသခင္း အမႈဖြင့္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013