DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်  ဒုက္ခသည်များ ဆန္ဒပြ
DVB
·
August 26, 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်  ဒုက္ခသည်များ ဆန္ဒပြ
1 / 3
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို  နေရပ်စွန့်ခွာ ထွက်သွားခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ သြဂုတ် ၂၅ ရက်နေ့က ဒုက္ခသည်စခန်း အမှတ် ၂၇ မှာ ဆန္ဒပြခဲ့ကြပါတယ်။

“၂၀၁၇ ဖြစ်စဉ်ကို မမေ့သေးဘူး ဆိုတာရယ်၊ အစိုးရအနေနဲ့ တာဝန်ခံမှု ဖြစ်စေချင်တာရယ်ကြောင့် အခုလို ဆန္ဒပြခဲ့ရတာ” လို့ ဒုက္ခသည်စခန်းမှ ခေါင်းဆောင်တဦးဖြစ်တဲ့ မာမတ်တာဟဲရ်က ပြောပါတယ်။

အဆိုပါဒုက္ခသည်တွေဟာ ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ 

အခုလို အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့  ၂ နှစ်မြောက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသံရုံးရှေ့မှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပါတယ်။ 

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ သြဂုတ် ၂၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံတဲ့ အစီအစဉ်ကို သုံးကြိမ်မြောက် လုပ်ဆောင်ခဲ့ပေမယ့်  နေရပ်စွန့်ခွာသူ တယောက်မှ ပြန်ဝင်လာခြင်း မရှိခဲ့ပါဘူး။ 

နေရပ်စွန့်ခွာသူတွေကတော့ ရိုဟင်ဂျာကို တရားဝင် အသိမှတ်ပြုပေးဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ကျန်နေခဲ့တဲ့သူတွေ အားလုံးရဲ့ ရပိုင်ခွင့်နဲ့ အခွင့်ရေးကို ပြန်လည်ရရှိဖို့နဲ့ မူရင်းနေရပ်တွေမှာ ပြန်လည်အခြေချခွင့်ပေးဖို့ စတဲ့ အချက် လေးချက်ကိုလည်း တောင်းဆိုထားပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည် စုစုပေါင်း ၇ သိန်းလောက် ရှိတယ်လို့  ကုလသမဂ္ဂက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက် ​ နေရပ်​စွန့်ခွာသူတွေကို ပြီးခဲ့တဲ့ သြဂုတ်​ ၂၂ ရက်​​နေ့မှာ တတိယအကြိမ်​​ ပြန်​လည်​လက်​ခံဖို့ မြန်​မာဘက်က အဆင်​သင့် ပြင်ဆင်ထား​ပေမယ့်လည်း တ​ဦးတ​​ယောက်​မှ ပြန်​လာတာ မရှိ​သေးပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဘဂၤလားေဒ့ရွ္ႏိုင္ငံေရာက္  ဒုကၡသည္မ်ား ဆႏၵျပ

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို  ေနရပ္စြန႔္ခြာ ထြက္သြားခဲ့ၾကတဲ့ ဒုကၡသည္ေတြဟာ ၾသဂုတ္ ၂၅ ရက္ေန႔က ဒုကၡသည္စခန္း အမွတ္ ၂၇ မွာ ဆႏၵျပခဲ့ၾကပါတယ္။

“၂၀၁၇ ျဖစ္စဥ္ကို မေမ့ေသးဘူး ဆိုတာရယ္၊ အစိုးရအေနနဲ႔ တာဝန္ခံမႈ ျဖစ္ေစခ်င္တာရယ္ေၾကာင့္ အခုလို ဆႏၵျပခဲ့ရတာ” လို႔ ဒုကၡသည္စခန္းမွ ေခါင္းေဆာင္တဦးျဖစ္တဲ့ မာမတ္တာဟဲရ္က ေျပာပါတယ္။

အဆိုပါဒုကၡသည္ေတြဟာ ၂၀၁၇ ၾသဂုတ္ ၂၅ ရက္ေန႔က ရခိုင္ျပည္နယ္တြင္းမွာ ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္မႈ ျဖစ္စဥ္ေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးခဲ့ၾကတာ ျဖစ္ပါတယ္။

အခုလို အၾကမ္းဖက္ျဖစ္စဥ္ ျဖစ္ပြားခဲ့တဲ့  ၂ ႏွစ္ေျမာက္ေန႔မွာ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕မွာရွိတဲ့ ျမန္မာႏိုင္ငံသံ႐ုံးေရွ႕မွာလည္း ဆႏၵထုတ္ေဖာ္မႈေတြ ရွိခဲ့ပါတယ္။

ျမန္မာအစိုးရနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရတို႔ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္နဲ႔ ၾသဂုတ္ ၂၂ ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံေရာက္ ဒုကၡသည္ေတြကို ျပန္လည္လက္ခံတဲ့ အစီအစဥ္ကို သုံးႀကိမ္ေျမာက္ လုပ္ေဆာင္ခဲ့ေပမယ့္  ေနရပ္စြန႔္ခြာသူ တေယာက္မွ ျပန္ဝင္လာျခင္း မရွိခဲ့ပါဘူး။

ေနရပ္စြန႔္ခြာသူေတြကေတာ့ ႐ိုဟင္ဂ်ာကို တရားဝင္ အသိမွတ္ျပဳေပးဖို႔၊ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔၊ က်န္ေနခဲ့တဲ့သူေတြ အားလုံးရဲ႕ ရပိုင္ခြင့္နဲ႔ အခြင့္ေရးကို ျပန္လည္ရရွိဖို႔နဲ႔ မူရင္းေနရပ္ေတြမွာ ျပန္လည္အေျခခ်ခြင့္ေပးဖို႔ စတဲ့ အခ်က္ ေလးခ်က္ကိုလည္း ေတာင္းဆိုထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္မႈျဖစ္စဥ္ေတြအၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးသြားတဲ့ ဒုကၡသည္ စုစုေပါင္း ၇ သိန္းေလာက္ ရွိတယ္လို႔  ကုလသမဂၢက ခန႔္မွန္း ထုတ္ျပန္ထားပါတယ္။

ဘဂၤလား​ေဒ့ရွ္​ႏိုင္​ငံဘက္ ​ ေနရပ္​စြန္႔ခြာသူေတြကို ၿပီးခဲ့တဲ့ ၾသဂုတ္​ ၂၂ ရက္​​ေန႔မွာ တတိယအႀကိမ္​​ ျပန္​လည္​လက္​ခံဖို႔ ျမန္​မာဘက္က အဆင္​သင့္ ျပင္ဆင္ထား​ေပမယ့္လည္း တ​ဦးတ​​ေယာက္​မွ ျပန္​လာတာ မရွိ​ေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013