DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့နယ်၌ စျေးပေါ် သစ်ကိုင်းကျိုးကျ၍ ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
DVB
·
August 25, 2019
ကောလင်းမြို့နယ်၌ စျေးပေါ် သစ်ကိုင်းကျိုးကျ၍ ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
Donate to DVB
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခန်သာကျေးရွာဈေးမှာ သြဂုတ် ၂၅ ရက်နေ့ မနက်ပိုင်းက ညောင်ပင်ကိုင်းကျိုးကျတာကြောင့် စျေးရောင်းနေသူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 
သေဆုံးသူက ဂါတ်ကုန်းကျေးရွာကနေ စျေးလာရောင်းသူ အသက် ၅၆ နှစ်အရွယ် ဒေါ်ချိုဦးဆိုသူဖြစ်ပြီး မိုးရွာသွန်းတာကနေ သစ်ကိုင်း ကျိုးကျခဲ့တာလို့ သိရပါတယ်။ 
တခြားစျေးဝယ်လာတဲ့သူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၅ ဦးမှာလည်း ခြေသလုံးရိုးကျိုးဒဏ်ရာနဲ့ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာတွေ အသီးသီးရရှိခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ရတာပါ။
"မိုးက ရေတော့ပါတယ်။ တအားကြီးတော့ မသဲဘူး။ ညောင်ပင်က နှစ်ပေါင်း ရာကျော်သက်တမ်းရှိပြီ။ အခုကျိုးကျတာက မူလပင်စည်မဟုတ်ဘူး။ ၇ နှစ်သားဝန်းကျင်လောက်ရှိပြီဖြစ်တဲ့ ကိုင်းတက်က မိုးရေအလေးချိန်မနိုင်တာကနေ အိပြီး ကျိုးကျတဲ့ သဘောပါ။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကိုတော့ ခန်သာ တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။"လို့ ခန်သာကျေးရွာဒေသခံ ကိုနေမျိုးဝင်းက ပြောပါတယ်။
ဒီဖြစ်စဉ်ကိုတော့ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 
အရင်ကတော့ အခုလိုအဖြစ်မျိုးဖြစ်တာ မရှိဘူးလို့လည်း ကောလင်းမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးတင်စိုးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက ခြေထောက်ရိုး ၂ ပိုင်းကျိုးသွားတဲ့ ဦးမျိုးနိုင်ထွန်းကိုတော့ သစ်ကိုင်းအောက်မှာ ပိနေတဲ့အတွက် ဒေသခံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့က ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ 
စျေးအတွင်း သစ်ကိုင်းကျိုးကျမှုကြောင့် စျေးဆိုင်ခန်း ၅ ခန်းလောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခန်သာစျေးက ကောလင်းမြို့နယ်စည်ပင်ရဲ့ ၃(ခ)နယ်မြေအတွင်းမှာ ပါဝင်တဲ့ စျေးတခုလည်း ဖြစ်ပါတယ်။ ဒီစျေးမှာတော့ ခန်သာကျေးရွာအပြင် အနီးအနားကျေးရွာတွေက စျေးသည်ဝန်းကျင် ၅၀၊ ၆၀ ခန့် နေ့စဉ် ဒေသထွက်ကုန်တွေကို လာရောက်ရောင်းချကြတာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ကောလင်းမြို့နယ်၌ ဈေးပေါ် သစ်ကိုင်းကျိုးကျ၍ ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခန်သာကျေးရွာဈေးမှာ သြဂုတ် ၂၅ ရက်နေ့ မနက်ပိုင်းက ညောင်ပင်ကိုင်းကျိုးကျတာကြောင့ေ ဈေးရောင်းနေသူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူက ဂါတ်ကုန်းကျေးရွာကနေ ဈေးလာရောင်းသူ အသက် ၅၆ နှစ်အရွယ် ဒေါ်ချိုဦးဆိုသူဖြစ်ပြီး မိုးရွာသွန်းတာကနေ သစ်ကိုင်း ကျိုးကျခဲ့တာလို့ သိရပါတယ်။
တခြားဈေးဝယ်လာတဲ့သူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၅ ဦးမှာလည်း ခြေသလုံးရိုးကျိုးဒဏ်ရာနဲ့ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာတွေ အသီးသီးရရှိခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ရတာပါ။
ဈေးအတွင်း သစ်ကိုင်းကျိုးကျမှုကြောင့် ဈေးဆိုင်ခန်း ၅ ခန်းလောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခန်သာဈေးက ကောလင်းမြို့နယ်စည်ပင်ရဲ့ ၃(ခ)နယ်မြေအတွင်းမှာ ပါဝင်တဲ့ ဈေးတခုလည်း ဖြစ်ပါတယ်။ ဒီဈေးမှာတော့ ခန်သာကျေးရွာအပြင် အနီးအနားကျေးရွာတွေက ဈေးသည်ဝန်းကျင် ၅၀၊ ၆၀ ခန့် နေ့စဉ် ဒေသထွက်ကုန်တွေကို လာရောက်ရောင်းချကြတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013