DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့ ဒုတိယအကြီးဆုံး ရွှေမင်းဝံ အဆင့်မြင့်စျေးသစ်ကြီး ဖွင့်လှစ်
DVB
·
August 25, 2019
စစ်ကိုင်းမြို့ ဒုတိယအကြီးဆုံး ရွှေမင်းဝံ အဆင့်မြင့်စျေးသစ်ကြီး ဖွင့်လှစ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်မှာ စစ်ကိုင်းမြို့ရဲ့ ဒုတိယအကြီးဆုံး ရွှေမင်းဝံ အဆင့်မြင့်စျေးသစ်ကြီးကို သြဂုတ်လ ၂၅ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က “တိုးတက်လာတဲ့ခေတ်နဲ့အညီ အခုလို အဆင့်မြင့်စျေးကြီးတွေ ဆောက်ဖို့ လိုအပ်ပါတယ်။ စစ်ကိုင်းမြို့သူမြို့သားတွေဟာ တချိန်က မြို့မစျေးကြီးတခုတည်းကိုသာ အားထားနေကြရတယ်။ အခုဆို ရွှေမင်းဝံ အဆင့်မြင့်စျေးသစ်ကြီး ပေါ်လာတာကြောင့် အရောင်းအဝယ်တွေ ဖွံ့ဖြိုးတိုးတက်လာသလို တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။”

စစ်ကိုင်းမြိုဟာ မြို့ပေါ်ရပ်ကွက် ၂၃ ရပ်ကွက်ရှိပြီး မြို့ပြလူဦးရေက ရှစ်သောင်းနီးပါးရှိကာ ကျေးလက်ဒေသ လူဦးရေက နှစ်သိန်းနီးပါးရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။

အမေ့နန်းတော်ကုမ္ပဏီက သိန်းပေါင်း ၁ သောင်းကျော် အကုန်အကျခံပြီး ၂၀၁၈ ခုနှစ်က စတင် တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ရွှေမင်းဝံ အဆင့်မြင့်စျေးသစ်ကြီးမှာ နှစ်ထပ်စျေး ဖြစ်ပြီး ဆိုင်ခန်းတွေအနေနဲ့ ရွှေမင်းဝံရပ်ကွက် ၂၅ လမ်း၊ မျက်နှာလှည့် မြေညီထပ်ဆိုင်ခန်းများ (၁၀ ပေ၊ ၁၂ ပေ) တခန်းကို ကျပ်သိန်း ၂၀၀၊ ၈ လမ်း မျက်နှာလှည့် မြေညီထပ်ဆိုင်ခန်း (၁၀ ပေ၊ ၁၂ ပေ)ကို သိန်း ၁၅၀ အတွင်းလှည့် ဆိုင်ခန်းများကို သိန်း ၁၀၀ အပေါ်ထပ် အခန်းအတွင်းလှည့် (၁၀ ပတ်လည်) ကို ၇၅ သိန်း၊ အမိုးပါ အကာမဲ့ ဆိုင်ခန်းတခန်းကို ၁၅ သိန်းနဲ့ လေးကြိမ် အရစ်ကျ ရောင်းချပေးခဲ့ပါတယ်။

 ပျံကျဆိုင်ခန်းတွေကို အခမဲ့ ရောင်းချခွင့်ပြုသွားမှာဖြစ်ပြီး ရွှေမင်းဝံ အဆင့်မြင့် ဈေးသစ်ပုံစံဟာ (ယူ) ပုံစံ ဆောက်လုပ်ထားပြီး အခန်းပေါင်း ၂၂၂ ခန်းနဲ့ တည်ဆောက်ထားတဲ့ စျေးကြီးတစျေးလည်း ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

စစ်ကိုင်းမြို့ ဒုတိယအကြီးဆုံး ရွှေမင်းဝံ အဆင့်မြင့်ဈေးသစ်ကြီး ဖွင့်လှစ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်မှာ စစ်ကိုင်းမြို့ရဲ့ ဒုတိယအကြီးဆုံး ရွှေမင်းဝံ အဆင့်မြင့်ဈေးသစ်ကြီးကို သြဂုတ်လ ၂၅ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က “တိုးတက်လာတဲ့ခေတ်နဲ့အညီ အခုလို အဆင့်မြင့်ဈေးကြီးတွေ ဆောက်ဖို့ လိုအပ်ပါတယ်။ စစ်ကိုင်းမြို့သူမြို့သားတွေဟာ တချိန်က မြို့မဈေးကြီးတခုတည်းကိုသာ အားထားနေကြရတယ်။ အခုဆို ရွှေမင်းဝံ အဆင့်မြင့်ဈေးသစ်ကြီး ပေါ်လာတာကြောင့် အရောင်းအဝယ်တွေ ဖွံ့ဖြိုးတိုးတက်လာသလို တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။”



ရွှေမင်းဝံ အဆင့်မြင့်ဈေးသစ်ကြီးမှာ နှစ်ထပ်ဈေး ဖြစ်ပြီး ဆိုင်ခန်းတွေအနေနဲ့ ရွှေမင်းဝံရပ်ကွက် ၂၅ လမ်း၊ မျက်နှာလှည့် မြေညီထပ်ဆိုင်ခန်းများ (၁၀ ပေ၊ ၁၂ ပေ) တခန်းကို ကျပ်သိန်း ၂၀၀၊ ၈ လမ်း မျက်နှာလှည့် မြေညီထပ်ဆိုင်ခန်း (၁၀ ပေ၊ ၁၂ ပေ)ကို သိန်း ၁၅၀ အတွင်းလှည့် ဆိုင်ခန်းများကို သိန်း ၁၀၀ အပေါ်ထပ် အခန်းအတွင်းလှည့် (၁၀ ပတ်လည်) ကို ၇၅ သိန်း၊ အမိုးပါ အကာမဲ့ ဆိုင်ခန်းတခန်းကို ၁၅ သိန်းနဲ့ လေးကြိမ် အရစ်ကျ ရောင်းချပေးခဲ့ပါတယ်။

ပျံကျဆိုင်ခန်းတွေကို အခမဲ့ ရောင်းချခွင့်ပြုသွားမှာဖြစ်ပြီး ရွှေမင်းဝံ အဆင့်မြင့် ဈေးသစ်ပုံစံဟာ (ယူ) ပုံစံ ဆောက်လုပ်ထားပြီး အခန်းပေါင်း ၂၂၂ ခန်းနဲ့ တည်ဆောက်ထားတဲ့ ဈေးကြီးတဈေးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013