DVB Logo
Home
မြန်မာသတင်း
ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်းဧရိယာအတွင်း ကျူးကျော်အိမ်များကိစ္စ ပြေလည်မှုရရှိ
DVB
·
August 24, 2019
ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်းဧရိယာအတွင်း ကျူးကျော်အိမ်များကိစ္စ ပြေလည်မှုရရှိ
1 / 2
Donate to DVB

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်း ဧရိယာအတွင်း ကျူးကျော်နေထိုင်နေကြတဲ့ နေအိမ် ၁၈ လုံးကို ဖျက်သိမ်းဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ညှိနှိုင်းရာမှာ ပြေလည်မှု ရရှိခဲ့ပါတယ်။

“ကျမတို့အနေနဲ့ နေအိမ် ၁၅ လုံးကို အိမ်ထောင်စု ၁၅ စုအတွက် အစားပေးမယ်ဆိုတော့ ကျမတို့က မကျေနပ်ဘူးလေ၊ တကယ်ရှိတာက အိမ်ထောင်စု ၁၈ စု ရှိတာဆိုတော့ နေအိမ် ၁၈ လုံး ပေးမယ်ဆိုရင် ကျမတို့က ကျေနပ်တယ်။ ကိုယ့်ဟာကိုယ် ဖျက်ပေးမှာ။ ဒီလောက် အင်အားအလုံးအရင်းနဲ့လည်း လာဖို့ မလိုပါဘူး။ အခု ကျမတို့ကို သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီဝင် ဖြစ်တဲ့ ဦးသက်နိုင်ထွန်းတို့က ညှိနှိုင်းပေးခဲ့လို့ အခုတော့ အားလုံး ပြေလည်သွားခဲ့တာပါ” လို့ ညှိနှိုင်းခဲ့တဲ့ အိမ်ရှင်ဒေါ်လှခိုင်က ပြောပါတယ်။

ကျူးအိမ်တွေကို ပေ ၄၀x ၆၀ မြေတကွက်နဲ့အတူ ရွှေ့ပြောင်းစရိတ် ၁၀ သိန်းပေးပြီး ညှိနှိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ညှိနှိုင်းပြေလည်မှု ကတိကဝတ်အနေနဲ့ ကျူးကျော်နေထိုင်သူတွေအနေနဲ့ နှစ်ရက်အတွင်း ရွှေ့ပြောင်းပေးရမှာလည်း ဖြစ်ပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင် ဂေါက်ကွင်းအိမ်ရာစီမံကိန်းအတွင်း နေထိုင်ခဲ့ကြတဲ့ တောင်သူ ၇၆ ဦးကို ၁ ဧက ကနေ ၃ ဧကအထိ ပေ ၆၀ ပတ်လည် တကွက်နှုန်းနဲ့အတူ ၃ ဧကထက်ပိုပါက ပေ ၆၀ x ပေ ၂၀ နှုန်း အစားထိုးပေးထားပြီးဖြစ်သလို အစားထိုးမြေကွက်ပေါ်မှာ မြေယာပြုပြင်ခြင်းများနဲ့ လျှပ်စစ်မီးရရှိခြင်း၊ ရေရရှိခြင်း၊ မြေဂရမ် ရရှိအောင် ပြုလုပ်ပေးသွားမှာမို့ ကောင်းကျိုးတွေ ခံစားရမှာဖြစ်တယ်လို့  ဖွံ့ဖြိုးသစ်ကုမ္ပဏီက တာဝန်ခံ ဦးသန့်ဇင်ဦးက ပြောပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရေတံခွန်တောင်ဂေါက်ကွင်း စီမံကိန်းပြုလုပ်ဖို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင် ရေကြည်ကွင်းအတွင်းက လယ်ယာမြေ ဧက ၅၀၀ ကျော်ကို သိမ်းယူခဲ့ကာ ပိုလျှံမြေဧက၂၀၀ ကျော်အပေါ်မှာ အိမ်ရာစီမံကိန်းအသစ်တခု အကောင်အထည်ဖော်နေဆဲ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရတံခြန္ေတာင္ ေဂါက္ကြင္းစီမံကိန္းဧရိယာအတြင္း က်ဴးေက်ာ္အိမ္မ်ားကိစၥ ေျပလည္မႈရရွိ

မႏၲေလးတိုင္း ပုသိမ္ႀကီးၿမိဳ႕နယ္ ေရတံခြန္ေတာင္ ေဂါက္ကြင္းစီမံကိန္း ဧရိယာအတြင္း က်ဴးေက်ာ္ေနထိုင္ေနၾကတဲ့ ေနအိမ္ ၁၈ လုံးကို ဖ်က္သိမ္းဖို႔ အစီအစဥ္ရွိခဲ့ေပမယ့္ ညႇိႏႈိင္းရာမွာ ေျပလည္မႈ ရရွိခဲ့ပါတယ္။

“က်မတို႔အေနနဲ႔ ေနအိမ္ ၁၅ လုံးကို အိမ္ေထာင္စု ၁၅ စုအတြက္ အစားေပးမယ္ဆိုေတာ့ က်မတို႔က မေက်နပ္ဘူးေလ၊ တကယ္ရွိတာက အိမ္ေထာင္စု ၁၈ စု ရွိတာဆိုေတာ့ ေနအိမ္ ၁၈ လုံး ေပးမယ္ဆိုရင္ က်မတို႔က ေက်နပ္တယ္။ ကိုယ့္ဟာကိုယ္ ဖ်က္ေပးမွာ။ ဒီေလာက္ အင္အားအလုံးအရင္းနဲ႔လည္း လာဖို႔ မလိုပါဘူး။ အခု က်မတို႔ကို သက္ဆိုင္ရာ စည္ပင္သာယာေရးေကာ္မတီဝင္ ျဖစ္တဲ့ ဦးသက္ႏိုင္ထြန္းတို႔က ညႇိႏႈိင္းေပးခဲ့လို႔ အခုေတာ့ အားလုံး ေျပလည္သြားခဲ့တာပါ” လို႔ ညႇိႏႈိင္းခဲ့တဲ့ အိမ္ရွင္ေဒၚလွခိုင္က ေျပာပါတယ္။

က်ဴးအိမ္ေတြကို ေပ ၄၀x ၆၀ ေျမတကြက္နဲ႔အတူ ေ႐ႊ႕ေျပာင္းစရိတ္ ၁၀ သိန္းေပးၿပီး ညႇိႏႈိင္းခဲ့တာလည္း ျဖစ္ပါတယ္။

အခုလို ညႇိႏႈိင္းေျပလည္မႈ ကတိကဝတ္အေနနဲ႔ က်ဴးေက်ာ္ေနထိုင္သူေတြအေနနဲ႔ ႏွစ္ရက္အတြင္း ေ႐ႊ႕ေျပာင္းေပးရမွာလည္း ျဖစ္ပါတယ္။

မႏၲေလးတိုင္း ပုသိမ္ႀကီးၿမိဳ႕နယ္ ေရတံခြန္ေတာင္ ေဂါက္ကြင္းအိမ္ရာစီမံကိန္းအတြင္း ေနထိုင္ခဲ့ၾကတဲ့ ေတာင္သူ ၇၆ ဦးကို ၁ ဧက ကေန ၃ ဧကအထိ ေပ ၆၀ ပတ္လည္ တကြက္ႏႈန္းနဲ႔အတူ ၃ ဧကထက္ပိုပါက ေပ ၆၀ x ေပ ၂၀ ႏႈန္း အစားထိုးေပးထားၿပီးျဖစ္သလို အစားထိုးေျမကြက္ေပၚမွာ ေျမယာျပဳျပင္ျခင္းမ်ားနဲ႔ လွ်ပ္စစ္မီးရရွိျခင္း၊ ေရရရွိျခင္း၊ ေျမဂရမ္ ရရွိေအာင္ ျပဳလုပ္ေပးသြားမွာမို႔ ေကာင္းက်ိဳးေတြ ခံစားရမွာျဖစ္တယ္လို႔  ဖြံ႕ၿဖိဳးသစ္ကုမၸဏီက တာဝန္ခံ ဦးသန႔္ဇင္ဦးက ေျပာပါတယ္။

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ ေရတံခြန္ေတာင္ေဂါက္ကြင္း စီမံကိန္းျပဳလုပ္ဖို႔ ပုသိမ္ႀကီးၿမိဳ႕နယ္ ေရတံခြန္ေတာင္ ေရၾကည္ကြင္းအတြင္းက လယ္ယာေျမ ဧက ၅၀၀ ေက်ာ္ကို သိမ္းယူခဲ့ကာ ပိုလွ်ံေျမဧက၂၀၀ ေက်ာ္အေပၚမွာ အိမ္ရာစီမံကိန္းအသစ္တခု အေကာင္အထည္ေဖာ္ေနဆဲ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013