DVB Logo
Home
မြန်မာသတင်း
အဂတိ တိုက်ဖျက်ရေးကော်မရှင် အရာရှိတဦးကို မလျော်ဩဇာသုံးမှုဖြင့် စစ်ဆေး
DVB
·
August 24, 2019
အဂတိ တိုက်ဖျက်ရေးကော်မရှင် အရာရှိတဦးကို မလျော်ဩဇာသုံးမှုဖြင့် စစ်ဆေး
Donate to DVB

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အရာရှိတယောက်ကို မလျော်သြဇာသုံးတယ်လို့ တိုင်ကြားခံရတာကြောင့် ဌာနတွင်း စစ်ဆေးနေတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတစောင်မှာ သတင်းဖော်ပြခဲ့ပြီးမှ အခုလို ထုတ်ပြန်လာတာပါ။

တိုင်ကြားခံရသူ ဦးမောင်မောင်တင်ဟာ ကော်မရှင်ရုံး၊ တားဆီးကာကွယ်ရေးနဲ့ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာထမ်းတယောက်ဖြစ်ပြီး မြောင်းမြမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်မာလာတင်က တောင်သူတချို့ကို စိုက်ပျိုးစရိတ် ချေးငွေတွေ ထုတ်ပေးရာမှာ အဂတိလိုက်စားတာတွေ ရှိခဲ့တယ်ဆိုတဲ့ တိုင်စာကြောင့် ပြီးခဲ့တဲ့ ဧပြီလက မြောင်းမြကို သွားရောက်စစ်ဆေးခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်မာလာတင်ရဲ့ ညီမဖြစ်သူ မတင်ဇာဇာထွေးက သြဂုတ် ၆ ရက်နေ့မှာ ဦးမောင်မောင်တင်က သူ့ရဲ့ လုပ်ပိုင်ခွင့်ရာထူးကို သုံးပြီး ခြိမ်းခြောက်၊ အနိုင်အထက်လုပ် စစ်ဆေးခဲ့တယ်ဆိုပြီး ကော်မရှင်ကို တိုင်ကြားလာတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက သတင်းစာမှာတော့ ဦးမောင်မောင်တင်ဟာ အမှုလျှော့ပေါ့စေဖို့ သူနဲ့ကြိုတွေ့ပြီး ငွေပေးနိုင်ကြောင်း ပြောခဲ့တယ်လို့ မတင်ဇာဇာထွေးက ပြောဆိုထားပါတယ်။

သြဂုတ် ၁၅ ရက်မှာ လုပ်တဲ့ ကော်မရှင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ညွှန်ကြားရေးမှူး တယောက် ဦးဆောင်တဲ့ ရှေးဦးစုံစမ်းရေးအဖွဲ့ကို အဲဒီနေ့မှာပဲ ဖွဲ့စည်းပြီး စစ်ဆေးဖို့ တာဝန်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ကော်မရှင်အနေနဲ့ ရှေးဦးစုံစမ်းရေးအဖွဲ့ရဲ့ စစ်ဆေးပေါ်ပေါက်ချက်ပေါ် မူတည်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေ၊ ကော်မရှင်ကျင့်ဝတ်တို့နဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အဂတိ တိုက္ဖ်က္ေရးေကာ္မရွင္ အရာရွိတဦးကို မေလ်ာ္ဩဇာသုံးမႈျဖင့္ စစ္ေဆး

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ အရာရွိတေယာက္ကို မေလ်ာ္ၾသဇာသုံးတယ္လို႔ တိုင္ၾကားခံရတာေၾကာင့္ ဌာနတြင္း စစ္ေဆးေနတယ္လို႔ ေကာ္မရွင္က ထုတ္ျပန္ပါတယ္။

ဒါေပမဲ့ ေန႔စဥ္ထုတ္ ပုဂၢလိက သတင္းစာတေစာင္မွာ သတင္းေဖာ္ျပခဲ့ၿပီးမွ အခုလို ထုတ္ျပန္လာတာပါ။

တိုင္ၾကားခံရသူ ဦးေမာင္ေမာင္တင္ဟာ ေကာ္မရွင္႐ုံး၊ တားဆီးကာကြယ္ေရးနဲ႔ စုံစမ္းစစ္ေဆးေရးဦးစီးဌာနမွ အရာထမ္းတေယာက္ျဖစ္ၿပီး ေျမာင္းျမၿမိဳ႕နယ္၊ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရး ဘဏ္မန္ေနဂ်ာျဖစ္သူ ေဒၚမာလာတင္က ေတာင္သူတခ်ိဳ႕ကို စိုက္ပ်ိဳးစရိတ္ ေခ်းေငြေတြ ထုတ္ေပးရာမွာ အဂတိလိုက္စားတာေတြ ရွိခဲ့တယ္ဆိုတဲ့ တိုင္စာေၾကာင့္ ၿပီးခဲ့တဲ့ ဧၿပီလက ေျမာင္းျမကို သြားေရာက္စစ္ေဆးခဲ့သူ ျဖစ္ပါတယ္။

အဲဒီေနာက္ ေဒၚမာလာတင္ရဲ႕ ညီမျဖစ္သူ မတင္ဇာဇာေထြးက ၾသဂုတ္ ၆ ရက္ေန႔မွာ ဦးေမာင္ေမာင္တင္က သူ႔ရဲ႕ လုပ္ပိုင္ခြင့္ရာထူးကို သုံးၿပီး ၿခိမ္းေျခာက္၊ အႏိုင္အထက္လုပ္ စစ္ေဆးခဲ့တယ္ဆိုၿပီး ေကာ္မရွင္ကို တိုင္ၾကားလာတယ္လို႔ ဆိုပါတယ္။

ပုဂၢလိက သတင္းစာမွာေတာ့ ဦးေမာင္ေမာင္တင္ဟာ အမႈေလွ်ာ့ေပါ့ေစဖို႔ သူနဲ႔ႀကိဳေတြ႕ၿပီး ေငြေပးႏိုင္ေၾကာင္း ေျပာခဲ့တယ္လို႔ မတင္ဇာဇာေထြးက ေျပာဆိုထားပါတယ္။

ၾသဂုတ္ ၁၅ ရက္မွာ လုပ္တဲ့ ေကာ္မရွင္ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ ၫႊန္ၾကားေရးမႉး တေယာက္ ဦးေဆာင္တဲ့ ေရွးဦးစုံစမ္းေရးအဖြဲ႕ကို အဲဒီေန႔မွာပဲ ဖြဲ႕စည္းၿပီး စစ္ေဆးဖို႔ တာဝန္ေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။

ေကာ္မရွင္အေနနဲ႔ ေရွးဦးစုံစမ္းေရးအဖြဲ႕ရဲ႕ စစ္ေဆးေပၚေပါက္ခ်က္ေပၚ မူတည္ၿပီး ႏိုင္ငံ့ဝန္ထမ္းဥပေဒ၊ နည္းဥပေဒေတြ၊ ေကာ္မရွင္က်င့္ဝတ္တို႔နဲ႔အညီ ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013