DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်ပြည်သူများအတွက် အထက်မြန်မာပြည် ပန်းချီဆရာများ ပန်းချီဆွဲလှူဒါန်း
DVB
·
August 24, 2019
ရေဘေးသင့်ပြည်သူများအတွက် အထက်မြန်မာပြည် ပန်းချီဆရာများ ပန်းချီဆွဲလှူဒါန်း
1 / 5
Donate to DVB

မြန်မာနိုင်ငံအတွင်းက ရေဘေးသင့်နေတဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အထက်မြန်မာပြည်မှာရှိတဲ့ ပန်းချီဆရာတွေ ပူပေါင်းပြီး လက်တွေ့ ပန်းချီရေးဆွဲလှူဒါန်းပွဲကို မန္တ​လေးမြို့၊ ကျုံးတောင်ဘက် ၂၆-ဘီ လမ်းဘေးမှာ ပြုလုပ်နေပါတယ်။

ဒီပွဲကို ဩဂုတ် ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေတွေကို ရေဘေးကြောင့် ပြန်လည်ထူထောင်ဖို့ ခက်ခဲတဲ့ ဒေသတွေထံ ရွေးချယ် လှူဒါန်းမယ်လို့ သိရပါတယ်။

ပန်းချီကားတွေ ရေးဆွဲပေးရာမှာလည်း အနည်းဆုံး ငါးထောင်ကျပ် ပေးလှူပါက ပုံတူပန်းချီဖြစ်စေ၊ နှစ်သက်ရာ ပန်းချီကားချပ်ကို ဖြစ်စေ ရရှိမယ်လို့ သိရပါတယ်။

ပန်းချီပြပွဲမှာ ပါဝင်ရေးဆွဲပေးနေတဲ့ ပန်းချီဆရာ ကိုမိုးမြင့်ထွန်းက ''သတ်မှတ်ကြေးရယ်လို့ မရှိဘူး၊ အနည်းဆုံး ငါးထောင်လှူတာနဲ့ ကျနော်တို့က ပန်းချီကားတကားပေါ့နော်၊ ဘယ်ဆရာ့ကားမဆိုလေ၊ သူတို့ စိတ်ကြိုက်ရွေးချယ်ခွင့်လည်း ရှိတယ်၊ ကျနော်တို့ အဲဒါကို စီစဉ်ဆောင်ရွက်ပေးပါတယ” လို့ ပြောပါတယ်။

အထက်မြန်မာပြည်က ပန်းချီဆရာတွေ ပူးပေါင်းပြီး နှစ်စဉ် ဒီအချိန်မှာ လက်တွေ့ ပန်းချီရေးဆွဲပွဲတွေ ပြုလုပ်ပြီး ရရှိလာတဲ့ အလှူငွေတွေကို ရေဘေးကူညီမှု လေးကြိမ်နဲ့ ကထိန်အလှူ တကြိမ် ပြုလုပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသတွေ အများအပြား ရှိနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ပန်းချီဆရာတွေက တိုက်တွန်းထားပါတယ်။

"ကျနော်တို့လည်း ပန်းချီနဲ့ရှာလို့၊ ပန်းချီ ကာတွန်းပေါ့လေ၊ ရန်ပုံငွေတွေ အဲဒါမျိုးတွေ၊ NGO တွေ ဝိုင်းရှာပြီးတော့ ပြည်သူတွေ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်။ အလှူရှင်တွေလည်း များများလှူဒါန်းနိုင်အောင် နည်းများမဆို ပါဝင်လှူဒါန်းကြရင် ဒုက္ခ ရောက်နေတဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီရာလည်း ရောက်တာပေါ့” လို့ ပန်းချီဆရာ ကိုမိုးမြင့်ထွန်းက ပြောပါတယ်။

ဒီပွဲမှာ မန္တ​လေး၊ ပြင်ဦးလွင်၊ ပုဂံ၊ မုံရွာနဲ့ စစ်ကိုင်းအပါအဝင် မန္တလေး ပန်းချီပန်းပုကျောင်းက ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ အထက်မြန်မာပြည်က ပန်းချီဆရာ ၇၀ နီပါး လာရောက်ရေးဆွဲပေးကြမယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာႏိုင္ငံအတြင္းက ေရေဘးသင့္ေနတဲ့ ျပည္သူေတြကို ကူညီဖို႔အတြက္ အထက္ျမန္မာျပည္မွာရွိတဲ့ ပန္းခ်ီဆရာေတြ ပူေပါင္းၿပီး လက္ေတြ႕ ပန္းခ်ီေရးဆြဲလႉဒါန္းပြဲကို မႏၲ​ေလးၿမိဳ႕၊ က်ဳံးေတာင္ဘက္ ၂၆-ဘီ လမ္းေဘးမွာ ျပဳလုပ္ေနပါတယ္။

ဒီပြဲကို ဩဂုတ္ ၂၄ ရက္ေန႔ကေန ၂၆ ရက္ေန႔အထိ ျပဳလုပ္မွာျဖစ္ၿပီး ရရွိလာတဲ့ အလႉေငြေတြကို ေရေဘးေၾကာင့္ ျပန္လည္ထူေထာင္ဖို႔ ခက္ခဲတဲ့ ေဒသေတြထံ ေ႐ြးခ်ယ္ လႉဒါန္းမယ္လို႔ သိရပါတယ္။

ပန္းခ်ီကားေတြ ေရးဆြဲေပးရာမွာလည္း အနည္းဆုံး ငါးေထာင္က်ပ္ ေပးလႉပါက ပုံတူပန္းခ်ီျဖစ္ေစ၊ ႏွစ္သက္ရာ ပန္းခ်ီကားခ်ပ္ကို ျဖစ္ေစ ရရွိမယ္လို႔ သိရပါတယ္။

ပန္းခ်ီျပပြဲမွာ ပါဝင္ေရးဆြဲေပးေနတဲ့ ပန္းခ်ီဆရာ ကိုမိုးျမင့္ထြန္းက ''သတ္မွတ္ေၾကးရယ္လို႔ မရွိဘူး၊ အနည္းဆုံး ငါးေထာင္လႉတာနဲ႔ က်ေနာ္တို႔က ပန္းခ်ီကားတကားေပါ့ေနာ္၊ ဘယ္ဆရာ့ကားမဆိုေလ၊ သူတို႔ စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္လည္း ရွိတယ္၊ က်ေနာ္တို႔ အဲဒါကို စီစဥ္ေဆာင္႐ြက္ေပးပါတယ” လို႔ ေျပာပါတယ္။

အထက္ျမန္မာျပည္က ပန္းခ်ီဆရာေတြ ပူးေပါင္းၿပီး ႏွစ္စဥ္ ဒီအခ်ိန္မွာ လက္ေတြ႕ ပန္းခ်ီေရးဆြဲပြဲေတြ ျပဳလုပ္ၿပီး ရရွိလာတဲ့ အလႉေငြေတြကို ေရေဘးကူညီမႈ ေလးႀကိမ္နဲ႔ ကထိန္အလႉ တႀကိမ္ ျပဳလုပ္ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံအတြင္း ေရေဘးသင့္ေဒသေတြ အမ်ားအျပား ရွိေနတဲ့အတြက္ ျပည္သူလူထုအေနနဲ႔ ဝိုင္းဝန္းကူညီၾကဖို႔ကိုလည္း ပန္းခ်ီဆရာေတြက တိုက္တြန္းထားပါတယ္။

"က်ေနာ္တို႔လည္း ပန္းခ်ီနဲ႔ရွာလို႔၊ ပန္းခ်ီ ကာတြန္းေပါ့ေလ၊ ရန္ပုံေငြေတြ အဲဒါမ်ိဳးေတြ၊ NGO ေတြ ဝိုင္းရွာၿပီးေတာ့ ျပည္သူေတြ အားလုံး ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ေပးပါလို႔ ေျပာခ်င္ပါတယ္။ အလႉရွင္ေတြလည္း မ်ားမ်ားလႉဒါန္းႏိုင္ေအာင္ နည္းမ်ားမဆို ပါဝင္လႉဒါန္းၾကရင္ ဒုကၡ ေရာက္ေနတဲ့ ေရေဘးသင့္ျပည္သူေတြကို ကူညီရာလည္း ေရာက္တာေပါ့” လို႔ ပန္းခ်ီဆရာ ကိုမိုးျမင့္ထြန္းက ေျပာပါတယ္။

ဒီပြဲမွာ မႏၲ​ေလး၊ ျပင္ဦးလြင္၊ ပုဂံ၊ မုံ႐ြာနဲ႔ စစ္ကိုင္းအပါအဝင္ မႏၲေလး ပန္းခ်ီပန္းပုေက်ာင္းက ဆရာဆရာမေတြ၊ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ အထက္ျမန္မာျပည္က ပန္းခ်ီဆရာ ၇၀ နီပါး လာေရာက္ေရးဆြဲေပးၾကမယ္လို႔ သိရပါတယ္။

ထိန္ထိန္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013