DVB Logo
Home
မြန်မာသတင်း
စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းမှု ကြိုဆိုကြောင်း စီးပွားကူးသန်းဝန်ကြီးပြော
DVB
·
August 24, 2019
စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းမှု ကြိုဆိုကြောင်း စီးပွားကူးသန်းဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတာကို ကြိုဆိုတယ်လို့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းကို သြဂုတ် ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ အသင်းကို နာယကအဖြစ် ဇေကမ္ဘာဦးခင်ရွှေက တာဝန်ယူပြီး တော်ဝင်ဦးကိုကိုထွေး၊ ရွှေသံလွင်ကျော်ဝင်းတို့က ဦးဆောင်ထားပါတယ်။

စီးပွားရေးသမားတွေရဲ့ အခက်အခဲတွေကို စုစည်းပြီး အစိုးရကို တင်ပြဖို့ ရည်ရွယ်ဖွဲ့စည်းတယ်လို့ အသင်းနာယက ဇေကမ္ဘာဦးခင်ရွှေက ပြောပါတယ်။

အခြားသော စီးပွားရေးဆိုင်ရာအသင်းအဖွဲ့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI ရှိနေပေမယ့် အသင်းထပ်မံ ဖွဲ့စည်းတည်ထောင်လာတာကို ကြိုဆိုတယ်လို့ သြဂုတ် ၂၂ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတော်ဒုတိယသမ္မတ (၁) နဲ့ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲမှာ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုပါတယ်။

“လုပ်ငန်းရှင်ကြီးများ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတာကို ကြိုဆိုပါတယ်။ စက်မှုကုန်သည်များအသင်းနဲ့ ညီနောင်အသင်းတွေ ရှိသလို ထွက်ပေါ်လာတဲ့ အသင်းဟာလည်း UMFCCI လိုမျိုးသော်လည်းကောင်း၊ ဒေသဆိုင်ရာ အသင်းများနဲ့သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုပါတယ်။ ဒါမှသာ ကျနော်တို့ ရည်မှန်းထားတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်တတ်မှာ ဖြစ်ပါတယ်။”

စက်တင်ဘာလအကုန် အောက်တိုဘာလအတွင်းမှာ ဗဟိုဘဏ်ရဲ့ ချေးငွေတွေအပေါ် ကန့်သတ်ချက် စည်းမျဉ်းတွေ အသက်ဝင်တော့မှာ ဖြစ်တာကြောင့် ပြန်မဆပ်နိုင်တဲ့ လုပ်ငန်းတွေကို ဘဏ်တွေက သိမ်းယူရမှာပါ။ ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ အပါအဝင် ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း စတဲ့ စီးပွားရေးသမား အများစုမှာ အခက်အခဲတွေ ဖြစ်လာနေတယ်လို့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း ဦးဆောင်သူတွေက ဆိုပါတယ်။

UMFCCI နဲ့ စင်ပြိုင်သဘောမျိုး အတိုက်အခံဖွဲ့စည်းတာ မဟုတ်ဘဲ ကိုယ့်ရဲ အခက်အခဲတွေကိုပဲ အစိုးရကို တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက အကြီးဆုံးပုဂ္ဂလိကဘဏ်ကြီး အပါအဝင် ဘဏ်တွေဟာ စာရင်းပိုချေးငွေ (Overdraft) နဲ့ ငွေကြေးအများအပြား လုပ်ငန်းရှင်တွေကို ပေးအပ်ထားပါတယ်။ ဆောက်လုပ်ရေး အပါအဝင် လုပ်ငန်းအများစုဟာ စာရင်းပိုချေးငွေနဲ့ ငွေချေးယူထားပြီး ကာလ သတ်မှတ်ချက်အရ ငွေပြန်ဆပ်ချိန်ရောက်တဲ့အခါမှာ မဆပ်နိုင်တာကြောင့် လုပ်ငန်းတွေကို ဘဏ်တွေက သိမ်းရမယ့် အခြေအနေ ရောက်ရှိနေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းမႈ ႀကိဳဆိုေၾကာင္း စီးပြားကူးသန္းဝန္ႀကီးေျပာ

ျမန္မာႏိုင္ငံ စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းတာကို ႀကိဳဆိုတယ္လို႔ စီးပြားကူးသန္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာပါတယ္။

ျမန္မာႏိုင္ငံ စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းကို ၾသဂုတ္ ၂၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ စတင္ဖြဲ႕စည္းခဲ့တာပါ။ အသင္းကို နာယကအျဖစ္ ေဇကမာၻဦးခင္ေ႐ႊက တာဝန္ယူၿပီး ေတာ္ဝင္ဦးကိုကိုေထြး၊ ေ႐ႊသံလြင္ေက်ာ္ဝင္းတို႔က ဦးေဆာင္ထားပါတယ္။

စီးပြားေရးသမားေတြရဲ႕ အခက္အခဲေတြကို စုစည္းၿပီး အစိုးရကို တင္ျပဖို႔ ရည္႐ြယ္ဖြဲ႕စည္းတယ္လို႔ အသင္းနာယက ေဇကမာၻဦးခင္ေ႐ႊက ေျပာပါတယ္။

အျခားေသာ စီးပြားေရးဆိုင္ရာအသင္းအဖြဲ႕ ကုန္သည္စက္မႈအသင္းခ်ဳပ္ UMFCCI ရွိေနေပမယ့္ အသင္းထပ္မံ ဖြဲ႕စည္းတည္ေထာင္လာတာကို ႀကိဳဆိုတယ္လို႔ ၾသဂုတ္ ၂၂ ရက္ေန႔က ျပဳလုပ္တဲ့ ႏိုင္ငံေတာ္ဒုတိယသမၼတ (၁) နဲ႔ လုပ္ငန္းရွင္မ်ား ပုံမွန္ေတြ႕ဆုံပြဲမွာ စီးပြားကူးသန္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ဆိုပါတယ္။

“လုပ္ငန္းရွင္ႀကီးမ်ား စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းတာကို ႀကိဳဆိုပါတယ္။ စက္မႈကုန္သည္မ်ားအသင္းနဲ႔ ညီေနာင္အသင္းေတြ ရွိသလို ထြက္ေပၚလာတဲ့ အသင္းဟာလည္း UMFCCI လိုမ်ိဳးေသာ္လည္းေကာင္း၊ ေဒသဆိုင္ရာ အသင္းမ်ားနဲ႔ေသာ္လည္းေကာင္း ပူးေပါင္းေဆာင္႐ြက္ဖို႔ေတာ့ လိုပါတယ္။ ဒါမွသာ က်ေနာ္တို႔ ရည္မွန္းထားတဲ့ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းေတြနဲ႔အညီ လုပ္ကိုင္ေဆာင္႐ြက္တတ္မွာ ျဖစ္ပါတယ္။”

စက္တင္ဘာလအကုန္ ေအာက္တိုဘာလအတြင္းမွာ ဗဟိုဘဏ္ရဲ႕ ေခ်းေငြေတြအေပၚ ကန႔္သတ္ခ်က္ စည္းမ်ဥ္းေတြ အသက္ဝင္ေတာ့မွာ ျဖစ္တာေၾကာင့္ ျပန္မဆပ္ႏိုင္တဲ့ လုပ္ငန္းေတြကို ဘဏ္ေတြက သိမ္းယူရမွာပါ။ ဒါေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းေတြ အပါအဝင္ ခရီးသြားလုပ္ငန္း၊ ဟိုတယ္လုပ္ငန္း စတဲ့ စီးပြားေရးသမား အမ်ားစုမွာ အခက္အခဲေတြ ျဖစ္လာေနတယ္လို႔ ျမန္မာႏိုင္ငံစီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း ဦးေဆာင္သူေတြက ဆိုပါတယ္။

UMFCCI နဲ႔ စင္ၿပိဳင္သေဘာမ်ိဳး အတိုက္အခံဖြဲ႕စည္းတာ မဟုတ္ဘဲ ကိုယ့္ရဲ အခက္အခဲေတြကိုပဲ အစိုးရကို တင္ျပသြားမယ္လို႔လည္း ဆိုပါတယ္။

ျမန္မာႏိုင္ငံက အႀကီးဆုံးပုဂၢလိကဘဏ္ႀကီး အပါအဝင္ ဘဏ္ေတြဟာ စာရင္းပိုေခ်းေငြ (Overdraft) နဲ႔ ေငြေၾကးအမ်ားအျပား လုပ္ငန္းရွင္ေတြကို ေပးအပ္ထားပါတယ္။ ေဆာက္လုပ္ေရး အပါအဝင္ လုပ္ငန္းအမ်ားစုဟာ စာရင္းပိုေခ်းေငြနဲ႔ ေငြေခ်းယူထားၿပီး ကာလ သတ္မွတ္ခ်က္အရ ေငြျပန္ဆပ္ခ်ိန္ေရာက္တဲ့အခါမွာ မဆပ္ႏိုင္တာေၾကာင့္ လုပ္ငန္းေတြကို ဘဏ္ေတြက သိမ္းရမယ့္ အေျခအေန ေရာက္ရွိေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013