DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ်ထဲ ကျည်သင့်ခဲ့သူကို ရန်ကုန်ဆေးရုံသို့ ရွှေ့ပြောင်းကုသ
DVB
·
August 24, 2019
ရသေ့တောင်မြို့နယ်ထဲ ကျည်သင့်ခဲ့သူကို ရန်ကုန်ဆေးရုံသို့ ရွှေ့ပြောင်းကုသ
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာက မခင်ဝင်းရွှေရဲ့ ကျည်သင့်ဒဏ်ရာဟာ အရေးပေါ်ကုသဖို့ လိုအပ်တာကြောင့် စစ်တွေဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းမှာ လေယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။ 

ကျည်ထိမှန်သူ အသက် ၂၅ နှစ်အရွယ်  မခင်ဝင်းရွှေကို အရေးပေါ် အခြေအနေကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့  စစ်တွေဆေးရုံကြီးကနေတဆင့် ရန်ကုန် ဆေးရုံကြီးကို ခေါ်ယူသွားတာလို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။ 

"ဆရာဝန်​က​တော့ ရန်​ကုန်​ကိုလွှတ်​​ပါတယ်​။ ရန်​ကုန်​မှာ ခွဲစိတ်​ဖို့ လိုမယ်​လို့ ပြောပါတယ်​။ ကျည်​က ​ကျောနံရိုးကြားမှာ ညှပ်​​နေတာ၊ အခန့်​မသင့်ရင် အာရုံ​ကြော​တွေထိနိုင်​တယ်​လို့ပြောပါတယ်။"

သြဂုတ်လ ၂၃ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ ကျေးရွာအနီး မိုင်းပေါက်ကွဲပြီးနောက် တပ်မတော်က ရွာထဲ ဝင်ပစ်ခတ်ခဲ့ချိန် ထိမှန်ခဲ့တာလို့ အဒေါ်ဖြစ်သူ ဒေါ်ပြားမချေက ပြောပါတယ်။ 

"မိုင်းပေါက်တာက ကားလမ်းမှာပေါက်တာပါ မိုင်းပေါက်ပြီး စစ်သားတွေက ကားလမ်းမ​ပေါ်က​နေ ရွာထဲကို လှမ်းပစ်​တယ်၊​ ရွာက​အိမ်တွေမှာလည်း ထိမှန်​ပါတယ်​၊ ရွာသား​တွေလည်း ပုန်းနေကြရတယ်​၊ ပုန်းပြေးသူက​ပြေး​ပေါ့၊ ကျမတို့လည်း စေတီပျက်​နား ပုန်းနေရာမှ ​ရေကန်​​​ပေါင်​နား ဝပ်​ပုန်းဖို့ ​ပြင်​ဆင်​စဉ်​မှာ ကျည်​ထိမှန်​ခဲ့ရတာပါ" လို့​ပြောပါတယ်​။

မိုင်းပေါက်ကွဲမှု ပစ်ခတ်မူတွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ 

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထိ ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံး ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆ ဦး ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရေသ့ေတာင္ၿမိဳ႕နယ္ထဲ က်ည္သင့္ခဲ့သူကို ရန္ကုန္ေဆး႐ုံသို႔ ေ႐ႊ႕ေျပာင္းကုသ

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ထြန္းရေဝေက်း႐ြာက မခင်ဝင္းေ႐ႊရဲ့ က်ည္သင့္ဒဏ္ရာဟာ အေရးေပၚကုသဖို႔ လိုအပ္တာေၾကာင့္ စစ္ေတြေဆး႐ုံကေန ရန္ကုန္ေဆး႐ုံႀကီးကို ၾသဂုတ္ ၂၄ ရက္ေန႔ ညေနပိုင္းမွာ ေလယာဥ္နဲ႔ ပို႔ေဆာင္ခဲ့ပါတယ္။

က်ည္ထိမွန္သူ အသက္ ၂၅ ႏွစ္အ႐ြယ္  မခင္ဝင္းေ႐ႊကို အေရးေပၚ အေျခအေနေၾကာင့္ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔  စစ္ေတြေဆး႐ုံႀကီးကေနတဆင့္ ရန္ကုန္ ေဆး႐ုံႀကီးကို ေခၚယူသြားတာလို႔ ခင္ပြန္းျဖစ္သူက ေျပာပါတယ္။

"ဆရာဝန္​က​ေတာ့ ရန္​ကုန္​ကိုလႊတ္​​ပါတယ္​။ ရန္​ကုန္​မွာ ခြဲစိတ္​ဖို႔ လိုမယ္​လို႔ ေျပာပါတယ္​။ က်ည္​က ​ေက်ာနံ႐ိုးၾကားမွာ ညႇပ္​​ေနတာ၊ အခန႔္​မသင္​့ရင္ အာ႐ုံ​ေၾကာ​ေတြထိႏိုင္​တယ္​လို႔ေျပာပါတယ္။"

ၾသဂုတ္လ ၂၃ ရက္ေန႔ မနက္ ၇ နာရီေလာက္မွာ ရေသ့ေတာင္ၿမိဳ႕နယ္၊ ထြန္းရေဝ ေက်း႐ြာအနီး မိုင္းေပါက္ကြဲၿပီးေနာက္ တပ္မေတာ္က ႐ြာထဲ ဝင္ပစ္ခတ္ခဲ့ခ်ိန္ ထိမွန္ခဲ့တာလို႔ အေဒၚျဖစ္သူ ေဒၚျပားမေခ်က ေျပာပါတယ္။

"မိုင္းေပါက္တာက ကားလမ္းမွာေပါက္တာပါ မိုင္းေပါက္ၿပီး စစ္သားေတြက ကားလမ္းမ​ေပၚက​ေန ႐ြာထဲကိုလွမ္းပစ္​တယ္၊​ ႐ြာက​အိမ္ေတြမွာလည္း ထိမွန္​ပါတယ္​၊ ႐ြာသား​ေတြလည္း ပုန္းေနၾကရတယ္​၊ ပုန္းေျပးသူက​ေျပး​ေပါ့၊ က်မတို႔လည္း ေစတီပ်က္​နား ပုန္းေနရာမွ ​ေရကန္​​​ေပါင္​နား ဝပ္​ပုန္းဖို႔ ​ျပင္​ဆင္​စဥ္​မွာ က်ည္​ထိမွန္​ခဲ့ရတာပါ" လို႔​ေျပာပါတယ္​။

မိုင္းေပါက္ကြဲမႈ ပစ္ခတ္မူေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကေန ဒီႏွစ္ ဇူလိုင္လ ၂၅ ရက္ေန႔ထိ ရခိုင္ျပည္နယ္ တိုက္ပြဲေတြအတြင္း အရပ္သား ေသဆုံး ၆၂ ဦးနဲ႔ ဒဏ္ရာရသူ ၁၅၆ ဦး ရွိတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC ရဲ႕ ေကာက္ယူထားတဲ့ စာရင္းမွာ ေဖာ္ျပထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013