DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်း နေမျိုးဇင်အမှု တရားလိုပြသက်သေ ၂ ယောက်ကို စစ်ဆေး
DVB
·
August 24, 2019
ဗိုလ်ကြီးဟောင်း နေမျိုးဇင်အမှု တရားလိုပြသက်သေ ၂ ယောက်ကို စစ်ဆေး
Donate to DVB

တပ်မတော် အကြည်အညိုပျက်စေမှုနဲ့ တရားစွဲခံထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် အမှုကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံးမှာ သြဂုတ်လ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေ ၂ ယောက်ကို စစ်ဆေးခဲ့ပါတယ်။

အမှုနဲ့ပတ်သက်ပြီး သြဂုတ် ၃၀ ရက်နေ့ စွဲချက်တင်မယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က တရားရုံးက ပြန်အထွက်မှာ ပြောကြားခဲ့ပါတယ်။ 

"ကျနော့် ပြောဆိုချက်တွေမှာ တပ်မတော်ကို ထိခိုက်စေတယ်၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှာ ပါတဲ့ ကိုယ်ကျင့်တရား အရေးကြီးတယ်၊ အကျင့်စာရိတ္တ ကောင်းမွန်ဖို့ လိုတယ်၊ တိုင်းပြည်တာဝန် ထမ်းဆောင်ချိန်မှာ ကိုယ်ကျိုးစွန့်ရမယ်၊ အနစ်နာခံရမယ်၊ ကိုယ်ကျိုးစီးပွားရှာ အမြတ်မထုတ်ရဘူး ဆိုတဲ့ ပြောဆိုချက်တွေဟာ တပ်မတော်ကို စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်စေတယ်တဲ့၊ ထွက်ဆိုတဲ့ အထက်အရာရှိတွေရဲ့ သုံးသပ်ချက်တွေအတွက် အင်မတန် ဝမ်းနည်းရပါတယ်။ လျှောက်လဲချက်မှာတော့ ကျနော့်အနေနဲ့ မှန်ကန်စွာ၊ ပြတ်သားပွင့်လင်းစွာ လျှောက်လဲသွားမှာပါ။ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ပြီလား၊ ပြည်သူအစိုးရလက်အောက်မှာ ပြည်သူ့အရေး ရှေးရှုပြီလားဆိုတာကိုတော့ အမိန့်ချတဲ့အချိန်မှာ စောင့်ကြည့်ရမယ်။"

အဖျောက်မြို့မှာ ဧပြီ ၁ ရက်နေ့ ပြုလုပ်တဲ့ အခြေခံဥပဒပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ကိုနေမျိူးဇင်၊ ကိုနေရဲ(ခ)ကိုနန္နအောင်တို့က ဟောပြောခဲ့တာဖြစ်ပြီး ကိုနေမျိူးဇင် ဟောပြောချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုကာ တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဒုဗိုလ်မှူးကြီးတိုးလင်းက တိုက်ကြီးမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅ က/ခ နဲ့ တရားစွဲဆိုခဲ့တာပါ။

မေသွယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္အမႈ တရားလိုျပသက္ေသ ၂ ေယာက္ကို စစ္ေဆး

တပ္မေတာ္ အၾကည္အညိဳပ်က္ေစမႈနဲ႔ တရားစြဲခံထားတဲ့ ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ အမႈကို ရန္ကုန္တိုင္း တိုက္ႀကီးၿမိဳ႕နယ္တရား႐ုံးမွာ ၾသဂုတ္လ ၂၃ ရက္ေန႔က ႐ုံးထုတ္ခဲ့ၿပီး တရားလိုျပ သက္ေသ ၂ ေယာက္ကို စစ္ေဆးခဲ့ပါတယ္။

အမႈနဲ႔ပတ္သက္ၿပီး ၾသဂုတ္ ၃၀ ရက္ေန႔ စြဲခ်က္တင္မယ္လို႔ ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္က တရား႐ုံးက ျပန္အထြက္မွာ ေျပာၾကားခဲ့ပါတယ္။

"က်ေနာ့္ ေျပာဆိုခ်က္ေတြမွာ တပ္မေတာ္ကို ထိခိုက္ေစတယ္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း မိန႔္ခြန္းမွာ ပါတဲ့ ကိုယ္က်င့္တရား အေရးႀကီးတယ္၊ အက်င့္စာရိတၱ ေကာင္းမြန္ဖို႔ လိုတယ္၊ တိုင္းျပည္တာဝန္ ထမ္းေဆာင္ခ်ိန္မွာ ကိုယ္က်ိဳးစြန႔္ရမယ္၊ အနစ္နာခံရမယ္၊ ကိုယ္က်ိဳးစီးပြားရွာ အျမတ္မထုတ္ရဘူး ဆိုတဲ့ ေျပာဆိုခ်က္ေတြဟာ တပ္မေတာ္ကို စိတ္ဝမ္းကြဲျပားမႈေတြ ျဖစ္ေစတယ္တဲ့၊ ထြက္ဆိုတဲ့ အထက္အရာရွိေတြရဲ႕ သုံးသပ္ခ်က္ေတြအတြက္ အင္မတန္ ဝမ္းနည္းရပါတယ္။ ေလွ်ာက္လဲခ်က္မွာေတာ့ က်ေနာ့္အေနနဲ႔ မွန္ကန္စြာ၊ ျပတ္သားပြင့္လင္းစြာ ေလွ်ာက္လဲသြားမွာပါ။ တရားစီရင္ေရးမ႑ိဳင္ တည့္မတ္ၿပီလား၊ ျပည္သူအစိုးရလက္ေအာက္မွာ ျပည္သူ႔အေရး ေရွးရႈၿပီလားဆိုတာကိုေတာ့ အမိန္႔ခ်တဲ့အခ်ိန္မွာ ေစာင့္ၾကည့္ရမယ္။"

အေဖ်ာက္ၿမိဳ႕မွာ ဧၿပီ ၁ ရက္ေန႔ ျပဳလုပ္တဲ့ အေျခခံဥပဒျပင္ဆင္ေရး လူထုေထာက္ခံပြဲမွာ စာေရးဆရာထင္လင္းဦး၊ ကိုေနမ်ိဴးဇင္၊ ကိုေနရဲ(ခ)ကိုနႏၷေအာင္တို႔က ေဟာေျပာခဲ့တာျဖစ္ၿပီး ကိုေနမ်ိဴးဇင္ ေဟာေျပာခ်က္ေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစတယ္ဆိုကာ တိုက္ႀကီးၿမိဳ႕ အမွတ္(၁) တပ္မေတာ္ တန္းျမင့္ေလ့က်င့္ေရးေက်ာင္းက ဒုဗိုလ္မႉးႀကီးတိုးလင္းက တိုက္ႀကီးၿမိဳ႕နယ္ တရား႐ုံးမွာ ပုဒ္မ ၅၀၅ က/ခ နဲ႔ တရားစြဲဆိုခဲ့တာပါ။

ေမသြယ္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013