DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ စံပြရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်နေဟု ကော်မရှင် ဥက္ကဋ္ဌပြော 
DVB
·
August 23, 2019
၂၀၂၀ ရွေးကောက်ပွဲ စံပြရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်နေဟု ကော်မရှင် ဥက္ကဋ္ဌပြော 
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲဟာ ဟန်ပြရွေးကောက်ပွဲမဟုတ်ဘဲ သမာသမတ်ကျပြီး စံပြရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

သြဂုတ် ၂၃ ရက်က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကျင်းပတဲ့ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာပါ။

အစည်းအဝေးတက်ရောက်ဖို့  နိုင်ငံရေးပါတီ ၈၈ ပါတီကို ဖိတ်ကြားခဲ့ပေမယ့် ၈၄ ပါတီ တက်ရောက်ခဲ့ပြီး ၂၀၁၀နဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွေတုန်းက ဘယ်လို ဘယ်ပုံဖြစ်တယ် ဆိုတာတွေကို နောက်ကြောင်းပြန်မနေပဲ ၂၀၂၀ အတွက် ဘယ်လိုအကောင်းဖြစ်အောင် ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတာကို ဆွေးနွေးအကြံပြုဖို့ကိုလည်း ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်း  ပြောဆိုခဲ့ပါတယ်။

အခုလို ဆွေးနွေးချက်တွေဟာ လာမယ့် ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပနိုင်ပြီး အများကလက်ခံတဲ့ ရွေးကောက်ပွဲပေါ်ပေါက်ဖို့နဲ့ နိုင်ငံတကာက စောင့်ကြည့်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ခံယူရမှာဖြစ်တယ်လို့ ကော်မရှင်အကြီးအကဲက ပြောသွားပါတယ်။

အခု ပြုလုပ်တဲ့ အစည်းအဝေးဟာ ရွေးကောက်ပွဲအတွက် ပွင့်လင်းမြင်သာမှုနဲ့ အတူ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် တွေ့ဆုံတာဖြစ်ပြီး အစည်းအဝေးမှာ ကော်မရှင် ဥက္ကဋ္ဌရဲ့ မိန့်ခွန်းအဖွင့် အမှာ စကားကိုတောင် အပြီးထိ သတင်းမီဒီယာတွေအနေနဲ့ သတင်းရယူခွင့် မရရှိခဲ့ပါဘူး။ 

သတင်း- အောင်ကိုကိုလတ်




၂၀၂၀ ေ႐ြးေကာက္ပြဲ စံျပေ႐ြးေကာက္ပြဲျဖစ္ေအာင္ေဆာင္႐ြက္ေနဟု ေကာ္မရွင္ ဥကၠ႒ေျပာ
ေအာင္ကိုကိုလတ္

၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ဟန္ျပေ႐ြးေကာက္ပြဲမဟုတ္ဘဲ သမာသမတ္က်ၿပီး စံျပေ႐ြးေကာက္ပြဲျဖစ္ေအာင္ေဆာင္႐ြက္ေနတယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက ေျပာပါတယ္။

ၾသဂုတ္ ၂၃ ရက္က ေနျပည္ေတာ္မွာရွိတဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ က်င္းပတဲ့ ၂၀၂၀ ျပည္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ ညႇိႏႈိင္းအစည္းအေဝးမွာ အခုလို ေျပာဆိုခဲ့တာပါ။

အစည္းအေဝးတက္ေရာက္ဖို႔ ႏိုင္ငံေရးပါတီ ၈၈ ပါတီကို ဖိတ္ၾကားခဲ့ေပမယ့္ ၈၄ ပါတီ တက္ေရာက္ခဲ့ၿပီး ၂၀၁၀နဲ႔ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲေတြတုန္းက ဘယ္လို ဘယ္ပုံျဖစ္တယ္ ဆိုတာေတြကို ေနာက္ေၾကာင္းျပန္မေနပဲ ၂၀၂၀ အတြက္ ဘယ္လိုအေကာင္းျဖစ္ေအာင္ ဘယ္လို ေဆာင္႐ြက္ၾကမယ္ဆိုတာကို ေဆြးေႏြးအႀကံျပဳဖို႔ကိုလည္း ေကာ္မရွင္ ဥကၠ႒က တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

အခုလို ေဆြးေႏြးခ်က္ေတြဟာ လာမယ့္ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္ေအာင္က်င္းပႏိုင္ၿပီး အမ်ားကလက္ခံတဲ့ ေ႐ြးေကာက္ပြဲေပၚေပါက္ဖို႔နဲ႔ ႏိုင္ငံတကာက ေစာင့္ၾကည့္အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ေတြကိုလည္း ခံယူရမွာျဖစ္တယ္လို႔ ေကာ္မရွင္အႀကီးအကဲက ေျပာသြားပါတယ္။

အခု ျပဳလုပ္တဲ့ အစည္းအေဝးဟာ ေ႐ြးေကာက္ပြဲအတြက္ ပြင့္လင္းျမင္သာမႈနဲ႔ အတူ တရားမွ်တမႈရွိတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေစဖို႔အတြက္ ေတြ႕ဆုံတာျဖစ္ၿပီး အစည္းအေဝးမွာ ေကာ္မရွင္ ဥကၠ႒ရဲ႕ မိန႔္ခြန္းအဖြင့္ အမွာ စကားကိုေတာင္ အၿပီးထိ သတင္းမီဒီယာေတြအေနနဲ႔ သတင္းရယူခြင့္ မရရွိခဲ့ပါဘူး။
သတင္း- ေအာင္ကိုကိုလတ္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013