DVB Logo
Home
မြန်မာသတင်း
ပုသိမ်ထီးနှင့် ဖိလစ်ပိုင်ဂေးမော်ဒယ် Sinon Loresca ၏ နာမည်ကျော် Catwalk(ရုပ်သံ) 
DVB
·
August 23, 2019
ပုသိမ်ထီးနှင့် ဖိလစ်ပိုင်ဂေးမော်ဒယ် Sinon Loresca ၏ နာမည်ကျော် Catwalk(ရုပ်သံ) 
Donate to DVB

ဖိလစ်ပိုင်နိုင်ငံသား နာမည်ကျော်ဂေးမော်ဒယ်တယောက်ဖြစ်တဲ့ Sinon Loresca ဟာ Miss Earth Myanmar 2019 အလှမယ်ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်သွားဖို့ မြန်မာနိုင်ငံ ကို ရောက်ရှိနေပါတယ်။

The King Of Catwalk လို့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထင်ရှား တဲ့ Sinon Loresca ဟာ သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ကို လေကြောင်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး မန္တလေးကို ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ အရွယ် ရှိနေပြီဖြစ်တဲ့ Sinon Loresca ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့ဇာတိဖြစ်ပြီး ကြံ့ခိုင်တဲ့ ကြွက်သားအမြှောင်းမြှောင်းနဲ့ ခန္ဓာကိုယ်နဲ့ ဒေါက်မြင့်ဖိနပ်ကို  ကျွမ်းကျွမ်းကျင်ကျင် စီးကာ အလှပြ Catwalk လျှောက်နိုင်သူအဖြစ် ထင်ရှားသူ ဖြစ်ပါ တယ်။

သူ့ကိုယ်သူလည်း ဂေးတယောက်အဖြစ် ခံယူထားပြီး မော်ဒယ်လောကမှာပါ ထူး ခြားတဲ့ Catwalk လျှောက်ဟန်နဲ့ အောင်မြင်လာခဲ့တာပါ။

ခုခရီးစဉ်မတိုင်ခင်ကတည်းက သူဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မြန်မာ နိုင်ငံကို လာရောက်မယ့် အကြောင်း၊ စိတ်လှုပ်ရှားနေတဲ့အကြောင်း တင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ တင်ထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြန်မာပြည်လမ်းမထက်မှာ အပေါ်ပိုင်း ဗလာကျင်းခန္ဓာကိုယ်၊ ပုသိမ်ထီးတလက်နဲ့အတူ အောက်မှာတော့ လိုက်ဖက်တဲ့ လိမ္မော်ရောင် အဆင်တစကို ဝတ်ဆင်ကာ Catwalk လျှောက်ပြနေခဲ့တာကို တွေ့ရပါတယ်။

လမ်းတဖက်က ကားတွေယာဉ်တွေ သွားလာနေကြပြီး တဖက်မှာတော့ အနီရောင်ရဲရဲ ဒေါက်ဖိနပ်အမြင့်ကြီး စီးထားပြီး ယုံကြည်မှုရှိရှိ၊ ဟန်ပါပါ Catwalk လျှောက်ပြ နေတဲ့ Sinon Loresca ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာတော့ ပရိသတ်တွေကြား အားပေးမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။




ပုသိမ္ထီးႏွင့္ ဖိလစ္ပိုင္ေဂးေမာ္ဒယ္ Sinon Loresca ၏ နာမည္ေက်ာ္ Catwalk(႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB
ဖိလစ္ပိုင္ႏိုင္ငံသား နာမည္ေက်ာ္ေဂးေမာ္ဒယ္တေယာက္ျဖစ္တဲ့ Sinon Loresca ဟာ Miss Earth Myanmar 2019 အလွမယ္ၿပိဳင္ပြဲမွာ ဒိုင္အျဖစ္ ပါဝင္သြားဖို႔ ျမန္မာႏိုင္ငံ ကို ေရာက္ရွိေနပါတယ္။

The King Of Catwalk လို႔ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ထင္ရွား တဲ့ Sinon Loresca ဟာ ၾသဂုတ္လ ၂၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ကို ေလေၾကာင္းနဲ႔ ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး မႏၲေလးကို ဆက္သြားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၁ အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ Sinon Loresca ဟာ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာ ၿမိဳ႕ဇာတိျဖစ္ၿပီး ႀကံ့ခိုင္တဲ့ ႂကြက္သားအေျမႇာင္းေျမႇာင္းနဲ႔ ခႏၶာကိုယ္နဲ႔ ေဒါက္ျမင့္ဖိနပ္ကို ကြၽမ္းကြၽမ္းက်င္က်င္ စီးကာ အလွျပ Catwalk ေလွ်ာက္ႏိုင္သူအျဖစ္ ထင္ရွားသူ ျဖစ္ပါ တယ္။

သူ႔ကိုယ္သူလည္း ေဂးတေယာက္အျဖစ္ ခံယူထားၿပီး ေမာ္ဒယ္ေလာကမွာပါ ထူး ျခားတဲ့ Catwalk ေလွ်ာက္ဟန္နဲ႔ ေအာင္ျမင္လာခဲ့တာပါ။

ခုခရီးစဥ္မတိုင္ခင္ကတည္းက သူဟာ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွတဆင့္ ျမန္မာ ႏိုင္ငံကို လာေရာက္မယ့္ အေၾကာင္း၊ စိတ္လႈပ္ရွားေနတဲ့အေၾကာင္း တင္ထားခဲ့တာ ျဖစ္ပါတယ္။
ဒီကေန႔ တင္ထားခဲ့တဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ျမန္မာျပည္လမ္းမထက္မွာ အေပၚပိုင္း ဗလာက်င္းခႏၶာကိုယ္၊ ပုသိမ္ထီးတလက္နဲ႔အတူ ေအာက္မွာေတာ့ လိုက္ဖက္တဲ့ လိေမၼာ္ေရာင္ အဆင္တစကို ဝတ္ဆင္ကာ Catwalk ေလွ်ာက္ျပေနခဲ့တာကို ေတြ႕ရပါတယ္။

လမ္းတဖက္က ကားေတြယာဥ္ေတြ သြားလာေနၾကၿပီး တဖက္မွာေတာ့ အနီေရာင္ရဲရဲ ေဒါက္ဖိနပ္အျမင့္ႀကီး စီးထားၿပီး ယုံၾကည္မႈရွိရွိ၊ ဟန္ပါပါ Catwalk ေလွ်ာက္ျပ ေနတဲ့ Sinon Loresca ရဲ႕ ႐ုပ္သံဗြီဒီယိုဖိုင္ဟာ အြန္လိုင္းေပၚမွာေတာ့ ပရိသတ္ေတြၾကား အားေပးမႈေတြ ရွိေနခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013