DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်မြို့နယ်၌ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဓာတ်လိုက်သေဆုံး
DVB
·
August 23, 2019
ကျောက်ဆည်မြို့နယ်၌ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဓာတ်လိုက်သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဝမ်းသောင်းကျေးရွာ၊ ကျောင်းကုန်းဘုရားဝင်း အတွင်းမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဓာတ်လိုက် သေဆုံးသွားပါတယ်။

 လူသေ သတင်းအရ မင်းစုရဲကင်းစခန်းမှူးနဲ့အဖွဲ့က သားရောက် စစ်ဆေးရာ ဦးဝင်းညွန့် (၅၄)နှစ်နဲ့ သူ့ရဲ့ဇနီး ဒေါ်ခင်မြ(၅၃)နှစ်တို့ ခန္ဓာကိုယ်ညိုမဲ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရလို့ အလောင်းတွေကို ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

 ဖြစ်စဉ်မှာ ကျေးရွာအတွင်းရှိ လမ်းဘေးဓာတ်တိုင်က ကျောင်းကုန်းဘုရားဝင်းအတွင်းသို့ သွယ်တန်းထားတဲ့ ဓာတ်ကြိုးပြတ်ကျလို့ ၎င်းတို့ပိုင် နွားမ တကောင် ဓာတ်လိုက်သေဆုံးနေတာကို  ၎င်းတို့ ၂ ဦးကကြိုးငြိပြီး လဲကျနေတယ် ထင်မှတ်ပြီး သွားရောက်ကိုင်ကြည့်ရာက ဓာတ်လိုက်သေဆုံးခဲ့တာလို့ ရဲက စုံစမ်းသိရပါတယ်။

ဦးဝင်းညွန့်ပါ ၂ ဦး သေဆုံးမှုကို မင်းစုရဲကင်းစခန်း သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၉)နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။




ေက်ာက္ဆည္ၿမိဳ႕နယ္၌ အမ်ိဳးသား ၁ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦး ဓာတ္လိုက္ေသဆုံး
DVB
မႏၲေလးတိုင္း၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ဝမ္းေသာင္းေက်း႐ြာ၊ ေက်ာင္းကုန္းဘုရားဝင္း အတြင္းမွာ အမ်ိဳးသား ၁ ဦးနဲ႔ အမ်ိဳးသမီး ၁ ဦး ဓာတ္လိုက္ ေသဆုံးသြားပါတယ္။

လူေသ သတင္းအရ မင္းစုရဲကင္းစခန္းမႉးနဲ႔အဖြဲ႕က သားေရာက္ စစ္ေဆးရာ ဦးဝင္းၫြန႔္ (၅၄)ႏွစ္နဲ႔ သူ႔ရဲ႕ဇနီး ေဒၚခင္ျမ(၅၃)ႏွစ္တို႔ ခႏၶာကိုယ္ညိဳမဲ ဒဏ္ရာေတြနဲ႔ ေသဆုံးေနတာကို ေတြ႕ရွိရလို႔ အေလာင္းေတြကို ေက်ာက္ဆည္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ေက်း႐ြာအတြင္းရွိ လမ္းေဘးဓာတ္တိုင္က ေက်ာင္းကုန္းဘုရားဝင္းအတြင္းသို႔ သြယ္တန္းထားတဲ့ ဓာတ္ႀကိဳးျပတ္က်လို႔ ၎တို႔ပိုင္ ႏြားမ တေကာင္ ဓာတ္လိုက္ေသဆုံးေနတာကို ၎တို႔ ၂ ဦးကႀကိဳးၿငိၿပီး လဲက်ေနတယ္ ထင္မွတ္ၿပီး သြားေရာက္ကိုင္ၾကည့္ရာက ဓာတ္လိုက္ေသဆုံးခဲ့တာလို႔ ရဲက စုံစမ္းသိရပါတယ္။

ဦးဝင္းၫြန႔္ပါ ၂ ဦး ေသဆုံးမႈကို မင္းစုရဲကင္းစခန္း ေသမႈေသခင္းအမွတ္စဥ္(၂/၂၀၁၉)နဲ႔ အမႈဖြင့္ စစ္ေဆးေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013