DVB Logo
Home
မြန်မာသတင်း
ဆွီဒင်လက်နက် မြန်မာလက်ထဲရောက်သွားမှု ရှင်းလင်းဖို့ အိန္ဒိယကို တောင်းဆို
DVB
·
December 14, 2012
ဆွီဒင်လက်နက် မြန်မာလက်ထဲရောက်သွားမှု ရှင်းလင်းဖို့ အိန္ဒိယကို တောင်းဆို
Donate to DVB

ဥရောပသမဂ္ဂ(အီးယူ)ရဲ့ပိတ်ဆို့ ဒဏ်ခတ်ထားမှုကိုဖောက်ဖျက်ပြီး ဆွီဒင်နိုင်ငံလုပ် လက်နက်တွေ မြန်မာနိုင်ငံကို ဘယ်လို ရောက်သွားတာလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့ ဆွီဒင် အစိုးရက အိန္ဒိယအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ကချင်စစ်ပွဲအတွင်း ဆွီဒင်လုပ်လက်နက်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ သတင်းနဲ့ အထောက်အထားဓာတ်ပုံတွေကို ဆွီဒင် သတင်းစာတစောင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖော်ထုတ် ရေးသားလိုက်ပြီးနောက်မှာ ခုလို ဆွီဒင်အစိုးရက တုံ့ပြန်လိုက်တာလို့ အေအက်ဖ်ပီ သတင်းမှာဖော်ပြပါတယ်။

ဆွီဒင်ကုန်သွယ်ရေးဝန်ကြီး Ewa Bjorling ကတော့ ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေး အေဂျင်စီက  ဒီလက်နက်တွေဟာ အိန္ဒိယကလာတာလို့  သူ့ကိုသတင်းပို့ထားတဲ့ အကြောင်းနဲ့ အိန္ဒိယအာဏာပိုင်တွေ ဆီက ဒီကိစ္စ ရှင်းလင်းချက်တောင်းခံဖို့ ညွှန်ကြားထားတယ်လို့ ဆွီဒင်ပါလီမန်မှာ  ပြောပါတယ်။

ဆွီဒင်လုပ် အဆင့်မြင် အမ် - ၃ ကားလ်ဂူးလ်စတပ် (Carl Gustav) ပုခုံးထမ်း အမြောက်လက်နက်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က အစိုးရတပ်ဖွဲ့တွေ ဆီကနေ သိမ်းပိုက်ရရှိခဲ့တဲ့ သတင်းကို သတင်းထောက် ဘာတေးလစ်တနာက ဆွီဒင် သတင်းစာ တစောင်မှာ  အင်္ဂါနေ့က ရေးသားခဲ့တာပါ။

ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံအပေါ် ၁၉၉၆ ခုနှစ်ကတည်းက လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်တားမြစ်ထားတာဖြစ်ပြီး အခုနှစ်ပိုင်းအတွင်းမှာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးလိုက်ပေမယ့် လက်နက်ပိတ်ဆို့မှုကတော့ ဆက်လက်ထားရှိတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013