DVB Logo
Home
မြန်မာသတင်း
နာရီပိုင်းအတွင်း ကြည့်ရှုသူ ၃ သန်းကျော်သွားသည့် တေလာဆွစ်ဖ် သီချင်းသစ် - Lover (ရုပ်သံ)
DVB
·
August 23, 2019
နာရီပိုင်းအတွင်း ကြည့်ရှုသူ ၃ သန်းကျော်သွားသည့် တေလာဆွစ်ဖ် သီချင်းသစ် - Lover (ရုပ်သံ)
Donate to DVB

နာမည်ကြီး ကန်းထရီးပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်ရဲ့ သီချင်းသစ်တပုဒ်ဖြစ်တဲ့ Lover ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

သူကိုယ်တိုင် ရေးစပ်ထားတဲ့ ဒီသီချင်းဟာ တေလာဆွစ်ဖ်ရဲ့ ၇ ချပ်မြောက်ထွက်ရှိလာမယ့် အယ်လ်ဘမ်ရဲ့ Title သီချင်းတပုဒ်လည်း ဖြစ်ပါတယ်။

သီချင်းအသစ်တပုဒ် ထွက်လိုက်တိုင်းမှာ ထူးခြားဆန်းပြားမှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ တေလာဆွစ်ဖ်ဟာ ဒီသီချင်း ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အရုပ်တွေနဲ့ အရောင်အသွေးစုံ ဧရာမအိမ်ကြီးတလုံးဆီ ခေါ်ဆောင်သွားမှာဖြစ်ပြီး ချစ်သူနဲ့အတူ လူတရပ်စာအရွယ်အစားရှိ ငါးကန်ကြီးထဲ နှစ်မြုပ်ကာ အချစ်တွေနဲ့ ပျော်ရွှင်မြူးထူးနေတဲ့ ပုံရိပ်တွေ၊ သရုပ်ဆောင်ချက်တွေနဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

Lover တေးအယ်လ်ဘမ်ထဲမှာတော့ စုစုပေါင်း သီချင်းပုဒ်ရေ ၁၈ ပုဒ်တိတိ ပါဝင်မှာဖြစ်ပြီး ဒီအယ်လ်ဘမ်ထဲက သီချင်းတပုဒ်ဖြစ်တဲ့ Me! ကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာပါ။ နောက်တပုဒ်ဖြစ်တဲ့ You Need to Calm Down ကိုတော့ ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး Lover ကတော့ တတိယမြောက် ထုတ်လွှင့်ခဲ့တဲ့သီချင်း ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တေလာဆွစ်ဖ်ဟာ လူမှုရေးလုပ်ငန်းတွေ ဖြစ်တဲ့ ကလေးသူငယ် စာတတ်မြောက်ရေး၊ သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး လုပ်ငန်းတွေနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ ကလေးသူငယ်တွေအတွက် အကျိုးပြုအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားခဲ့သူတဦးလည်း ဖြစ်ပါတယ်။

သူဟာ ဇာတ်ကြောင်းပြန်ပြောပြတဲ့ သီချင်းပုံစံမျိုးတွေ၊ ကျေးလက်ဂီတနဲ့ ပေါ့ပ်ဂီတ အမျိုးအစား သီချင်းတွေနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး ထင်ရှားသူဖြစ်ပါတယ်။

သူ့ရဲ့သီချင်းတွေကို ကိုယ်တိုင်ရေးဆိုလေ့ရှိတဲ့ တေလာဆွစ်ဖ်ဟာ တကိုယ်တော် တေးအယ်လ်ဘမ်တွေဖြစ်တဲ့ Taylor Swift (2006)၊ Fearless (2008)၊ Speak Now (2010)၊ Red (2012)၊ 1989 (2014)၊ Reputation (2017) စတဲ့ အယ်လ်ဘမ် ၆ ချပ်ထိ ထွက်ရှိခဲ့ပြီးဖြစ်ကာ နာမည်ကြီး ဂရမ်မီတေးဂီတဆု အပါအဝင် ဆုပေါင်း ၃၀၀ ကျော် ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။

------------------------

နာရီပိုင္းအတြင္း ၾကည့္ရႈသူ ၃ သန္းေက်ာ္သြားသည့္ ေတလာဆြစ္ဖ္ သီခ်င္းသစ္ - Lover (႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB

နာမည္ႀကီး ကန္းထရီးေပါ့ပ္အဆိုေတာ္ ေတလာဆြစ္ဖ္ရဲ႕ သီခ်င္းသစ္တပုဒ္ျဖစ္တဲ့ Lover ဟာ ထြက္ရွိၿပီး နာရီပိုင္းအတြင္းမွာပဲ ယူက်ဳေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၃ သန္းေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။
သူကိုယ္တိုင္ ေရးစပ္ထားတဲ့ ဒီသီခ်င္းဟာ ေတလာဆြစ္ဖ္ရဲ႕ ၇ ခ်ပ္ေျမာက္ထြက္ရွိလာမယ့္ အယ္လ္ဘမ္ရဲ႕ Title သီခ်င္းတပုဒ္လည္း ျဖစ္ပါတယ္။
သီခ်င္းအသစ္တပုဒ္ ထြက္လိုက္တိုင္းမွာ ထူးျခားဆန္းျပားမႈေတြနဲ႔ ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္တဲ့ ေတလာဆြစ္ဖ္ဟာ ဒီသီခ်င္း ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ အ႐ုပ္ေတြနဲ႔ အေရာင္အေသြးစုံ ဧရာမအိမ္ႀကီးတလုံးဆီ ေခၚေဆာင္သြားမွာျဖစ္ၿပီး ခ်စ္သူနဲ႔အတူ လူတရပ္စာအ႐ြယ္အစားရွိ ငါးကန္ႀကီးထဲ ႏွစ္ျမဳပ္ကာ အခ်စ္ေတြနဲ႔ ေပ်ာ္႐ႊင္ျမဴးထူးေနတဲ့ ပုံရိပ္ေတြ၊ သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ ရႈစားနားဆင္ၾကရမွာ ျဖစ္ပါတယ္။
Lover ေတးအယ္လ္ဘမ္ထဲမွာေတာ့ စုစုေပါင္း သီခ်င္းပုဒ္ေရ ၁၈ ပုဒ္တိတိ ပါဝင္မွာျဖစ္ၿပီး ဒီအယ္လ္ဘမ္ထဲက သီခ်င္းတပုဒ္ျဖစ္တဲ့ Me! ကိုေတာ့ ၿပီးခဲ့တဲ့ ဧၿပီ ၂၆ ရက္ေန႔မွာ ထုတ္လႊင့္ခဲ့တာပါ။ ေနာက္တပုဒ္ျဖစ္တဲ့ You Need to Calm Down ကိုေတာ့ ဇြန္လ ၁၄ ရက္ေန႔မွာ ထုတ္လႊင့္ခဲ့ၿပီး Lover ကေတာ့ တတိယေျမာက္ ထုတ္လႊင့္ခဲ့တဲ့သီခ်င္း ျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေတလာဆြစ္ဖ္ဟာ လူမႈေရးလုပ္ငန္းေတြ ျဖစ္တဲ့ ကေလးသူငယ္ စာတတ္ေျမာက္ေရး၊ သဘာဝေဘးအႏၲရာယ္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြ၊ လိင္တူခ်စ္သူေတြကို ခြဲျခားဆက္ဆံမႈ ပေပ်ာက္ေရး လုပ္ငန္းေတြနဲ႔ က်န္းမာေရးခ်ိဳ႕တဲ့ေနတဲ့ ကေလးသူငယ္ေတြအတြက္ အက်ိဳးျပဳအဖြဲ႕အစည္းေတြမွာ ပါဝင္လႈပ္ရွားခဲ့သူတဦးလည္း ျဖစ္ပါတယ္။
သူဟာ ဇာတ္ေၾကာင္းျပန္ေျပာျပတဲ့ သီခ်င္းပုံစံမ်ိဳးေတြ၊ ေက်းလက္ဂီတနဲ႔ ေပါ့ပ္ဂီတ အမ်ိဳးအစား သီခ်င္းေတြနဲ႔အတူ ပရိသတ္အားေပးမႈ ရရွိခဲ့ၿပီး ထင္ရွားသူျဖစ္ပါတယ္။
သူ႔ရဲ႕သီခ်င္းေတြကို ကိုယ္တိုင္ေရးဆိုေလ့ရွိတဲ့ ေတလာဆြစ္ဖ္ဟာ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္ေတြျဖစ္တဲ့ Taylor Swift (2006)၊ Fearless (2008)၊ Speak Now (2010)၊ Red (2012)၊ 1989 (2014)၊ Reputation (2017) စတဲ့ အယ္လ္ဘမ္ ၆ ခ်ပ္ထိ ထြက္ရွိခဲ့ၿပီးျဖစ္ကာ နာမည္ႀကီး ဂရမ္မီေတးဂီတဆု အပါအဝင္ ဆုေပါင္း ၃၀၀ ေက်ာ္ ဆြတ္ခူးရရွိထားသူ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013