DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဂုဏ်ပွဲတော် အတွင်းဝန်ရုံးတွင်ကျင်းပမည် 
DVB
·
August 23, 2019
မြန်မာ့ဂုဏ်ပွဲတော် အတွင်းဝန်ရုံးတွင်ကျင်းပမည် 
1 / 4
Donate to DVB

ပြည်တွင်းက အသေးစားနဲ့ အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းရှင်တွေ ပါဝင်မယ့် မြန်မာ့ဂုဏ်ပွဲတော်ကို ရန်ကုန်မြို့မှာရှိတဲ့ အတွင်းဝန်ရုံးမှာ အောက်တိုဘာလ ၃ ရက်ကနေ ၅ ရက်အထိ ၃ ရက်အကြာကျင်းပသွားမှာဖြစ်ပါတယ်။

ဆိုင်ခန်းပေါင်း ၁၅၀ ပါဝင်ပြသမယ့် Myanmar’s Pride မြန်မာ့ဂုဏ်ပြပွဲကိုတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ထုတ်ဖော်ဖို့၊ ပြည်တွင်းက ထုတ်ကုန်တွေ ကိုတနေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပမှာ ဖြစ်တယ်လို့ သြဂုတ် ၂၃ ရက်နေ့ကဝန်ကြီးများရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပွဲစီစဉ်သူတွေက မီဒီယာတွေကို ပြောခဲ့တာပါ။ 

ဒါ့အပြင် မြန်မာ့ခရီးသွားကဏ္ဍကို ဖွံ့ဖြိုးစေဖို့ရည်ရွယ်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ လှပတဲ့နေရာတွေကို ပြည်ပခရီးသွားတွေ လေ့လာသိရှိနိုင်ဖို့ အတွက် ပုဂံ၊ အင်းလေး ၊ ကချင် စတဲ့ ဒေသတွေက ရှုခင်းအလှအပတွေနဲ့ ရိုးရာဝတ်စုံတွေကို ပြသမယ့် ပြခန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ 

ပန်းဆယ်မျိုး သရုပ်ဖော်ပြခန်း၊ ခြင်းလုံးပြခန်း ပုသိမ်ထီးပြုလုပ်တဲ့ ပြခန်းတွေအပြင် ဓာတ်ပုံပြခန်းနဲ့ စားသောက်ကုန်လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ 

ပြခန်းအတွင်း ဝင်ရောက်လေ့လာခွင့်ကိုတော့ နိုင်ငံခြားသားတွေကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ သတ်မှတ်ထားပြီး ပြည်တွင်းက လာရောက်လေ့လာမယ့် အများပြည်သူတွေကိုတော့ အခမဲ့လေ့လာခွင့်ရမှာဖြစ်တယ်လို့ဆိုပါတယ်။




ျမန္မာ့ဂုဏ္ပြဲေတာ္ အတြင္းဝန္႐ုံးတြင္က်င္းပမည္
DVB

ျပည္တြင္းက အေသးစားနဲ႔ အလတ္စား စီးပြားေရးထုတ္ကုန္လုပ္ငန္းရွင္ေတြ ပါဝင္မယ့္ ျမန္မာ့ဂုဏ္ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အတြင္းဝန္႐ုံးမွာ ေအာက္တိုဘာလ ၃ ရက္ကေန ၅ ရက္အထိ ၃ ရက္အၾကာက်င္းပသြားမွာျဖစ္ပါတယ္။

ဆိုင္ခန္းေပါင္း ၁၅၀ ပါဝင္ျပသမယ့္ Myanmar’s Pride ျမန္မာ့ဂုဏ္ျပပြဲကိုေတာ့ ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ ယဥ္ေက်းမႈအေမြအႏွစ္ေတြ ထုတ္ေဖာ္ဖို႔၊ ျပည္တြင္းက ထုတ္ကုန္ေတြ ကိုတေနရာတည္းမွာ ၾကည့္ရႈေလ့လာႏိုင္ဖို႔အတြက္ ရည္႐ြယ္က်င္းပမွာ ျဖစ္တယ္လို႔ ၾသဂုတ္ ၂၃ ရက္ေန႔ကဝန္ႀကီးမ်ား႐ုံးမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ပြဲစီစဥ္သူေတြက မီဒီယာေတြကို ေျပာခဲ့တာပါ။

ဒါ့အျပင္ ျမန္မာ့ခရီးသြားက႑ကို ဖြံ႕ၿဖိဳးေစဖို႔ရည္႐ြယ္ၿပီး ႏိုင္ငံအတြင္းမွာရွိတဲ့ လွပတဲ့ေနရာေတြကို ျပည္ပခရီးသြားေတြ ေလ့လာသိရွိႏိုင္ဖို႔ အတြက္ ပုဂံ၊ အင္းေလး ၊ ကခ်င္ စတဲ့ ေဒသေတြက ရႈခင္းအလွအပေတြနဲ႔ ႐ိုးရာဝတ္စုံေတြကို ျပသမယ့္ ျပခန္းေတြလည္း ပါဝင္မွာျဖစ္ပါတယ္။

ပန္းဆယ္မ်ိဳး သ႐ုပ္ေဖာ္ျပခန္း၊ ျခင္းလုံးျပခန္း ပုသိမ္ထီးျပဳလုပ္တဲ့ ျပခန္းေတြအျပင္ ဓာတ္ပုံျပခန္းနဲ႔ စားေသာက္ကုန္လုပ္ငန္းေတြလည္း ပါဝင္ပါတယ္။

ျပခန္းအတြင္း ဝင္ေရာက္ေလ့လာခြင့္ကိုေတာ့ ႏိုင္ငံျခားသားေတြကို အေမရိကန္ေဒၚလာ ၅ ေဒၚလာ သတ္မွတ္ထားၿပီး ျပည္တြင္းက လာေရာက္ေလ့လာမယ့္ အမ်ားျပည္သူေတြကိုေတာ့ အခမဲ့ေလ့လာခြင့္ရမွာျဖစ္တယ္လို႔ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013