DVB Logo
Home
မြန်မာသတင်း
ရေဘေးကယ်ဆယ်ရေးကား ၁စီးပေါ်က တရားမဝင်သစ်များ ဖမ်းဆီးရမိ 
DVB
·
August 23, 2019
ရေဘေးကယ်ဆယ်ရေးကား ၁စီးပေါ်က တရားမဝင်သစ်များ ဖမ်းဆီးရမိ 
1 / 5
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့မှာ ရေဘေးကယ်ဆယ်ရေးကား တစီးပေါ် တင်ဆောင်လာတဲ့ တရားမဝင်သစ် ပျဉ်းကတိုး လျှာထိုးပျဉ်အချောင်း ၃၀၀၀  ကျော်ဖမ်းဆီးရမိခဲ့တယ်လို့ သထုံမြို့မရဲစခန်းက သိရပါတယ်။ 

သထုံမြို့၊ ပေါ်တော်မူကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သြဂုတ် ၂၂ရက် နေ့လည်ပိုင်းက ခေတ်ရှေ့ဆောင်ပရဟိတလူငယ်အဖွဲ့ ခေါင်းစဉ်နဲ့ ရေဘေးသင့်ကယ်ဆယ်ရေး ကားတစီးကို သတင်းအရရပ်တန့်ရှာဖွေခဲ့ရာမှ ပျဉ်းကတိုး လျှာထိုးပျဉ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာရုံးက သိရပါတယ်။

"ကျနော်တို့က သတင်းရထားလို့ ကျေးရွာအုပ်ချုပ်ရေးကအဖွဲ့နဲ့ တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး အဲ့ဒီကားကိုစစ်ဆေးခဲ့တာပါ။ သူတို့က သစ်နဲ့ပတ်သက်ပြီး ဘာအထောက်အထားမှမပြနိုင်လို့ မြို့နယ်သစ်တောမှာ သွားပြီးစစ်ဆေးခဲ့တာပါ"လို့ သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာန တာဝန်ရှိသူတဦး က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သစ်တွေကတော့ ပျဉ်းကတိုးလျှာထိုးပျဉ် အရွယ်စုံ  ၃၂၀၀ချောင်း၊ တန်ချိန် ၃ဒဿမ၆၅၇၂တန်၊ ကာလတန်ဘိုး ၃၁၀၈၆၂၀ ကျပ် ဖြစ်တယ်လို့ မြို့နယ်သစ်တောဦးစီးဌာန စစ်ဆေးချက်တွေအရ သိပါတယ်။

တရားမဝင် ပျဉ်းကတိုး လျှာထိုးပျဉ်တွေ သယ်ဆောင်မောင်းနှင်လာသူ ဦးမြင့်ဇော်(ခ) ကိုချောကြီး ဦးယဉ်ထွေး(ခ) ကိုပေါက် ဇေယျာမင်း(ခ)အန်းကုန်းနဲ့ ဦးတင့်လွင်တို့ ၄ဦးကို သစ်တောဥပဒေပုဒ်မ ၄၂(က)နဲ့ သထုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။

သတင်း- ယူမင်းစိုး




ေရေဘးကယ္ဆယ္ေရးကား ၁စီးေပၚက တရားမဝင္သစ္မ်ား ဖမ္းဆီးရမိ
DVB

မြန္ျပည္နယ္၊ သထုံၿမိဳ႕မွာ ေရေဘးကယ္ဆယ္ေရးကား တစီးေပၚ တင္ေဆာင္လာတဲ့ တရားမဝင္သစ္ ပ်ဥ္းကတိုး လွ်ာထိုးပ်ဥ္အေခ်ာင္း ၃၀၀၀ ေက်ာ္ဖမ္းဆီးရမိခဲ့တယ္လို႔ သထုံၿမိဳ႕မရဲစခန္းက သိရပါတယ္။

သထုံၿမိဳ႕၊ ေပၚေတာ္မူေက်း႐ြာ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚမွာ ၾသဂုတ္ ၂၂ရက္ ေန႔လည္ပိုင္းက ေခတ္ေရွ႕ေဆာင္ပရဟိတလူငယ္အဖြဲ႕ ေခါင္းစဥ္နဲ႔ ေရေဘးသင့္ကယ္ဆယ္ေရး ကားတစီးကို သတင္းအရရပ္တန႔္ရွာေဖြခဲ့ရာမွ ပ်ဥ္းကတိုး လွ်ာထိုးပ်ဥ္ေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ သထုံခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာ႐ုံးက သိရပါတယ္။

"က်ေနာ္တို႔က သတင္းရထားလို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးကအဖြဲ႕နဲ႔ တပ္ဖြဲ႕ဝင္ေတြပူးေပါင္းၿပီး အဲ့ဒီကားကိုစစ္ေဆးခဲ့တာပါ။ သူတို႔က သစ္နဲ႔ပတ္သက္ၿပီး ဘာအေထာက္အထားမွမျပႏိုင္လို႔ ၿမိဳ႕နယ္သစ္ေတာမွာ သြားၿပီးစစ္ေဆးခဲ့တာပါ"လို႔ သထုံခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာန တာဝန္ရွိသူတဦး က ေျပာပါတယ္။

ဖမ္းဆီးရမိတဲ့သစ္ေတြကေတာ့ ပ်ဥ္းကတိုးလွ်ာထိုးပ်ဥ္ အ႐ြယ္စုံ ၃၂၀၀ေခ်ာင္း၊ တန္ခ်ိန္ ၃ဒႆမ၆၅၇၂တန္၊ ကာလတန္ဘိုး ၃၁၀၈၆၂၀ က်ပ္ ျဖစ္တယ္လို႔ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန စစ္ေဆးခ်က္ေတြအရ သိပါတယ္။

တရားမဝင္ ပ်ဥ္းကတိုး လွ်ာထိုးပ်ဥ္ေတြ သယ္ေဆာင္ေမာင္းႏွင္လာသူ ဦးျမင့္ေဇာ္(ခ) ကိုေခ်ာႀကီး ဦးယဥ္ေထြး(ခ) ကိုေပါက္ ေဇယ်ာမင္း(ခ)အန္းကုန္းနဲ႔ ဦးတင့္လြင္တို႔ ၄ဦးကို သစ္ေတာဥပေဒပုဒ္မ ၄၂(က)နဲ႔ သထုံၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားပါတယ္။
သတင္း- ယူမင္းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013