DVB Logo
Home
သတင်းတို
ဧရာဝတီ စာပေပွဲတော် ကျင်းပမည်
DVB
·
December 14, 2012
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတကာ စာပေပညာရှင်တွေ တက်ရောက်ကြမယ့် ဧရာဝတီ စာပေပွဲတော်ကို လာမယ့် ၂၀၁၃ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရန်ကုန် အင်းယားလိတ်ဟိုတယ်မှာ ကျင်းပမှာဖြစ်ကြောင်း ပွဲတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီပွဲတော်အတွင်းမှာ စာတမ်းဖတ်ပွဲနဲ့ အပြန်အလှန် ဆွေးနွေးခန်းတွေလည်း ပါမှာဖြစ်ပြီး “ဆင်ဆာအောက်မှ စာပေရေးသားခြင်း” ခေါင်းစဉ်နဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ စာရေးဆရာ ဖေမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ပွဲကို နိုင်ငံတကာက Best Seller နဲ့ နာမည်ကြီး စာရေးဆရာတွေ၊ မြန်မာတွေထဲက ဒေါက်တာသန့်မြင့်ဦး၊ ဇာဂနာ၊ မသီတာ (စမ်းချောင်း)၊ ပါစကယ်ခူးသွယ်၊ စာကြည့်တိုက်ပညာရှင် ဦးသော်ကောင်းနဲ့ ဒေါက်တာ သန့်သော်ကောင်းတို့ တက်ရောက်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013