DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံ မိုးရေးမြို့တွင်း ဆန္ဒပြမှုကြောင့် တမူး-နန်းဖာလုံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်
DVB
·
August 23, 2019
အိန္ဒိယနိုင်ငံ မိုးရေးမြို့တွင်း ဆန္ဒပြမှုကြောင့် တမူး-နန်းဖာလုံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်
1 / 4
Donate to DVB

အိန္ဒိယနိုင်ငံ မိုးရေးမြို့တွင်း ဆန္ဒပြနေကြတာကြောင့် မိုးရေး-နန်းဖာလုံကြား တမူး နန်းဖာလုံနယ်စပ်ကုန်သွယ်ရေး ခေတ္တရပ်တန့်နေပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့မှာ တမူးနန်းဖာလုံစျေးက တင်သွင်းနေတဲ့ ကုန်စည်တွေကို အိန္ဒိယနယ်ခြားစောင့်တပ်က စိစစ်မှုတင်းကြပ်နေတာကြောင့် မိုးရေးဒေသခံတွေက အိန္ဒိယအစိုးရအပေါ် သြဂုတ်လ ၂၁ ရက်နေ့က စပြီး ဆန္ဒဖော်ထုတ်မှု ပြုလုပ်နေကြပါတယ်။

ဆန္ဒဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး နန်းဖာလုံစျေးဥက္ကဌ ဦးခင်မောင်ချိုက “အခုဒီနေ့ နှစ်ရက်ရှိသွားပြီ။ မြန်မာဘက်ကသွားတဲ့ ပစ္စည်းတွေကို တဖက် အိန္ဒိယက ကွန်မန်ဒိုတပ်ရင်းမှူးက အရမ်းကြီးစစ်ဆေးတဲ့အခါကျတော့ ဒီကျနော်တို့ဘက်က ကုန်သည်တွေမှာလည်း ဒုက္ခရောက်တယ်။ မိုးရေးက ကုန်သည်တွေလည်းဒုက္ခရောက်တယ်။ သူတို့နဲ့ဆက်စပ်နေတဲ့ ကယ်ရီ အလုပ်သမားတွေ၊ ကားသမားတွေ၊ သုံးဘီးသမားတွေကအစပေါ့ ဒုက္ခရောက်တယ်။ ဒီလိုစစ်ဆေးမှုတွေများလွန်းလို့ ဖြေလျော့ပေးဖို့ပေါ့နော်၊ အရင်အတိုင်းပဲ ချောချောမွေ့မွေ့သွားဖို့လာဖို့ အဲဒီရဲ့အနေအထားကို သူတို့ပြန်ရချင်လို့ ဆန္ဒပြကြတာပါ။”

နန်းဖာလုံစျေးကနေ နယ်စပ်ဂိတ်ကိုဖြတ်ကျော်ပြီး မိုးရေးမြို့ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အိန္ဒိယနယ်ခြားစောင့်တပ်များက ယခင်ကထက် တင်းတင်းကြပ်ကြပ်စစ်ဆေးလာတာ၊ ကုန်ပစ္စည်း ပါကင်တွေကို ဖောက်ထုတ်စစ်ဆေးတာကြောင့် ပျက်စီးမှုတွေ များလာတာကြောင့်လည်း ခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာပါ။

မိုးရေးမြို့က ဆန္ဒပြသူတွေဟာ မြို့တွင်းကာလမ်းမကြီးတွေကို ပရိဘောဂတွေနဲ့ ပိတ်ဆို့တာ၊ ကားတာယာ၊ ပီပါပုံတွေမီးရှို့တာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

တမူးနယ်စပ်ဂိတ်ဟာ တဘက် အိန္ဒိယကိုသွင်းတဲ့ သွင်းကုန်များပြီး မြန်မာပြည်တွင်း အဝင်ကုန် နည်းပါးတာကြောင့် ပြည်တွင်း နယ်စပ်ကုန်သည်တွေအတွက် ထိခိုက်နစ်နာမှုတွေနဲ့ ကြုံနေရတယ်။ 

“လတ်တလော အရောင်းအဝယ် ပိတ်နေတယ်။ ဘယ်နေ့ထိ ဆိုတာ မသိနိုင်သေးဘူး” လို့ နန်းဖာလုံ စျေးသားတဦးက ဆိုပါတယ်။

မင်းရဲစစ်နိုင်

ဓာတ်ပုံ-Crd




Zawgyi version

အိႏၵိယႏိုင္ငံ မိုးေရးၿမိဳ႕တြင္း ဆႏၵျပမႈေၾကာင့္ တမူး-နန္းဖာလုံ နယ္စပ္ကုန္သြယ္ေရး ရပ္တန႔္

မင္းရဲစစ္ႏိုင္

အိႏၵိယႏိုင္ငံ မိုးေရးၿမိဳ႕တြင္း ဆႏၵျပေနၾကတာေၾကာင့္ မိုးေရး-နန္းဖာလုံၾကား တမူး နန္းဖာလုံနယ္စပ္ကုန္သြယ္ေရး ေခတၱရပ္တန႔္ေနပါတယ္။

အိႏၵိယႏိုင္ငံ၊ မဏိပူရ္ျပည္နယ္၊ မိုးေရးၿမိဳ႕မွာ တမူးနန္းဖာလုံေစ်းက တင္သြင္းေနတဲ့ ကုန္စည္ေတြကို အိႏၵိယနယ္ျခားေစာင့္တပ္က စိစစ္မႈတင္းၾကပ္ေနတာေၾကာင့္ မိုးေရးေဒသခံေတြက အိႏၵိယအစိုးရအေပၚ ၾသဂုတ္လ ၂၁ ရက္ေန႔က စၿပီး ဆႏၵေဖာ္ထုတ္မႈ ျပဳလုပ္ေနၾကပါတယ္။

ဆႏၵေဖာ္ထုတ္မႈနဲ႔ ပတ္သက္ၿပီး နန္းဖာလုံေစ်းဥကၠဌ ဦးခင္ေမာင္ခ်ိဳက “အခုဒီေန႔ ႏွစ္ရက္ရွိသြားၿပီ။ ျမန္မာဘက္ကသြားတဲ့ ပစၥည္းေတြကို တဖက္ အိႏၵိယက ကြန္မန္ဒိုတပ္ရင္းမႉးက အရမ္းႀကီးစစ္ေဆးတဲ့အခါက်ေတာ့ ဒီက်ေနာ္တို႔ဘက္က ကုန္သည္ေတြမွာလည္း ဒုကၡေရာက္တယ္။ မိုးေရးက ကုန္သည္ေတြလည္းဒုကၡေရာက္တယ္။ သူတို႔နဲ႔ဆက္စပ္ေနတဲ့ ကယ္ရီ အလုပ္သမားေတြ၊ ကားသမားေတြ၊ သုံးဘီးသမားေတြကအစေပါ့ ဒုကၡေရာက္တယ္။ ဒီလိုစစ္ေဆးမႈေတြမ်ားလြန္းလို႔ ေျဖေလ်ာ့ေပးဖို႔ေပါ့ေနာ္၊ အရင္အတိုင္းပဲ ေခ်ာေခ်ာေမြ႕ေမြ႕သြားဖို႔လာဖို႔ အဲဒီရဲ႕အေနအထားကို သူတို႔ျပန္ရခ်င္လို႔ ဆႏၵျပၾကတာပါ။”

နန္းဖာလုံေစ်းကေန နယ္စပ္ဂိတ္ကိုျဖတ္ေက်ာ္ၿပီး မိုးေရးၿမိဳ႕ကို တင္သြင္းတဲ့ ကုန္ပစၥည္းေတြကို အိႏၵိယနယ္ျခားေစာင့္တပ္မ်ားက ယခင္ကထက္ တင္းတင္းၾကပ္ၾကပ္စစ္ေဆးလာတာ၊ ကုန္ပစၥည္း ပါကင္ေတြကို ေဖာက္ထုတ္စစ္ေဆးတာေၾကာင့္ ပ်က္စီးမႈေတြ မ်ားလာတာေၾကာင့္လည္း ခုလို ဆႏၵျပမႈေတြ ျဖစ္ေပၚလာတာပါ။

မိုးေရးၿမိဳ႕က ဆႏၵျပသူေတြဟာ ၿမိဳ႕တြင္းကာလမ္းမႀကီးေတြကို ပရိေဘာဂေတြနဲ႔ ပိတ္ဆို႔တာ၊ ကားတာယာ၊ ပီပါပုံေတြမီးရႈိ႕တာေတြလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

တမူးနယ္စပ္ဂိတ္ဟာ တဘက္ အိႏၵိယကိုသြင္းတဲ့ သြင္းကုန္မ်ားၿပီး ျမန္မာျပည္တြင္း အဝင္ကုန္ နည္းပါးတာေၾကာင့္ ျပည္တြင္း နယ္စပ္ကုန္သည္ေတြအတြက္ ထိခိုက္နစ္နာမႈေတြနဲ႔ ႀကဳံေနရတယ္။

“လတ္တေလာ အေရာင္းအဝယ္ ပိတ္ေနတယ္။ ဘယ္ေန႔ထိ ဆိုတာ မသိႏိုင္ေသးဘူး” လို႔ နန္းဖာလုံ ေစ်းသားတဦးက ဆိုပါတယ္။

မင္းရဲစစ္ႏိုင္

ဓာတ္ပုံ-Crd

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013