DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း လွှတ်တော်ဒုဥက္ကဋ္ဌဟောင်းကို အလွဲသုံးစားမှုဖြင့် ဖမ်းဆီးတရားစွဲ
DVB
·
August 22, 2019
ဧရာဝတီတိုင်း လွှတ်တော်ဒုဥက္ကဋ္ဌဟောင်းကို အလွဲသုံးစားမှုဖြင့် ဖမ်းဆီးတရားစွဲ
1 / 5
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို  အလွဲသုံးစားမှုနဲ့ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးပြီးတဲ့နောက် ဩဂုတ် ၂၂ ရက်က ပုသိမ်မြို့နယ်တရားရုံးမှာ ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။

ဦးစံမင်းအောင်အနေနဲ့ လွှတ်တော်အတွက် ကားငါးစီးဝယ်ယူတဲ့ကိစ္စမှာ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခံခဲ့ရတာဖြစ်ပြီး ပုသိမ်မြို့မရဲစခန်းမှာ  တိုင်းလွှတ်တော်ရုံးအဖွဲ့ဒုညွှန်ကြားရေးမှူးက တရားလိုလုပ် အမှုဖွင့်လှစ်ထားတာပါ။

တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ရွေးကောက်ပွဲကော်မရှင်က အဂတိအမှုအရ အရေးယူလို့မရဘဲ သက်ဆိုင်ရာလွှတ်တော်ကသာ ဆက်လက်ဆောင်ရွက်ဖို့ပြန်ကြားခဲ့တာကြောင့် လွှတ်တော်က အလွဲသုံးစားမှုရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ပြီးဆက်လက်ဆောင်ရွက်ခဲ့တာပါ။

ဦးစံမင်းအောင်ကတော့ ဆေးရုံတက်နေရပြီး ကျန်းမာရေးမကောင်းကြောင်း ဆေးထောက်ခံစာ တင်ပြခဲ့ပြီး အာမခံတောင်းခံခဲ့ပါတယ်။ တရားရုံးကတော့ အာမခံပေးသင့်မသင့် ဆုံးဖြတ်ဖို့လာမယ့် ၂၈ ရက်နေ့ကိုချိန်းဆိုခဲ့ပါတယ်။

ဦးစံမင်းအောင်ကတော့ မိမိကိုယ်ကိုယ်အာမခံကြောင်းနဲ့ တရားဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက်သွားမယ်လို့ မီဒီယာတွေ ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ - သော်ဇင်မျိုး ၊ အောင်သူ




ဧရာဝတီတိုင္း လႊတ္ေတာ္ဒုဥကၠ႒ေဟာင္းကို အလြဲသုံးစားမႈျဖင့္ ဖမ္းဆီးတရားစြဲ

DVB

ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ ဒုဥကၠ႒ေဟာင္း ဦးစံမင္းေအာင္ကို  အလြဲသုံးစားမႈနဲ႔ ရဲတပ္ဖြဲ႕ကစုံစမ္းစစ္ေဆးၿပီးတဲ့ေနာက္ ဩဂုတ္ ၂၂ ရက္က ပုသိမ္ၿမိဳ႕နယ္တရား႐ုံးမွာ ဖမ္းဆီးတရားစြဲဆိုလိုက္ပါတယ္။

ဦးစံမင္းေအာင္အေနနဲ႔ လႊတ္ေတာ္အတြက္ ကားငါးစီးဝယ္ယူတဲ့ကိစၥမွာ အလြဲသုံးစားလုပ္ခဲ့တယ္ဆိုၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားခံခဲ့ရတာျဖစ္ၿပီး ပုသိမ္ၿမိဳ႕မရဲစခန္းမွာ  တိုင္းလႊတ္ေတာ္႐ုံးအဖြဲ႕ဒုၫႊန္ၾကားေရးမႉးက တရားလိုလုပ္ အမႈဖြင့္လွစ္ထားတာပါ။

တိုင္းလႊတ္ေတာ္ ဒုဥကၠ႒ေဟာင္း ဦးစံမင္းေအာင္ကို ေ႐ြးေကာက္ပြဲေကာ္မရွင္က အဂတိအမႈအရ အေရးယူလို႔မရဘဲ သက္ဆိုင္ရာလႊတ္ေတာ္ကသာ ဆက္လက္ေဆာင္႐ြက္ဖို႔ျပန္ၾကားခဲ့တာေၾကာင့္ လႊတ္ေတာ္က အလြဲသုံးစားမႈရာဇသတ္ႀကီးပုဒ္မ ၄၀၉ နဲ႔ပုသိမ္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္လွစ္ၿပီးဆက္လက္ေဆာင္႐ြက္ခဲ့တာပါ။

ဦးစံမင္းေအာင္ကေတာ့ ေဆး႐ုံတက္ေနရၿပီး က်န္းမာေရးမေကာင္းေၾကာင္း ေဆးေထာက္ခံစာ တင္ျပခဲ့ၿပီး အာမခံေတာင္းခံခဲ့ပါတယ္။ တရား႐ုံးကေတာ့ အာမခံေပးသင့္မသင့္ ဆုံးျဖတ္ဖို႔လာမယ့္ ၂၈ ရက္ေန႔ကိုခ်ိန္းဆိုခဲ့ပါတယ္။

ဦးစံမင္းေအာင္ကေတာ့ မိမိကိုယ္ကိုယ္အာမခံေၾကာင္းနဲ႔ တရားဥပေဒအတိုင္း ေျဖရွင္းေဆာင္႐ြက္သြားမယ္လို႔ မီဒီယာေတြ ေျဖၾကားခဲ့ပါတယ္။

ဓာတ္ပုံ - ေသာ္ဇင္မ်ိဳး ၊ ေအာင္သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013