DVB Logo
Home
မြန်မာသတင်း
မုတ်သုံလေ အားအလွန်ကောင်းနေ၊ ပြည်နယ်နှင့်တိုင်းအချို့ မိုးကြီးနိုင်
DVB
·
August 22, 2019
မုတ်သုံလေ အားအလွန်ကောင်းနေ၊ ပြည်နယ်နှင့်တိုင်းအချို့ မိုးကြီးနိုင်
Donate to DVB

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင် လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံ‌လေအားအသင့်အတင့်မှ အားကောင်းနေတယ်လို့ မိုးဇလက ဒီနေ့ညနေပိုင်း ထုတ်ပြန်ပါတယ်။

မနက်ဖြန်မနက်အထိ န့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ တိုင်းတို့နဲ့ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်၊ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၆ ပေမှ ၉ ပေခန့် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွင်းမှာလည်း ပဲခူးတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုနေမယ်လို့ ဆိုပါတယ်။




မုတ္သုံေလ အားအလြန္ေကာင္းေန၊ ျပည္နယ္ႏွင့္တိုင္းအခ်ိဳ႕ မိုးႀကီးႏိုင္
DVB

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္ လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားအလြန္ေကာင္းေနၿပီး က်န္ဘဂၤလားပင္လယ္ေအာ္မွာ မုတ္သုံ‌ေလအားအသင့္အတင့္မွ အားေကာင္းေနတယ္လို႔ မိုးဇလက ဒီေန႔ညေနပိုင္း ထုတ္ျပန္ပါတယ္။

မနက္ျဖန္မနက္အထိ န႔္မွန္းခ်က္အရ စစ္ကိုင္းတိုင္းအထက္ပိုင္းနဲ႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တို႔မွာ ေနရာစိပ္စိပ္၊ က်န္တိုင္း ေဒသႀကီးနဲ႔ ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ တနသၤာရီ တိုင္းတို႔နဲ႔ ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာကြက္၍ မိုးႀကီးႏိုင္ပါတယ္။

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမယ္၊ လႈိင္းအျမင့္ ၉ ေပမွ ၁၁ ေပခန႔္၊ ရခိုင္ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာေတာ့ ၆ ေပမွ ၉ ေပခန႔္ ရွိႏိုင္ပါတယ္။

ေနာက္ ၂ ရက္အတြင္းမွာလည္း ပဲခူးတိုင္း၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ မိုးပိုေနမယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013