DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင် 
DVB
·
August 22, 2019
မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင် 
1 / 5
Donate to DVB

ဆောက်လုပ်ရေးနဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်သူတွေအပါအဝင် ကဏ္ဍပေါင်းစုံက  ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။

လုပ်ငန်းရှင်တွေရဲ့ကျခဲ့တဲ့မျက်ရည်တွေကို စုစည်းတင်ပြဖို့အတွက် တော်ဝင်ဦးကိုကိုထွေး အပါအဝင် ရွှေသံလွင်ဦးကျော်ဝင်း ဦးဆောင်ပြီး မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းတည်ထောင် ပေးထားတယ်လို့ အသင်းနာယက ဇေကမ္ဘာ ဦးခင်ရွှေက‌ ပြောပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အသင်းမှာ လုပ်ငန်းရှင် မျိုးစုံပါဝင်တဲ့အပြင် ဆောက်လုပ်ရေး ကုမ္ပဏီလုပ်ငန်းတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေလည်းပါဝင်ပြီး လက်ရှိကြုံတွေ့နေ ရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ချေးငွေတွေအတွက် အခက်အခဲတွေကို စုစည်းပြီး အစိုးရကို တင်ပြမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုန်သည်စက်မှုအသင်းချုပ် UMFCCI အပြင် မြန်မာနိုင်ငံစီးပွားရေး‌လုပ်ငန်း ရှင်များအသင်းကို ထပ်မံ ဖွဲ့စည်းထားတာပါ။




ျမန္မာႏိုင္ငံ စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းတည္ေထာင္
ျပည့္ၿဖိဳးေက်ာ္

ေဆာက္လုပ္ေရးနဲ႔ ဘဏ္လုပ္ငန္းလုပ္ကိုင္သူေတြအပါအဝင္ က႑ေပါင္းစုံက ထိပ္သီး စီးပြားေရးလုပ္ငန္းရွင္ေတြပါဝင္တဲ့ ျမန္မာႏိုင္ငံစီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းကို ဖြဲ႕စည္း တည္ေထာင္လိုက္ပါတယ္။

လုပ္ငန္းရွင္ေတြရဲ႕က်ခဲ့တဲ့မ်က္ရည္ေတြကို စုစည္းတင္ျပဖို႔အတြက္ ေတာ္ဝင္ဦးကိုကိုေထြး အပါအဝင္ ေ႐ႊသံလြင္ဦးေက်ာ္ဝင္း ဦးေဆာင္ၿပီး ျမန္မာႏိုင္ငံ စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းကို ဖြဲ႕စည္းတည္ေထာင္ ေပးထားတယ္လို႔ အသင္းနာယက ေဇကမာၻ ဦးခင္ေ႐ႊက‌ ေျပာပါတယ္။

ျမန္မာႏိုင္ငံ စီးပြားေရးလုပ္ငန္းရွင္မ်ား အသင္းမွာ လုပ္ငန္းရွင္ မ်ိဳးစုံပါဝင္တဲ့အျပင္ ေဆာက္လုပ္ေရး ကုမၸဏီလုပ္ငန္းေတြနဲ႔ ဘဏ္လုပ္ငန္းရွင္ေတြလည္းပါဝင္ၿပီး လက္ရွိႀကဳံေတြ႕ေန ရတဲ့ စီးပြားေရး လုပ္ငန္းရွင္ေတြရဲ႕ ေခ်းေငြေတြအတြက္ အခက္အခဲေတြကို စုစည္းၿပီး အစိုးရကို တင္ျပမယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ကုန္သည္စက္မႈအသင္းခ်ဳပ္ UMFCCI အျပင္ ျမန္မာႏိုင္ငံစီးပြားေရး‌လုပ္ငန္း ရွင္မ်ားအသင္းကို ထပ္မံ ဖြဲ႕စည္းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013