DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်တွင် သမီးအရင်းကိုအဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးရမိ
DVB
·
August 22, 2019
ဆီဆိုင်မြို့နယ်တွင် သမီးအရင်းကိုအဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးရမိ
Donate to DVB

ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ ဆီဆိုင်​မြို့နယ်​ ပါ​လောပါကယ် ​​ကျေးရွာအုပ်​စု၊ ​နောင်​သံဗတ်​ရွာမှာ သမီးအရင်းကို အကြိမ်​ကြိမ်​ အဓမ္မပြုကျင့်မှုနဲ့ အမျိုးသား တဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

သြဂုတ်​ ၂၀ ရက်​​က သမီးဖြစ်​သူကို သုံးကြိမ်​​မြောက်​ အဓမ္မကျင်​့ဖို့ကြံစည်​ရာမှ သမီးဖြစ်​သူကထွက်​​ပြေးပြီး မိခင်​ကိုတိုင်​လိုက်​တဲ့အတွက်​ မိခင်​ဖြစ်​သူနဲ့ ဦး​လေး​တော်​စပ်​သူ​တွေက ရဲစခန်းကို အမှုဖွင့်တိုင်​ကြားထားတာဖြစ်​ပါတယ်​။

ဆီဆိုင်​မြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူး သီဟန်​က​ “အဓိက​တော့ သူက အရက်​​သေစာ​ သောက်​စားတယ်​။ မူးယစ်​​ဆေးဝါး သုံးစွဲလို့​ပေါ့ဗျာ။ သူ့သမီးအရင်း​တောင်​မှ အသိမရှိဘဲ ပြုကျင့်တာ​ပေါ့။ သူ့ကို​တော့ ဖမ်းမိပြီ သက်​ငယ်​မုဒိမ်းမှုနဲ့ အ​ရေးယူထားတယ်”လို့ ပြောပါတယ်။

အပြစ်​ကျူးလွန်​သူ​ဟာ ​နောင်​သံဗတ်​ရွာ​နေ အသက်​ ၄၁ နှစ်​ ဦးထွန်းဖြစ်​ပြီး အသက်​ ၁၅ နှစ်​အရွယ်​သမီးအရင်​းကို နှစ်​ကြိမ်​တိုင်​ အဓမ္မကျင့်ခဲ့တာဖြစ်​ပါတယ်​။

ဆီဆိုင်​မြို့နယ်​ ​နောင်​သံဗတ်​ရွာမှာ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သက်​ငယ်​မုဒိမ်းမှုမှာလည်း သံသယရှိသူကို ဖမ်းဆီးစစ်​​ဆေးပြုလုပ်​တဲ့အထဲမှာ ဦးထွန်းလည်း ပါဝင်​ခဲ့တယ်​လို့ ရဲတပ်​ဖွဲ့ ထံကသိရပါတယ်​။

လတ်တလောမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး သက်​ငယ်​မုဒိမ်းမှု ရာဇသတ်​ကြီး ပုဒ်​မ ၃၇၆ နဲ့ ဘန်းယဉ်​ရဲစခန်းမှာ အ​ရေးယူထားပါတယ်​။

သတင်း-  ခွန်ရာဇာ




ဆီဆိုင္ၿမိဳ႕နယ္တြင္ သမီးအရင္းကိုအဓမၼျပဳက်င့္ခဲ့သူကို ဖမ္းဆီးရမိ
DVB
ရွမ္းျပည္​နယ္​​ေတာင္​ပိုင္း၊ ပအိုဝ္းကိုယ္​ပိုင္​အုပ္​ခ်ဳပ္​ခြင့္ရ​ေဒသ ဆီဆိုင္​ၿမိဳ႕နယ္​ ပါ​ေလာပါကယ္ ​​ေက်း႐ြာအုပ္​စု၊ ​ေနာင္​သံဗတ္​႐ြာမွာ သမီးအရင္းကို အႀကိမ္​ႀကိမ္​ အဓမၼျပဳက်င့္မႈနဲ႔ အမ်ိဳးသား တဦးကို ရဲက ဖမ္းဆီးလိုက္ပါတယ္။

ၾသဂုတ္​ ၂၀ ရက္​​က သမီးျဖစ္​သူကို သုံးႀကိမ္​​ေျမာက္​ အဓမၼက်င္​့ဖို႔ႀကံစည္​ရာမွ သမီးျဖစ္​သူကထြက္​​ေျပးၿပီး မိခင္​ကိုတိုင္​လိုက္​တဲ့အတြက္​ မိခင္​ျဖစ္​သူနဲ႔ ဦး​ေလး​ေတာ္​စပ္​သူ​ေတြက ရဲစခန္းကို အမႈဖြင့္တိုင္​ၾကားထားတာျဖစ္​ပါတယ္​။

ဆီဆိုင္​ၿမိဳ႕နယ္​ ရဲတပ္​ဖြဲ႕မႉး ရဲမႉး သီဟန္​က​ “အဓိက​ေတာ့ သူက အရက္​​ေသစာ​ ေသာက္​စားတယ္​။ မူးယစ္​​ေဆးဝါး သုံးစြဲလို႔​ေပါ့ဗ်ာ။ သူ႔သမီးအရင္း​ေတာင္​မွ အသိမရွိဘဲ ျပဳက်င့္တာ​ေပါ့။ သူ႔ကို​ေတာ့ ဖမ္းမိၿပီ သက္​ငယ္​မုဒိမ္းမႈနဲ႔ အ​ေရးယူထားတယ္”လို႔ ေျပာပါတယ္။

အျပစ္​က်ဴးလြန္​သူ​ဟာ ​ေနာင္​သံဗတ္​႐ြာ​ေန အသက္​ ၄၁ ႏွစ္​ ဦးထြန္းျဖစ္​ၿပီး အသက္​ ၁၅ ႏွစ္​အ႐ြယ္​သမီးအရင္​းကို ႏွစ္​ႀကိမ္​တိုင္​ အဓမၼက်င့္ခဲ့တာျဖစ္​ပါတယ္​။

ဆီဆိုင္​ၿမိဳ႕နယ္​ ​ေနာင္​သံဗတ္​႐ြာမွာ ၂၀၁၆ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ သက္​ငယ္​မုဒိမ္းမႈမွာလည္း သံသယရွိသူကို ဖမ္းဆီးစစ္​​ေဆးျပဳလုပ္​တဲ့အထဲမွာ ဦးထြန္းလည္း ပါဝင္​ခဲ့တယ္​လို႔ ရဲတပ္​ဖြဲ႕ ထံကသိရပါတယ္​။

လတ္တေလာမွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးထားၿပီး သက္​ငယ္​မုဒိမ္းမႈ ရာဇသတ္​ႀကီး ပုဒ္​မ ၃၇၆ နဲ႔ ဘန္းယဥ္​ရဲစခန္းမွာ အ​ေရးယူထားပါတယ္​။
သတင္း- ခြန္ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013