DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် အိုင်​က​လောင်​အကျဉ်းစခန်းက အကျဉ်းသား ၆ ဦး ထွက်​​ပြေး
DVB
·
August 22, 2019
တိုက်ကြီးမြို့နယ် အိုင်​က​လောင်​အကျဉ်းစခန်းက အကျဉ်းသား ၆ ဦး ထွက်​​ပြေး
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်​ကြီးမြို့နယ်​ အိုင်​က​လောင်​စိုက်​​ပျိုး​ရေး၊ ​မွေးမျိုး​ရေးနှင့် အသက်​​မွေးမှု အတတ်​သင်  အကျဉ်းစခန်းမှာ သြဂုတ်​ ၂၀ ရက်​​ ညနေ ၃ နာရီကျော်လောက်က အကျဉ်းသား ၆ ဦး ထွက်​​ပြေးခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းသား အင်​အား ၆၇ ဦးနဲ့ စခန်း​မြောက်​ဘက်​ရှိ တပ်​ခွဲ(၁) ကွင်း အမှတ်​(၉) မှာ ဂိုက်​ဆွဲခြင်း၊ ဒုံးတင်​ခြင်းပြုလုပ်​နေစဉ်​ ထွက်​​ပြေးသွားခဲ့လို့ တာဝန်​ရှိတပ်​ဖွဲ့ဝင်​တွေက လိုက်​လံ ဖမ်းဆီးရာမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ အိုင်ကလောင် အကျဉ်းဦးစီးစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ထွက်ပြေးသူ မျိုးမြင့်​ဆွေ (ခ)​ ဇော်​မျိုး​အောင်​၊ ကို​ထွေး၊ လင်းခိုင်​၊ သိန်း​ဇော်​၊ ​သက်​ထွန်းဦး (ခ)​ နေလင်း၊ ဖြိုးသက်​​အောင်​(၁၉) နှစ်​တို့ကို တိုက်​ကြီးမြို့နယ်​ ကတိုင်​စိန်နယ်မြေရဲစခန်းက ရာဇသတ်​ကြီး ပုဒ်​မ ၂၂၄ အရ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ဒုရဲအုပ်ဇော်အေးက ပြောပါတယ်။

အကျဉ်းစခန်းက ထွက်ပြေးသူတွေကတော့ လူသတ်မှုနဲ့ ၂ဦး၊ ခိုးဆိုးလုနိုက်အမှုတွေနဲ့ အကျဉ်းကျခံထားရသူ ၄ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - မေသွယ်




တိုက္ႀကီးၿမိဳ႕နယ္ အိုင္​က​ေလာင္​အက်ဥ္းစခန္းက အက်ဥ္းသား ၆ ဦး ထြက္​​ေျပး
DVB
ရန္ကုန္တိုင္း၊ တိုက္​ႀကီးၿမိဳ႕နယ္​ အိုင္​က​ေလာင္​စိုက္​​ပ်ိဳး​ေရး၊ ​ေမြးမ်ိဳး​ေရးႏွင့္ အသက္​​ေမြးမႈ အတတ္​သင္ အက်ဥ္းစခန္းမွာ ၾသဂုတ္​ ၂၀ ရက္​​ ညေန ၃ နာရီေက်ာ္ေလာက္က အက်ဥ္းသား ၆ ဦး ထြက္​​ေျပးခဲ့တယ္လို႔ သိရပါတယ္။

အက်ဥ္းသား အင္​အား ၆၇ ဦးနဲ႔ စခန္း​ေျမာက္​ဘက္​ရွိ တပ္​ခြဲ(၁) ကြင္း အမွတ္​(၉) မွာ ဂိုက္​ဆြဲျခင္း၊ ဒုံးတင္​ျခင္းျပဳလုပ္​ေနစဥ္​ ထြက္​​ေျပးသြားခဲ့လို႔ တာဝန္​ရွိတပ္​ဖြဲ႕ဝင္​ေတြက လိုက္​လံ ဖမ္းဆီးရာမွာ ျပန္လည္ဖမ္းဆီးရမိခဲ့တယ္လို႔ အိုင္ကေလာင္ အက်ဥ္းဦးစီးစခန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

ထြက္ေျပးသူ မ်ိဳးျမင့္​ေဆြ (ခ)​ ေဇာ္​မ်ိဳး​ေအာင္​၊ ကို​ေထြး၊ လင္းခိုင္​၊ သိန္း​ေဇာ္​၊ ​သက္​ထြန္းဦး (ခ)​ ေနလင္း၊ ၿဖိဳးသက္​​ေအာင္​(၁၉) ႏွစ္​တို႔ကို တိုက္​ႀကီးၿမိဳ႕နယ္​ ကတိုင္​စိန္နယ္ေျမရဲစခန္းက ရာဇသတ္​ႀကီး ပုဒ္​မ ၂၂၄ အရ အမႈဖြင့္ ေဆာင္႐ြက္ေနတယ္လို႔ ဒုရဲအုပ္ေဇာ္ေအးက ေျပာပါတယ္။

အက်ဥ္းစခန္းက ထြက္ေျပးသူေတြကေတာ့ လူသတ္မႈနဲ႔ ၂ဦး၊ ခိုးဆိုးလုႏိုက္အမႈေတြနဲ႔ အက်ဥ္းက်ခံထားရသူ ၄ ဦးတို႔ ျဖစ္တယ္လို႔ သိရပါတယ္။
သတင္း - ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013