DVB Logo
Home
အာရှဒေသ
တောင်ကိုရီးယား အမျိုးသားလုံးခြုံရေးဥပဒေ၊ လွတ်လပ်စွာပြောရေးဆိုခွင့်ကို ဖိနှိပ်ဟုဝေဖန်ခံရ
DVB
·
December 13, 2012
တောင်ကိုရီးယား အမျိုးသားလုံးခြုံရေးဥပဒေ၊ လွတ်လပ်စွာပြောရေးဆိုခွင့်ကို ဖိနှိပ်ဟုဝေဖန်ခံရ
Donate to DVB

တောင်ကိုရီးယား နိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက်ဆက်သွယ်ရေးအကောင်းဆုံး ထိပ်တန်းနိုင်ငံဖြစ်သလို၊ အခန့်မသင့်လို့် အွန်လိုင်းမှာ အပြောမှားသွားရင် ဒုက္ခလည်း ရောက်သွားနိုင်ပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားအကြောင်းနဲ့ပတ်သက်လို့ အမှားအယွင်းမခံပါဘူး။ ဥပမာအနေနဲ့ ပါ့ခ် ဂျုံဂွန်း ဆိုရင် မကြာခင်တုန်းကပဲ မြောက်ကိုရီးယား အစိုးရကို ထောက်ခံမိတာကြောင့် အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ချက်ချလိုက်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေဟာ သမ္မတ လီမြောင်ဘက်ခ်ကို အတိုက်အခံလုပ်မယ့်သူတွေကို အသံတိတ်အောင် ဖိနှိပ်ထားတဲ့ ဥပဒေလို့ ဝေဖန်ကြပါတယ်။ ဒါကြောင့် နောက်တက်လာမယ့် ခေါင်းဆောင်သစ်လက်ထက်ကျရင် အဲဒီဥပဒေကို ပယ်ဖျက်ဖို့ လိုလားနေကြပါတယ်။ ဒီအကြောင်း ဆိုးလ်မြို့ကနေ ဂျက်ဆင် စတွန်သာက သတင်းပေးပို့ထားတာပါတယ်။ မယုယမိုးတင်ဆက်ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013