DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ကျပ်သိန်း ၃၄၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
August 22, 2019
မောင်တောတွင် ကျပ်သိန်း ၃၄၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ပိုင်ရှင်မဲ့ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂုံးနားကျေးရွာရှိ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်တလုံး အတွင်း နေအိမ်အိပ်ခန်းအောက်မြေကြီးမှာ မြှုပ်နှံထားတဲ့ ကျပ်သိန်း ၃၄၀၀ လောက်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ဝဝ ပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဆာလာအိတ်နဲ့ထုပ်ထားတဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ဝဝ ပြား၊ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၉ဝဝ ကျော်လောက်ကို သြဂုတ် ၁၉ ရက်ည ၉ နာရီဝန်းကျင်က လုံခြုံရေး ဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သွားရောက်သိမ်းဆည်းရရှိခဲ့တာပါ။

ဒါ့အပြင် မောင်တောမြို့နယ် အဘူကျကျေးရွာအနီး အနောက်ဘက် မီတာ ၈ဝဝ ခန့် အကွာရှိ ပုစွန်ကန်တာပေါင် လမ်းပေါ်မှာ ပစ်ချခဲ့တဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ဝဝဝ ပြား၊ ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ၁၅ဝဝ ကျော်လောက်ကို ထပ်မံသိမ်းဆည်း ရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီ ပုစွန်ကန်တာပေါင် လမ်းပေါ်မှာ ဆာလာအိတ်တအိတ် ထမ်ပြီး လမ်းလျှောက်လာသူ မသင်္ကာဖွယ် ဘင်္ဂါလီသုံးဦးကို တွေ့ရှိလို့ ခေါ်ယူစစ်ဆေးရာမှာ အဲ့ဒီသုံးဦးဟာ ဆာလာအိတ်ကို ပစ်ချပြီး ထွက်ပြေးသွားပြီး ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲ့ဒီပစ်ချခဲ့တဲ့ ဆာလာအိတ်ကို စစ်ဆေးရာမှာ WY စာတန်းပါ စိတ်ကြွရူးသွပ် ေဆးပျားေတြ သိမ်းဆည်းရရှိခဲ့ပြီး ပြင်ဖြူရဲစခန်းနဲ့ ငါးခူရရဲစခန်းတွေမှာ လွှဲပြောင်း အပ်နှံခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ် ၂၁ ရက်နေ့မှာ  သတင်းထုတ်ပြန်ပါတယ်။

ဝဏ္ဏခွာညို




ေမာင္ေတာတြင္ က်ပ္သိန္း ၃၄၀၀ ခန႔္တန္ဖိုးရွိ မူးယစ္ေဆးမ်ား ပိုင္ရွင္မဲ့ဖမ္းမိ
ဝဏၰခြာညိဳ
ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ ဂုံးနားေက်း႐ြာရွိ လူေနထိုင္ျခင္းမရွိတဲ့ ေနအိမ္တလုံး အတြင္း ေနအိမ္အိပ္ခန္းေအာက္ေျမႀကီးမွာ ျမႇဳပ္ႏွံထားတဲ့ က်ပ္သိန္း ၃၄၀၀ ေလာက္တန္ဖိုးရွိ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၉၇၅ဝဝ ျပား သိမ္းဆည္းရရွိခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ပါတယ္။

ဆာလာအိတ္နဲ႔ထုပ္ထားတဲ့ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၉၇၅ဝဝ ျပား၊ ခန႔္မွန္းတန္ဖိုး ေငြက်ပ္သိန္း ၁၉ဝဝ ေက်ာ္ေလာက္ကို ၾသဂုတ္ ၁၉ ရက္ည ၉ နာရီဝန္းက်င္က လုံၿခဳံေရး ေဆာင္႐ြက္ေနတဲ့ ပူးေပါင္းအဖြဲ႕ဟာ သတင္းအရ သြားေရာက္သိမ္းဆည္းရရွိခဲ့တာပါ။

ဒါ့အျပင္ ေမာင္ေတာၿမိဳ႕နယ္ အဘူက်ေက်း႐ြာအနီး အေနာက္ဘက္ မီတာ ၈ဝဝ ခန႔္ အကြာရွိ ပုစြန္ကန္တာေပါင္ လမ္းေပၚမွာ ပစ္ခ်ခဲ့တဲ့ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇၈ဝဝဝ ျပား၊ ခန႔္မွန္း တန္ဖိုးေငြ က်ပ္သိန္း ၁၅ဝဝ ေက်ာ္ေလာက္ကို ထပ္မံသိမ္းဆည္း ရမိခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ပါတယ္။

အဲ့ဒီ ပုစြန္ကန္တာေပါင္ လမ္းေပၚမွာ ဆာလာအိတ္တအိတ္ ထမ္ၿပီး လမ္းေလွ်ာက္လာသူ မသကၤာဖြယ္ ဘဂၤါလီသုံးဦးကို ေတြ႕ရွိလို႔ ေခၚယူစစ္ေဆးရာမွာ အဲ့ဒီသုံးဦးဟာ ဆာလာအိတ္ကို ပစ္ခ်ၿပီး ထြက္ေျပးသြားၿပီး ပစ္ခ်ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

အဲ့ဒီပစ္ခ်ခဲ့တဲ့ ဆာလာအိတ္ကို စစ္ေဆးရာမွာ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ ေဆးပ်ားေၾတ သိမ္းဆည္းရရွိခဲ့ၿပီး ျပင္ျဖဴရဲစခန္းနဲ႔ ငါးခူရရဲစခန္းေတြမွာ လႊဲေျပာင္း အပ္ႏွံခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ၾသဂုတ္ ၂၁ ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013