DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၁ ဦး ၈ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
August 22, 2019
ထိုင်းတွင် မြန်မာအလုပ်သမား ၁ ဦး ၈ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး
Donate to DVB

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဆီရားချားမြို့နယ်က ဆောက်လက်စ တက္ကသိုလ်အဆောက်အဦ ၈ လွှာပေါ်ကနေ မြန်မာအလုပ်သမား ၁ ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သြဂုတ် ၂၁ ရက်နေ့ညက အလုပ်သမား ၁ ဦး ပြုတ်ကျသေဆုံးကြောင်း အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ၈ လွှာ ကနေ ဆက်သွယ်ရေးမီးကြိုးများသွယ်တန်းတဲ့ အပေါက်ကြီးထဲ ပြုတ်ကျပြီး သွေးအိုင်ထဲလဲနေတဲ့ လူတဦးကိုတွေ့ရတာလို့ လဲမ်ချပန်နယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အဆိုပါလူမှာ ခြေ၊ လက်တွေ ကျိုးပြီး ခေါင်းကွဲကာ တကိုယ်လုံးပွန်းပဲ့ ဒဏ်ရာ အပြည့်ရထားပြီး ကယ်ဆယ်ရေးကားနဲ့ ဆေးရုံကိုအမြန်ဆုံးပို့ဆောင်ခဲ့ပေမယ့် မကြာခင်မှာ သေဆုံးသွားခဲ့ပါတယ်။

ပြုတ်ကျသေဆုံးသူမှာ အသက် ၄၅ နှစ်ရွယ်ရှိ ဦးလှဆိုသူ မြန်မာအလုပ်သမား ၁ ဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဘက် အလုပ်သမားတွေ ပြောပြချက်အရ သူတို့ဟာ ယမန်နေ့က ၉ ထပ်တိုက် အဆောက်အဦနဲ့ ၅ လွှာကြားရှိ ကားပါကင်ထိုးတဲ့နေရာမှာ အလုပ်လုပ်နေကြောင်း၊  အလုပ် မသိမ်းခင် ဦးလှက ၈ ထပ်တိုက်ဘက် တက်သွားတော့ အလုပ်သမား ၁ ဦးက လှမ်းမေးရာမှာ ဦးလှက အဲဒီဘက်မှာ ခေါ်သံကြားလို့ သွားကြည့်မယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် အလုပ်သမားတွေလည်း အလုပ်သိမ်းပြီး အလုပ်သမားတန်းလျား ဆီပြန်ခဲ့ကြောင်း၊ အဲဒီမှာ ဦးလှကို မတွေ့လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပြန်သွားကြည့်တော့ ၈ လွှာကနေ ပြုတ်ကျနေတဲ့ သူ့ကိုတွေ့ပြီး ဆေးရုံပို့ပေးခဲ့ကြပေမယ့် ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက မတော်တဆလိမ့်ကျမှုလို့ ယူဆပေမယ့် သက်ဆိုင်ရာ အလုပ်ကြီးကြပ်သူနဲ့ ကန်ထရိုက်တာတွေကို ခေါ်ယူမေးမြန်းဦးမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

Source: https://www.khaosod.co.th/around-thailand/news_2822718 




ထိုင္းတြင္ ျမန္မာအလုပ္သမား ၁ ဦး ၈ ထပ္တိုက္ေပၚမွ ျပဳတ္က်ေသဆုံး
ဒီဗြီဘီ
ထိုင္းႏိုင္ငံ အေရွ႕ေတာင္ပိုင္း ခြၽန္းပူးရီးခ႐ိုင္ ဆီရားခ်ားၿမိဳ႕နယ္က ေဆာက္လက္စ တကၠသိုလ္အေဆာက္အဦ ၈ လႊာေပၚကေန ျမန္မာအလုပ္သမား ၁ ဦး ျပဳတ္က်ေသဆုံးခဲ့တယ္လို႔ ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။

ၾသဂုတ္ ၂၁ ရက္ေန႔ညက အလုပ္သမား ၁ ဦး ျပဳတ္က်ေသဆုံးေၾကာင္း အေၾကာင္းၾကားခ်က္ရတဲ့အတြက္ လူနာတင္ယာဥ္ေတြနဲ႔အတူ သြားေရာက္စစ္ေဆးရာမွာ ၈ လႊာ ကေန ဆက္သြယ္ေရးမီးႀကိဳးမ်ားသြယ္တန္းတဲ့ အေပါက္ႀကီးထဲ ျပဳတ္က်ၿပီး ေသြးအိုင္ထဲလဲေနတဲ့ လူတဦးကိုေတြ႕ရတာလို႔ လဲမ္ခ်ပန္နယ္ေျမ ရဲတပ္ဖြဲ႕ တာဝန္ရွိသူက သတင္းေထာက္ကို ေျပာပါတယ္။

အဆိုပါလူမွာ ေျခ၊ လက္ေတြ က်ိဳးၿပီး ေခါင္းကြဲကာ တကိုယ္လုံးပြန္းပဲ့ ဒဏ္ရာ အျပည့္ရထားၿပီး ကယ္ဆယ္ေရးကားနဲ႔ ေဆး႐ုံကိုအျမန္ဆုံးပို႔ေဆာင္ခဲ့ေပမယ့္ မၾကာခင္မွာ ေသဆုံးသြားခဲ့ပါတယ္။

ျပဳတ္က်ေသဆုံးသူမွာ အသက္ ၄၅ ႏွစ္႐ြယ္ရွိ ဦးလွဆိုသူ ျမန္မာအလုပ္သမား ၁ ဦးျဖစ္ၿပီး လုပ္ေဖာ္ကိုင္ဘက္ အလုပ္သမားေတြ ေျပာျပခ်က္အရ သူတို႔ဟာ ယမန္ေန႔က ၉ ထပ္တိုက္ အေဆာက္အဦနဲ႔ ၅ လႊာၾကားရွိ ကားပါကင္ထိုးတဲ့ေနရာမွာ အလုပ္လုပ္ေနေၾကာင္း၊ အလုပ္ မသိမ္းခင္ ဦးလွက ၈ ထပ္တိုက္ဘက္ တက္သြားေတာ့ အလုပ္သမား ၁ ဦးက လွမ္းေမးရာမွာ ဦးလွက အဲဒီဘက္မွာ ေခၚသံၾကားလို႔ သြားၾကည့္မယ္လို႔ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ အလုပ္သမားေတြလည္း အလုပ္သိမ္းၿပီး အလုပ္သမားတန္းလ်ား ဆီျပန္ခဲ့ေၾကာင္း၊ အဲဒီမွာ ဦးလွကို မေတြ႕လို႔ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို ျပန္သြားၾကည့္ေတာ့ ၈ လႊာကေန ျပဳတ္က်ေနတဲ့ သူ႔ကိုေတြ႕ၿပီး ေဆး႐ုံပို႔ေပးခဲ့ၾကေပမယ့္ ဆုံးပါးသြားတယ္လို႔ ဆိုပါတယ္။

တာဝန္ရွိသူေတြက မေတာ္တဆလိမ့္က်မႈလို႔ ယူဆေပမယ့္ သက္ဆိုင္ရာ အလုပ္ႀကီးၾကပ္သူနဲ႔ ကန္ထ႐ိုက္တာေတြကို ေခၚယူေမးျမန္းဦးမယ္လို႔ သတင္းေထာက္ေတြကို ေျပာသြားပါတယ္။
Source: https://www.khaosod.co.th/around-thailand/news_2822718

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013