DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့နယ်တွင်  မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး ပစ်သတ်ခံရ
DVB
·
August 21, 2019
လားရှိုးမြို့နယ်တွင်  မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး ပစ်သတ်ခံရ
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယန်းအုပ်စုက ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူတို့ဟာ  သြဂုတ် ၂၀ ရက် ညက နေအိမ်မီးရှို့ခံခဲ့ရပြီး ပစ်သတ်ခံခဲ့ရပါတယ်။

မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင် (အသက် ၆၀ နှစ်)နဲ့ ဇနီးဖြစ်သူ ဒေါ်အေးမြ (၅၀ နှစ်) တို့ ဇနီးမောင်နှံဟာ ယမန်နေ့ညက မိုင်းယန်းအုပ်စု မန်ကောင်းကျေးရွာရှိ နေအိမ်မှာ ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်ပြီး အိမ်ကိုလည်း မီးရှို့သွားတယ်လို့ သူတို့အလောင်းတွေကို လားရှိုးဆေးရုံသို့ ကူညီသယ်ဆောင်ပေးခဲ့တဲ့ လားရှိုးရှမ်းလူငယ်အဖွဲ့ ခေါင်းဆောင် စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ည ၈ နာရီခွဲလောက်က သူတို့ရွာထဲမှာ ပစ်ခတ်သံတွေ ကြားလို့ ရွာသားတွေက တိုက်ပွဲဖြစ်တယ်ထင်ပြီး ဘယ်သူမှ အပြင်မထွက်ရဲဘူး။ ည ၉ နာရီကျော် အသံတွေငြိမ်ပြီး လက်နက်ကိုင်အဖွဲ့တွေ ထွက်သွားလို့ အပြင်ထွက်ကြည့်လိုက်တော့ အဲဒီအဖွဲ့တွေက ဦးဝင်းမောင်တို့ အိမ်တလုံးတည်းကိုပဲ အကြိမ်ကြိမ်ပစ်ခတ်ပြီး ဗုံးလည်း ခွဲတယ်။ အိမ်ကိုလည်း မီးရှို့သွားတယ်၊ သူတို့လင်မယားလည်း အပစ်ခံရတာကို တွေ့ရတယ်။ သူတို့မြေးက ကျနော်တို့ကို ပြန်ပြောပြတာကတော့ မနေ့ညက သူတို့ မိသားစု ၃ ယောက် အိမ်ထဲမှာ ဗွီဒီယိုကြည့်နေတုန်း အိမ်ကို လက်နက်လာထိလို့ ထွက်ပြေးကြတယ်တဲ့၊ မြေးက အိမ်ပေါ်ထပ် ဝရန်တာကနေခုန်ချပြီး လယ်ကွင်းထဲကို ထွက်ပြေးလွတ်မြောက်ပြီး ဦးဝင်းမောင်က ရေအိမ်ထဲမှာ ဝင်ပုန်းနေတုန်း အပစ်ခံရတာ၊ သူ့မိန်းမကတော့ အိမ်သာ အပြင်ဘက် ၁၀ ကိုက်လောက်အကွာမှာ အပစ်ခံရတာ”

ကနေ့မနက် သူတို့ကူညီရေးအဖွဲ့တွေ ရောက်သွားတော့ ဦးဝင်းမောင်ရဲ့ အလောင်းကို ရေအိမ်ထဲမှာ တွေ့ခဲ့ပြီး အတွင်းဘက်ကနေ ကလန့်ထိုးထားကြောင်း၊ သေနတ်သမားတွေက ရေအိမ်နံရံကို တထွာလောက် ဖောက်ပြီး အထဲကို ဗုံးပစ်ထည့်တာလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် နေအိမ်နဲ့ ထော်လဂျီကား ၁ စီး၊ ဆိုင်ကယ် ၁ စီးကိုလည်း မီးရှို့သွားကြောင်း၊ ကားရော ဆိုင်ကယ်ပါ အကုန်ပျက်စီးပြီး အိမ်ကတော့ နှစ်ထပ်တိုက်အိမ်ဖြစ်လို့ အားလုံး မလောင်ကျွမ်းပေမယ့် အတော်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဲဒီအိမ်ထဲကနေ အမျိုးအမည်မသိ ကျည်ခွံ ၁၇ ခု၊ လက်နက်ကြီး ၁လုံး တွေ့ရှိပြီး အိမ်ပေါ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးငယ် ၁ လုံး၊ အိမ်သာနားမှာ နောက် ၁ လုံး တွေ့ရှိကြောင်း၊ သူတို့ဟာ အဲဒီဖြစ်စဉ်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ စရဖတွေဆီ အကြောင်းကြားထားပေမယ့် ကနေ့နေ့လယ်ပိုင်း လာရောက် စစ်ဆေးရှင်းလင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။

သေဆုံးသူ ဦးဝင်းမောင်နဲ့ ဇနီးသည်တို့အလောင်းကို သူတို့ကူညီရေးအဖွဲ့တွေက လားရှိုး ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဘယ်အဖွဲ့က ဘာကြောင့်ပစ်သွားရသလဲ ဆိုတာတော့ မသိရသေးပါဘူး။

Photo : Sai Tiger Tai

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လားရႈိးၿမိဳ႕နယ္တြင္  မိုင္းယန္းျပည္သူ႔စစ္ေခါင္းေဆာင္ႏွင့္ဇနီး ပစ္သတ္ခံရ

ရွမ္းျပည္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕နယ္၊ မိုင္းယန္းအုပ္စုက ျပည္သူ႔စစ္ေခါင္းေဆာင္နဲ႔ ဇနီးျဖစ္သူတို႔ဟာ  ၾသဂုတ္ ၂၀ ရက္ ညက ေနအိမ္မီးရႈိ႕ခံခဲ့ရၿပီး ပစ္သတ္ခံခဲ့ရပါတယ္။

မိုင္းယန္းျပည္သူ႔စစ္ေခါင္းေဆာင္ ဦးဝင္းေမာင္ (အသက္ ၆၀ ႏွစ္)နဲ႔ ဇနီးျဖစ္သူ ေဒၚေအးျမ (၅၀ ႏွစ္) တို႔ ဇနီးေမာင္ႏွံဟာ ယမန္ေန႔ညက မိုင္းယန္းအုပ္စု မန္ေကာင္းေက်း႐ြာရွိ ေနအိမ္မွာ ရွိေနစဥ္ အမည္မသိ လက္နက္ကိုင္အဖြဲ႕တဖြဲ႕က လာေရာက္ပစ္ခတ္ၿပီး အိမ္ကိုလည္း မီးရႈိ႕သြားတယ္လို႔ သူတို႔အေလာင္းေတြကို လားရႈိးေဆး႐ုံသို႔ ကူညီသယ္ေဆာင္ေပးခဲ့တဲ့ လားရႈိးရွမ္းလူငယ္အဖြဲ႕ ေခါင္းေဆာင္ စိုင္းဟန္က ဒီဗြီဘီကို ေျပာပါတယ္။

“မေန႔ည ၈ နာရီခြဲေလာက္က သူတို႔႐ြာထဲမွာ ပစ္ခတ္သံေတြ ၾကားလို႔ ႐ြာသားေတြက တိုက္ပြဲျဖစ္တယ္ထင္ၿပီး ဘယ္သူမွ အျပင္မထြက္ရဲဘူး။ ည ၉ နာရီေက်ာ္ အသံေတြၿငိမ္ၿပီး လက္နက္ကိုင္အဖြဲ႕ေတြ ထြက္သြားလို႔ အျပင္ထြက္ၾကည့္လိုက္ေတာ့ အဲဒီအဖြဲ႕ေတြက ဦးဝင္းေမာင္တို႔ အိမ္တလုံးတည္းကိုပဲ အႀကိမ္ႀကိမ္ပစ္ခတ္ၿပီး ဗုံးလည္း ခြဲတယ္။ အိမ္ကိုလည္း မီးရႈိ႕သြားတယ္၊ သူတို႔လင္မယားလည္း အပစ္ခံရတာကို ေတြ႕ရတယ္။ သူတို႔ေျမးက က်ေနာ္တို႔ကို ျပန္ေျပာျပတာကေတာ့ မေန႔ညက သူတို႔ မိသားစု ၃ ေယာက္ အိမ္ထဲမွာ ဗြီဒီယိုၾကည့္ေနတုန္း အိမ္ကို လက္နက္လာထိလို႔ ထြက္ေျပးၾကတယ္တဲ့၊ ေျမးက အိမ္ေပၚထပ္ ဝရန္တာကေနခုန္ခ်ၿပီး လယ္ကြင္းထဲကို ထြက္ေျပးလြတ္ေျမာက္ၿပီး ဦးဝင္းေမာင္က ေရအိမ္ထဲမွာ ဝင္ပုန္းေနတုန္း အပစ္ခံရတာ၊ သူ႔မိန္းမကေတာ့ အိမ္သာ အျပင္ဘက္ ၁၀ ကိုက္ေလာက္အကြာမွာ အပစ္ခံရတာ”

ကေန႔မနက္ သူတို႔ကူညီေရးအဖြဲ႕ေတြ ေရာက္သြားေတာ့ ဦးဝင္းေမာင္ရဲ႕ အေလာင္းကို ေရအိမ္ထဲမွာ ေတြ႕ခဲ့ၿပီး အတြင္းဘက္ကေန ကလန႔္ထိုးထားေၾကာင္း၊ ေသနတ္သမားေတြက ေရအိမ္နံရံကို တထြာေလာက္ ေဖာက္ၿပီး အထဲကို ဗုံးပစ္ထည့္တာလို႔ သူက ဆက္ေျပာပါတယ္။

ဒါ့အျပင္ ေနအိမ္နဲ႔ ေထာ္လဂ်ီကား ၁ စီး၊ ဆိုင္ကယ္ ၁ စီးကိုလည္း မီးရႈိ႕သြားေၾကာင္း၊ ကားေရာ ဆိုင္ကယ္ပါ အကုန္ပ်က္စီးၿပီး အိမ္ကေတာ့ ႏွစ္ထပ္တိုက္အိမ္ျဖစ္လို႔ အားလုံး မေလာင္ကြၽမ္းေပမယ့္ အေတာ္ပ်က္စီးသြားတယ္လို႔ ဆိုပါတယ္။

အဲဒီအိမ္ထဲကေန အမ်ိဳးအမည္မသိ က်ည္ခြံ ၁၇ ခု၊ လက္နက္ႀကီး ၁လုံး ေတြ႕ရွိၿပီး အိမ္ေပၚမွာ မေပါက္ကြဲေသးတဲ့ ဗုံးငယ္ ၁ လုံး၊ အိမ္သာနားမွာ ေနာက္ ၁ လုံး ေတြ႕ရွိေၾကာင္း၊ သူတို႔ဟာ အဲဒီျဖစ္စဥ္ကို သက္ဆိုင္ရာ ရဲတပ္ဖြဲ႕နဲ႔ စရဖေတြဆီ အေၾကာင္းၾကားထားေပမယ့္ ကေန႔ေန႔လယ္ပိုင္း လာေရာက္ စစ္ေဆးရွင္းလင္းတာ မရွိေသးဘူးလို႔ ဆိုပါတယ္။

ေသဆုံးသူ ဦးဝင္းေမာင္နဲ႔ ဇနီးသည္တို႔အေလာင္းကို သူတို႔ကူညီေရးအဖြဲ႕ေတြက လားရႈိး ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ဘယ္အဖြဲ႕က ဘာေၾကာင့္ပစ္သြားရသလဲ ဆိုတာေတာ့ မသိရေသးပါဘူး။

Photo : Sai Tiger Tai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013