DVB Logo
Home
မြန်မာသတင်း
မုံရွာသံဃာတော်တွေ မြို့ တွင်းလှည့်လည် ဆန္ဒပြ
DVB
·
December 13, 2012
မုံရွာသံဃာတော်တွေ မြို့ တွင်းလှည့်လည် ဆန္ဒပြ
Donate to DVB

လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ ဒဏ်ရာရသံဃာတွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ မုံရွာမြို့က သံဃာနဲ့အရပ်သား  ၁၅၀  ခန့် ဒီနေ့ ဆက်လက် ဆန္ဒပြပါတယ်။

မနေ့က စတင်တဲ့ အထွေထွေသပိတ်ရဲ့အဆက်အဖြစ် မုံရွာမြို့ သံဃာအပါး ၅၀ လောက် မြို့တွင်းလှည့်လှည် မေတ္တာပို့ခဲ့တယ်လို့ အဲဒီချီတက်ပွဲမှာ လိုက်ပါတဲ့ ကျောင်းသားလူငယ် တဦးက ပြောပါတယ်။

“သံဃာအင်အားက ၅၀၊ လူဦးရေက ၁၀၀ လောက်ရှိတယ်။ ကြွေးကြော်သံတွေ မရွတ်ဘူး၊ ခါတိုင်းလိုပဲ မေတ္တာသုတ်ရွတ်တယ်။ အတားအဆီးတော့ မရှိပါဘူး။”

ဆန္ဒပြတဲ့ကိုယ်တော်တွေဟာ ရွှေစည်းခုံဘုရားကနေထွက်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကနေ အလုံ-မြင်းမူလမ်းအတိုင်း ကြွချီပြီး မြစ်ကမ်းနဘေးကနေ ရွှေစည်းခုံကို ပြန်ဝင်တယ်လို့ ဆိုပါတယ်။ မနေ့က ချီတက်ပွဲမှာတော့ မုံရွာ သံဃာအပါးရေ ၃၀၀၀ ခန့်နဲ့ မြို့ခံထောင်ပေါင်းများစွာ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

မနေ့က အထွေထွေသပိတ်အစမှာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ပြည်၊ ပုသိမ်၊ မုံရွာနဲ့ ချောက်မြို့တွေမှာ သံဃာတွေနဲ့ ပြည်သူရာပေါင်းများစွာ လမ်းပေါ်တက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကျန်နေရာတွေမှာ ချီတက်တာ မတွေ့ရပါဘူး။

တနလာင်္နေ့က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှုဦးဆောင်ကော်မတီရဲ့ တောင်းဆိုချက် ၃ ရပ်ကတော့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာတွေကို အမြန်ဆုံးဝန်ချတောင်းပန်ဖို့။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်သူတွေကို ဥပဒေအရ ထိရောက်စွာအရေးယူပေးဖို့ စတာတွေ ဖြစ်ပါတယ်။

ဒီကနေ့ သပိတ်ရပ်နားထားတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှုဦးဆောင်ကော်မတီ က ဦးသောဘိတကို မေးမြန်းလျှောက်ထားရာမှာတော့

“ဦးဇင်းတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှုဦးဆောင်ကော်မတီ ဖွဲ့လိုက်တာကိုက လှုပ်ရှားမှုတွေကို အရှိန်မြှင့်တင်ဖို့၊ လိုချင်တဲ့ ပန်းတိုင်တခုရောက်ဖို့ လုပ်လိုက်တာပါ။ ဒီကြားထဲမှာ အဖျက်တွေ အများကြီး ၀င်လာတယ်။ ၀င်လာတဲ့အဖျက်တွေက ဦးဆောင်သူတွေကို ဖမ်းဆီးတဲ့ လမ်းကြောင်းကို မသွားတော့ဘဲ နောက်ကျောကနေ သတင်းမျိုးစုံနဲ့ သံဃာအချင်းချင်းတိုက်ပေးတယ်၊ သံဃာအချင်းချင်းကို ဖြိုခွဲတယ်။ သံဃာကြားမှာ သတင်းပေါင်းများစွာနဲ့ ပုံစံမျိုးစုံနဲ့ ၀င်လာတဲ့အခါ ဦးဇင်းတို့ အရင်ထားခဲ့တဲ့ လမ်းကြောင်းကို ပြန်ပြောင်းလဲရမယ် ဆိုတာ ဦးဇင်းတို့ ပြောချင်တယ်။ အခု ရပ်လိုက်တာဟာ နောက်ဆုတ်တာ မဟုတ်ဘူး၊ နောက်ထပ်တခုလုပ်ဖို့အတွက် အင်အားတခုပြန်စုလိုက်တာ၊ ဒီထက်ကောင်းတဲ့ အကြံဥာဏ်၊ လမ်းကြောင်း ပြန်ရွေးဖို့ ဦးဇင်းတို့ နောက်ပြန်ဆုတ်လိုက်တယ်ဆိုတာကို သံဃာထုနဲ့ ပြည်သူလူထုအားလုံး သိစေချင်ပါတယ်။”

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013