DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင် ရိုးရာလက်​လုပ်​မုန့်နှင့် သစ်​သီးသစ်​ဥ ပြပွဲပြိုင်​ပွဲကျင်းပ
DVB
·
August 21, 2019
ချောက်မြို့တွင် ရိုးရာလက်​လုပ်​မုန့်နှင့် သစ်​သီးသစ်​ဥ ပြပွဲပြိုင်​ပွဲကျင်းပ
1 / 6
Donate to DVB

မကွေးတိုင်း၊ ​ချောက်​မြို့နယ်​ရှိ  ​စာသင်​​ကျောင်းတွေမှာ ​ရိုးရာမုန့်ပြန်​လည်​​ရောင်းချ​စေ​ရေး အတွက် ရိုးရာလက်​လုပ်​မုန့်နဲ့ သစ်​သီးသစ်​ဥပြပွဲပြိုင်​ပွဲကို ​မြို့နယ်​​ကျောင်းကျန်းမာ​ရေးဌာနက ဦးစီး​ပြီး ​ချောက်​မြို့ အမှတ်​(၁)အထထက်တန်း ကျောင်းမှာ ဩဂုတ် ၂၀ ရက်က ပြုလုပ်​ပါတယ်​။

မြို့နယ်​ ​ကျောင်းကျန်းမာ​ရေးဌာနမှ ​ဒေါက်​တာတိုးတိုး​မေက “များ​သောအားဖြင့် ​ရောင်း​နေတာက Ready make ​တွေ ပါကင်​​တွေနဲ့လာတာ သူတို့က ကုန်​ဆုံးရက်​ပါ​ပေမယ့်လည်း တာရှည်​ခံ​ထားလို့ရတဲ့ ပစ္စည်းပါမှာဘဲ၊ ဒါ​တွေက က​လေး​တွေကို ဆိုးကျိုးဖြစ်​​စေတယ်​။ ရိုးရာလက်​လုပ်​မုန့်က​တော့ တ​​နေ့လုပ်​ပြီးရင်​ တာရှည်​ခံမပါတဲ့အတွက်​ သိုးသွားမယ်​ အနံ့ထွက်​လာ​တော့ စားလို့မရမှန်းလည်း သိလာမယ်​။ အဲဒီ​တော့ ​နေ့ချင်း ကုန်​​အောင် ​​ရောင်းမှ အဆင်​​ပြေမယ်​။ အဲ​တော့ ​နေချင်း ကုန်​နိုင်​သ​လောက် ​လုပ်​​ရောင်းကြမယ်။ ​နောက် ​အာဟာရလည်းဖြစ်​တယ်။ နှိုင်းယှဉ်​မရ​အောင်​ ကွာခြားပါတယ်​”လို့ ​ပြောပါတယ်​။

ပြပွဲမှာ ရိုးရာလက်​လုပ်​မုန့် အမျိုး ၄၀ ကျော်​နဲ့ အသီးအနှံ အမျိုး ၅၀ လောက်ကို အင်​အားဖြစ်​​စေ​တဲ့ အ​စာ၊ ခန္ဓာကြီးထွား​စေ​တဲ့ အစာနဲ့ ​ရောဂါကာကွယ်​​စေ​တဲ့ အစာ ဆိုပြီးလည်း ခွဲခြားပြသထားပါတယ်။

ပြိုင်ပွဲဝင်​​ရောက်​ယှဉ်​ပြိုင်​​တဲ့​ အထက်တန်းကျောင်းတွေကို ဆုတွေ​ပေးအပ်​ပြီး မြို့​ပေါ်​ အလယ်​တန်းနဲ့ အလွန်​​ကျောင်း​ပေါင်း ၂၀ ကျော်​ကလည်း ရိုးရာမုန့်တ​မျိုးစီ လာ​ရောက်​ပြသခဲ့ကြ ပါတယ်​။

ချောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက “အားလုံး ကျန်းမာကြံ့ခိုင်တဲ့ ကလေးသူငယ်တွေ ဖြစ်ဖို့အတွက်က နိုင်ငံတော်အဆင့်ကနေပြီးတော့ ပံ့ပိုးမှုအားတွေက အများကြီးလိုအပ်ပါတယ်။ အဲဒါကြောင့်မလို့ လိုအပ်တဲ့အတွက်လည်း အန်တီတို့ လွှတ်တော်ကိုယ်တွေအနေနဲ့တော့ အစိုးရအဖွဲ့အသီးသီးကို ကျောင်းကျန်းမာရေးအတွက် ဘတ်ဂျတ်ငွေ တိုးချဲ့ချီးမြှင့်ပေးဖို့ တင်ပြတောင်းဆိုသွားမှာဖြစ်ပါတယ်”လို့ ​ပြောပါတယ်​။

သတင်း- ကိုလင်း (​ချောက်​)




ေခ်ာက္ၿမိဳ႕တြင္ ႐ိုးရာလက္​လုပ္​မုန္႔ႏွင့္ သစ္​သီးသစ္​ဥ ျပပြဲၿပိဳင္​ပြဲက်င္းပ
DVB

မေကြးတိုင္း၊ ​ေခ်ာက္​ၿမိဳ႕နယ္​ရွိ ​စာသင္​​ေက်ာင္းေတြမွာ ​႐ိုးရာမုန္႔ျပန္​လည္​​ေရာင္းခ်​ေစ​ေရး အတြက္ ႐ိုးရာလက္​လုပ္​မုန႔္နဲ႔ သစ္​သီးသစ္​ဥျပပြဲၿပိဳင္​ပြဲကို ​ၿမိဳ႕နယ္​​ေက်ာင္းက်န္းမာ​ေရးဌာနက ဦးစီး​ၿပီး ​ေခ်ာက္​ၿမိဳ႕ အမွတ္​(၁)အထထက္တန္း ေက်ာင္းမွာ ဩဂုတ္ ၂၀ ရက္က ျပဳလုပ္​ပါတယ္​။

ၿမိဳ႕နယ္​ ​ေက်ာင္းက်န္းမာ​ေရးဌာနမွ ​ေဒါက္​တာတိုးတိုး​ေမက “မ်ား​ေသာအားျဖင့္ ​ေရာင္း​ေနတာက Ready make ​ေတြ ပါကင္​​ေတြနဲ႔လာတာ သူတို႔က ကုန္​ဆုံးရက္​ပါ​ေပမယ့္လည္း တာရွည္​ခံ​ထားလို႔ရတဲ့ ပစၥည္းပါမွာဘဲ၊ ဒါ​ေတြက က​ေလး​ေတြကို ဆိုးက်ိဳးျဖစ္​​ေစတယ္​။ ႐ိုးရာလက္​လုပ္​မုန္႔က​ေတာ့ တ​​ေန႔လုပ္​ၿပီးရင္​ တာရွည္​ခံမပါတဲ့အတြက္​ သိုးသြားမယ္​ အနံ႔ထြက္​လာ​ေတာ့ စားလို႔မရမွန္းလည္း သိလာမယ္​။ အဲဒီ​ေတာ့ ​ေန႔ခ်င္း ကုန္​​ေအာင္ ​​ေရာင္းမွ အဆင္​​ေျပမယ္​။ အဲ​ေတာ့ ​ေနခ်င္း ကုန္​ႏိုင္​သ​ေလာက္ ​လုပ္​​ေရာင္းၾကမယ္။ ​ေနာက္ ​အာဟာရလည္းျဖစ္​တယ္။ ႏႈိင္းယွဥ္​မရ​ေအာင္​ ကြာျခားပါတယ္​”လို႔ ​ေျပာပါတယ္​။

ျပပြဲမွာ ႐ိုးရာလက္​လုပ္​မုန္႔ အမ်ိဳး ၄၀ ေက်ာ္​နဲ႔ အသီးအႏွံ အမ်ိဳး ၅၀ ေလာက္ကို အင္​အားျဖစ္​​ေစ​တဲ့ အ​စာ၊ ခႏၶာႀကီးထြား​ေစ​တဲ့ အစာနဲ႔ ​ေရာဂါကာကြယ္​​ေစ​တဲ့ အစာ ဆိုၿပီးလည္း ခြဲျခားျပသထားပါတယ္။

ၿပိဳင္ပြဲဝင္​​ေရာက္​ယွဥ္​ၿပိဳင္​​တဲ့​ အထက္တန္းေက်ာင္းေတြကို ဆုေတြ​ေပးအပ္​ၿပီး ၿမိဳ႕​ေပၚ​ အလယ္​တန္းနဲ႔ အလြန္​​ေက်ာင္း​ေပါင္း ၂၀ ေက်ာ္​ကလည္း ႐ိုးရာမုန္႔တ​မ်ိဳးစီ လာ​ေရာက္​ျပသခဲ့ၾက ပါတယ္​။

ေခ်ာက္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစန္းစန္းဝင္းက “အားလုံး က်န္းမာႀကံ့ခိုင္တဲ့ ကေလးသူငယ္ေတြ ျဖစ္ဖို႔အတြက္က ႏိုင္ငံေတာ္အဆင့္ကေနၿပီးေတာ့ ပံ့ပိုးမႈအားေတြက အမ်ားႀကီးလိုအပ္ပါတယ္။ အဲဒါေၾကာင့္မလို႔ လိုအပ္တဲ့အတြက္လည္း အန္တီတို႔ လႊတ္ေတာ္ကိုယ္ေတြအေနနဲ႔ေတာ့ အစိုးရအဖြဲ႕အသီးသီးကို ေက်ာင္းက်န္းမာေရးအတြက္ ဘတ္ဂ်တ္ေငြ တိုးခ်ဲ႕ခ်ီးျမႇင့္ေပးဖို႔ တင္ျပေတာင္းဆိုသြားမွာျဖစ္ပါတယ္”လို႔ ​ေျပာပါတယ္​။
သတင္း- ကိုလင္း (​ေခ်ာက္​)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013