DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းဝန်ကြီးချုပ် ရေးမြို့တွင် ရေဘေးလာရောက်လှူဒါန်း
DVB
·
August 21, 2019
မန္တလေးတိုင်းဝန်ကြီးချုပ် ရေးမြို့တွင် ရေဘေးလာရောက်လှူဒါန်း
1 / 5
Donate to DVB

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနဲ့ အစိုးရအဖွဲ့ဝင်တာဝန်ရှိသူတွေက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးအပ်တဲ့ အခမ်းအနားကို သြဂုတ် ၂၁ ရက် နေ့လယ်က မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်သူ့အားကစားရုံမှာ ကျင်းပပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “အခုလို ရေကြီးနစ်မြုပ်မှုမှာ တခါမှ မကြုံဘူးသလို တွေ့ကြုံခံစားရတဲ့ ရေဘေးသင့်ပြည်သူတွေ လူသားချင်းစာနာထောက်ထားတဲ့ အတွက် ကူညီထောက်ပံ့ပေးမှာဖြစ်သလို ရေရှည်ရေကြီးမှုဒဏ်ကာကွယ်မယ့် အစီအစဉ်ကိုလည်း ဆက်လက်လုပ်ဆောင်မယ်”လို့ ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ပြည်သူတွေအသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရတာတွေ သဘာဝဘေးအန္တရာယ်တွေ့ကြုံနေရတဲ့ အခြေအနေမှာ ရာသီဥတုပြောင်းလဲလာသလို သဘာဝဘေးအန္တရာယ်လျော့နည်းအောင် အစိုးရတရပ်အနေနဲ့ တတ်နိုင်သလောက် ကြိုးစားကာကွယ်သွားမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် စားသုံးကုန် ပစ္စည်းတန်ဖိုးကျပ် သိန်း ၁၅၀၀ ကျော်ကို မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ စေတနာရှင်တွေက အလှူငွေကို မွန်ပြည်နယ် ဝန်ကြီးချုပ်ထံလွှဲပြောင်း

ပေးအပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ရေးမြို့နယ်အတွင်း ရေဘေးသင့် ပျက်စီးမှုအခြေအနေတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း အခြေနေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

သတင်း - နေမျိုးထွဋ်




မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေရးၿမိဳ႕တြင္ ေရေဘးလာေရာက္လႉဒါန္း
DVB
မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္၊ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအးဇံနဲ႔ အစိုးရအဖြဲ႕ဝင္တာဝန္ရွိသူေတြက ေရေဘးသင့္ျပည္သူေတြကို ေထာက္ပံ့ေပးအပ္တဲ့ အခမ္းအနားကို ၾသဂုတ္ ၂၁ ရက္ ေန႔လယ္က မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ ျပည္သူ႔အားကစား႐ုံမွာ က်င္းပပါတယ္။

မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက “အခုလို ေရႀကီးနစ္ျမဳပ္မႈမွာ တခါမွ မႀကဳံဘူးသလို ေတြ႕ႀကဳံခံစားရတဲ့ ေရေဘးသင့္ျပည္သူေတြ လူသားခ်င္းစာနာေထာက္ထားတဲ့ အတြက္ ကူညီေထာက္ပံ့ေပးမွာျဖစ္သလို ေရရွည္ေရႀကီးမႈဒဏ္ကာကြယ္မယ့္ အစီအစဥ္ကိုလည္း ဆက္လက္လုပ္ေဆာင္မယ္”လို႔ ေျပာပါတယ္။

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က “ျပည္သူေတြအသက္အိုးအိမ္စည္းစိမ္ ပ်က္စီးဆုံးရႈံးရတာေတြ သဘာဝေဘးအႏၲရာယ္ေတြ႕ႀကဳံေနရတဲ့ အေျခအေနမွာ ရာသီဥတုေျပာင္းလဲလာသလို သဘာဝေဘးအႏၲရာယ္ေလ်ာ့နည္းေအာင္ အစိုးရတရပ္အေနနဲ႔ တတ္ႏိုင္သေလာက္ ႀကိဳးစားကာကြယ္သြားမွာ ျဖစ္တယ္”လို႔ ေျပာပါတယ္။

ေရေဘးသင့္ျပည္သူေတြအတြက္ စားသုံးကုန္ ပစၥည္းတန္ဖိုးက်ပ္ သိန္း ၁၅၀၀ ေက်ာ္ကို မႏၲေလးတိုင္းအစိုးရအဖြဲ႕နဲ႔ ေစတနာရွင္ေတြက အလႉေငြကို မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ထံလႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္နဲ႔အဖြဲ႕ဟာ ေရးၿမိဳ႕နယ္အတြင္း ေရေဘးသင့္ ပ်က္စီးမႈအေျခအေနေတြ၊ ျပန္လည္ထူေထာင္ေရး လုပ္ငန္း အေျခေနေတြကို ၾကည့္ရႈစစ္ေဆးခဲ့ပါတယ္။
သတင္း - ေနမ်ိဳးထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013