DVB Logo
Home
မြန်မာသတင်း
နမ္မတူမြစ်ပေါ်ရှိ ရေကာတာစီမံကိန်းကို  ရွာသား ၇၀၀ ကျော် ကန့်ကွက် 
DVB
·
August 21, 2019
နမ္မတူမြစ်ပေါ်ရှိ ရေကာတာစီမံကိန်းကို  ရွာသား ၇၀၀ ကျော် ကန့်ကွက် 
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်ရှိ နမ္မတူမြစ်ပေါ်မှာ ဆောက်လုပ်မယ့်ရေကာတာ စီမံကိန်းတွေ ရပ်တံ့ရေးအတွက် ဒီကနေ့မနက်က ရွာသားပေါင်း ၇၀၀ ကျော် ဒေသတည်တံ့ရေး ဇာတာဆက် ဆုတောင်းပွဲကျင်းပပြီး ကန့်ကွက်ခဲ့ကြပါတယ်။

နမ္မတူမြစ်ပေါ်မှာ အကြီးစားရေကာတာစီမံကိန်းကြီး ၃ ခုရှိပြီး တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန်၊ နော်‌ဝေ စတဲ့နိုင်ငံက ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။

ရေကာတာတွေ ဆောက်လုပ်ပြီးစီးသွားရင် နမ္မတူမြစ် ကမ်းဘေးနှစ်ဘက်ရှိ တာလုံကျေးရွာ ၂ ရွာလုံး ရေလွှမ်းမိုးသွားမှာဖြစ်ကာ လက်ရှိ အဲဒီဒေသတွေမှာ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေ ထွက်ပြေးနေရကာ စစ်ဘေး၊ ရေဘေးဒုက္ခတွေ ဆင့်ကဲခံရမှာကို မလိုလားသလို ကုမ္ပဏီတွေအနေနဲ့လည်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ မသင့်လျော်သေးကြောင်း ရှမ်းသဘာ ဝပတ်ဝန်းကျင်အဖွဲ့ ပြောခွင့်ရ စိုင်းခေးဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

“နော်ဝေး SN Power ကုမ္ပဏီက လာလုပ်နေတဲ့ အထက်ရဲရွာစီမံကိန်းဟာ နောင်ချိုမြို့နယ် ထဲက တိုက်ပွဲဖြစ်တဲ့နေရာမှာ ရှိနေပါတယ်ခင်ဗျ။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့က စဖြစ်တဲ့ တိုက်ပွဲကြောင့် ရှမ်းပြည် မြောက်ပိုင်းမှာ ဒေသခံရွာသား သုံးထောင်ကျော် ထွက်ပြေးနေရတယ်။ ထွက်ပြေးတဲ့ ရွာသားတွေထဲမှာ ရေကာတာဆောက်မယ့် နမ္မတူမြစ်ကမ်းက ရွာသားတွေလည်း ပါတယ်။ သူတို့ အနေနဲ့ စစ်ပြေးနေရတဲ့အထဲ နောက်တခါ ရေကာတာကြောင့် ရေဘေးထပ်ပြီးကြုံရမှာ မလိုလား ပါဘူး။ ကုမ္ပဏီတွေအနေနဲ့လည်း တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ လာပြီးရင်းနှီးမြှုပ်နှံဖို့ မသင့်ပါဘူး။  ရွာသားတွေလည်း ကန့်ကွက်ပါတယ်။”

ကျေးရွာဒေသ ငြိမ်းချမ်းရေးနဲ့ တည်တံ့ရေးအတွက် ဇာတာဆက်ပွဲကို ဒီကနေ့ မနက် ၇ နာရီက တာလုံကျေးရွာရှိ နမ္မတူဖြစ်ကမ်းနဘေးမှာ ကျင်းပခဲ့ကြပြီး တာလုံရွာသားတွေနဲ့အတူ နားမခေါ်ကျေးရွာ၊ ဟိုနား၊ ဝမ်ဟုမ်၊ တုံကြိုင်း၊ နားစလောင်း၊ နိုင်းလုံ၊ နမ့်လန် စတဲ့ ရွာသား စုစုပေါင်း ၇၀၀ ကျော်က လာရောက်ပါဝင်ခဲ့ကြပါတယ်။

အခမ်းအနားကို သံဃာတော် ၁၂ ပါးက ဦးဆောင်ပြီး ဗုဒ္ဓဘာသာဓလေ့ထုံးစံအရ နမ့်တူမြစ်နဲ့ မြစ်ကမ်းရှိရွာများ ဘေးရန်ကင်းစေဖို့ ပရိတ်ရွတ်ဖတ်သရစ္ဇာယ်ခြင်း၊ ဇာတာဆက်ခြင်း၊ မြစ်ရေအစဉ်စီးဆင်းစေရန် တိုင်တည်ဆုတောင်းခြင်း တို့အပြင် ရေကာတာ အလိုမရှိကြောင်း ဆိုင်းဘုတ်တွေ ထူခဲ့ကြပါတယ်။

 

----------------------

နမၼတူျမစ္ေပၚရွိ ေရကာတာစီမံကိန္းကို ႐ြာသား ၇၀၀ ေက်ာ္ ကန႔္ကြက္
နန္းျမနဒီ

ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲခ႐ိုင္ရွိ နမၼတူျမစ္ေပၚမွာ ေဆာက္လုပ္မယ့္ေရကာတာ စီမံကိန္းေတြ ရပ္တံ့ေရးအတြက္ ဒီကေန႔မနက္က ႐ြာသားေပါင္း ၇၀၀ ေက်ာ္ ေဒသတည္တံ့ေရး ဇာတာဆက္ ဆုေတာင္းပြဲက်င္းပၿပီး ကန႔္ကြက္ခဲ့ၾကပါတယ္။

နမၼတူျမစ္ေပၚမွာ အႀကီးစားေရကာတာစီမံကိန္းႀကီး ၃ ခုရွိၿပီး တ႐ုတ္၊ ဂ်ပန္၊ ဆြစ္ဇာလန္၊ ေနာ္‌ေဝ စတဲ့ႏိုင္ငံက ကုမၸဏီေတြ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံလုပ္ကိုင္ၾကမွာ ျဖစ္ပါတယ္။

ေရကာတာေတြ ေဆာက္လုပ္ၿပီးစီးသြားရင္ နမၼတူျမစ္ ကမ္းေဘးႏွစ္ဘက္ရွိ တာလုံေက်း႐ြာ ၂ ႐ြာလုံး ေရလႊမ္းမိုးသြားမွာျဖစ္ကာ လက္ရွိ အဲဒီေဒသေတြမွာ တိုက္ပြဲေတြလည္း ျဖစ္ပြားေနတဲ့ အတြက္ ေဒသခံေတြ ထြက္ေျပးေနရကာ စစ္ေဘး၊ ေရေဘးဒုကၡေတြ ဆင့္ကဲခံရမွာကို မလိုလားသလို ကုမၸဏီေတြအေနနဲ႔လည္း လာေရာက္ရင္းႏွီးျမႇဳပ္ႏွံဖို႔ မသင့္ေလ်ာ္ေသးေၾကာင္း ရွမ္းသဘာ ဝပတ္ဝန္းက်င္အဖြဲ႕ ေျပာခြင့္ရ စိုင္းေခးဆိုင္က ဒီဗြီဘီကို ေျပာပါတယ္။

“ေနာ္ေဝး SN Power ကုမၸဏီက လာလုပ္ေနတဲ့ အထက္ရဲ႐ြာစီမံကိန္းဟာ ေနာင္ခ်ိဳၿမိဳ႕နယ္ ထဲက တိုက္ပြဲျဖစ္တဲ့ေနရာမွာ ရွိေနပါတယ္ခင္ဗ်။ ၿပီးခဲ့တဲ့ ၁၅ ရက္ေန႔က စျဖစ္တဲ့ တိုက္ပြဲေၾကာင့္ ရွမ္းျပည္ ေျမာက္ပိုင္းမွာ ေဒသခံ႐ြာသား သုံးေထာင္ေက်ာ္ ထြက္ေျပးေနရတယ္။ ထြက္ေျပးတဲ့ ႐ြာသားေတြထဲမွာ ေရကာတာေဆာက္မယ့္ နမၼတူျမစ္ကမ္းက ႐ြာသားေတြလည္း ပါတယ္။ သူတို႔ အေနနဲ႔ စစ္ေျပးေနရတဲ့အထဲ ေနာက္တခါ ေရကာတာေၾကာင့္ ေရေဘးထပ္ၿပီးႀကဳံရမွာ မလိုလား ပါဘူး။ ကုမၸဏီေတြအေနနဲ႔လည္း တိုက္ပြဲျဖစ္ေနတဲ့ ေဒသေတြမွာ လာၿပီးရင္းႏွီးျမႇဳပ္ႏွံဖို႔ မသင့္ပါဘူး။ ႐ြာသားေတြလည္း ကန႔္ကြက္ပါတယ္။”

ေက်း႐ြာေဒသ ၿငိမ္းခ်မ္းေရးနဲ႔ တည္တံ့ေရးအတြက္ ဇာတာဆက္ပြဲကို ဒီကေန႔ မနက္ ၇ နာရီက တာလုံေက်း႐ြာရွိ နမၼတူျဖစ္ကမ္းနေဘးမွာ က်င္းပခဲ့ၾကၿပီး တာလုံ႐ြာသားေတြနဲ႔အတူ နားမေခၚေက်း႐ြာ၊ ဟိုနား၊ ဝမ္ဟုမ္၊ တုံႀကိဳင္း၊ နားစေလာင္း၊ ႏိုင္းလုံ၊ နမ့္လန္ စတဲ့ ႐ြာသား စုစုေပါင္း ၇၀၀ ေက်ာ္က လာေရာက္ပါဝင္ခဲ့ၾကပါတယ္။

အခမ္းအနားကို သံဃာေတာ္ ၁၂ ပါးက ဦးေဆာင္ၿပီး ဗုဒၶဘာသာဓေလ့ထုံးစံအရ နမ့္တူျမစ္နဲ႔ ျမစ္ကမ္းရွိ႐ြာမ်ား ေဘးရန္ကင္းေစဖို႔ ပရိတ္႐ြတ္ဖတ္သရစၨာယ္ျခင္း၊ ဇာတာဆက္ျခင္း၊ ျမစ္ေရအစဥ္စီးဆင္းေစရန္ တိုင္တည္ဆုေတာင္းျခင္း တို႔အျပင္ ေရကာတာ အလိုမရွိေၾကာင္း ဆိုင္းဘုတ္ေတြ ထူခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013