DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ဖြိုးပြည့်စုံ၏ သီချင်းသစ် - ရင်ကွဲပုံပြင်(ရုပ်သံ)
DVB
·
August 21, 2019
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ဖြိုးပြည့်စုံ၏ သီချင်းသစ် - ရင်ကွဲပုံပြင်(ရုပ်သံ)
Donate to DVB

(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

“မင်းအရှေ့ ပျော်ယောင်ဆောင်ထားခဲ့တဲ့ ငှက်တကောင်… နင်အပျင်းပြေဖို့… လှောင်အိမ်လေးထဲ နေလို့… ရုန်းလေ နစ်လေ ကိုယ်ကျိုးနည်းပါစေ… အိုး… နင် အဆင်ပြေရာကို လိုရာပျံသန်းသွားဖို့”

ဒါကတော့ အလွမ်းအဆွေး သီချင်းတွေနဲ့ နာမည်ကြီးတဲ့ ပရိသတ်ကြိုက် အမျိုးသားတေးသံရှင် ဖြိုးပြည့်စုံရဲ့ အသစ်ထွက်ရှိလာတဲ့ သီချင်းတပုဒ်ဖြစ်ပြီး လတ်တလော အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

ရင်ကွဲပုံပြင်လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေးဆရာ ငြိမ်းချမ်းကိုက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး လှပထိရှတဲ့ တေးသွားသံစဉ်တွေဟာ ဖြိုးပြည့်စုံရဲ့ အသံနဲ့ လိုက်ဖက်နေခဲ့တာကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“မင်းဆီမှာများ… ငါ့အိပ်မက်တို့ ကျန်နေခဲ့သလား… မင်းအပေါ် အများကြီး မျှော်လင့်ခဲ့တယ်… အချိန်အခါ တခုထိ စောင့်လို့ ပေးပါကွယ်… နင် နေစေချင်သလို ငါဟာ ထွက်သွားပေးမယ်”

V7 Entertainment က တင်ဆက်လိုက်တဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဖြိုးပြည့်စုံရဲ့ သီဆိုမှုနဲ့အတူ လိုက်ဖက်တဲ့ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှု တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။

“ငါ့အတွက် ရင်နာစရာ ပုံပြင်လေး… အဖြေကို ရှာတာမတွေ့… ငါ နာကျင်လည်းပဲ ဒါဟာ အမှန်တရားပဲ… ဘယ်လောက်ထိ ရက်စက်ဦးမလဲ… ဘယ်တော့မှ လွတ်မြောက် မလဲ... မင်းအတွက် ကိုယ်ဟာ အလှမွေးထားတဲ့ ငါးတကောင်… မှန်ဘောင်ထဲက မင်း ရှေ့မရောက်နိုင်ခဲ့… ဘယ်လောက်ပဲ လျှောက်လျှောက် မရောက်နိုင်ခဲ့” 

ဖြိုးပြည့်စုံဟာ မြန်မာပြည်ရဲ့ အောင်မြင်တဲ့ အဆိုတော်တွေ မွေးထုတ်ပေးရာ သီ ချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Best Of Melody World သီချင်းဆိုပြိုင်ပွဲစင်မြင့်ကနေ ဂီတ လောကထဲ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကနေ ရွက်ပုန်းသီး ဂီတအနုပညာရှင်တွေကို ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ ပြီး ထက်နေကြည်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ ဂျူဝယ်လ် စတဲ့ နာမည်ကြီး တေးသံရှင်တွေ အများအပြား ထွက်ရှိလာခဲ့ပါတယ်။

ဖြိုးပြည့်စုံကတော့ ၂၀၁၀ ပြည့်နှစ် The Best Of Melody World ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး တစ,တစ ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူဟာ အွန်လိုင်းပေါ်ကနေတဆင့် သိမ်းထားတဲ့ အချစ်၊ လရိပ်၊ မျှော်နိုင်သမျှ စတဲ့ သီချင်းလေးတွေကို မျှဝေရင်း ပရိသတ်ကြား ရေပန်းစားခဲ့ပြီး တကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။

အဲဒီအယ်လ်ဘမ်နဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖြိုးပြည့်စုံဟာ အတွဲသီချင်း အယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုခဲ့ပြီး ရေပန်း စားခဲ့သူ ဖြစ်ပါတယ်။

ခုထွက်ရှိလာတဲ့ သူ့ရဲ့ သီချင်းသစ် ရင်ကွဲပုံပြင်ကတော့ ရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သိန်း ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အြန္လိုင္းေပၚ နာမည္ႀကီးေနသည့္ ၿဖိဳးျပည့္စုံ၏ သီခ်င္းသစ္ - ရင္ကြဲပုံျပင္(႐ုပ္သံ)

(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)

“မင္းအေရွ႕ ေပ်ာ္ေယာင္ေဆာင္ထားခဲ့တဲ့ ငွက္တေကာင္… နင္အပ်င္းေျပဖို႔… ေလွာင္အိမ္ေလးထဲ ေနလို႔… ႐ုန္းေလ နစ္ေလ ကိုယ္က်ိဳးနည္းပါေစ… အိုး… နင္ အဆင္ေျပရာကို လိုရာပ်ံသန္းသြားဖို႔”

ဒါကေတာ့ အလြမ္းအေဆြး သီခ်င္းေတြနဲ႔ နာမည္ႀကီးတဲ့ ပရိသတ္ႀကိဳက္ အမ်ိဳးသားေတးသံရွင္ ၿဖိဳးျပည့္စုံရဲ႕ အသစ္ထြက္ရွိလာတဲ့ သီခ်င္းတပုဒ္ျဖစ္ၿပီး လတ္တေလာ အင္တာနက္လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ေရပန္းစားေနခဲ့တာ ျဖစ္ပါတယ္။

ရင္ကြဲပုံျပင္လို႔ အမည္ေပးထားတဲ့ ဒီသီခ်င္းကိုေတာ့ ေတးေရးဆရာ ၿငိမ္းခ်မ္းကိုက ေရးစပ္ေပးထားခဲ့တာျဖစ္ၿပီး လွပထိရွတဲ့ ေတးသြားသံစဥ္ေတြဟာ ၿဖိဳးျပည့္စုံရဲ႕ အသံနဲ႔ လိုက္ဖက္ေနခဲ့တာကို ပရိသတ္ေတြက ခံစားနားဆင္ၾကရမွာ ျဖစ္ပါတယ္။

“မင္းဆီမွာမ်ား… ငါ့အိပ္မက္တို႔ က်န္ေနခဲ့သလား… မင္းအေပၚ အမ်ားႀကီး ေမွ်ာ္လင့္ခဲ့တယ္… အခ်ိန္အခါ တခုထိ ေစာင့္လို႔ ေပးပါကြယ္… နင္ ေနေစခ်င္သလို ငါဟာ ထြက္သြားေပးမယ္”

V7 Entertainment က တင္ဆက္လိုက္တဲ့ ဒီသီခ်င္း႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ၿဖိဳးျပည့္စုံရဲ႕ သီဆိုမႈနဲ႔အတူ လိုက္ဖက္တဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ ပီျပင္တဲ့ သ႐ုပ္ေဆာင္မႈ ေတြကို ရႈစားၾကရမွာ ျဖစ္ပါတယ္။

“ငါ့အတြက္ ရင္နာစရာ ပုံျပင္ေလး… အေျဖကို ရွာတာမေတြ႕… ငါ နာက်င္လည္းပဲ ဒါဟာ အမွန္တရားပဲ… ဘယ္ေလာက္ထိ ရက္စက္ဦးမလဲ… ဘယ္ေတာ့မွ လြတ္ေျမာက္ မလဲ... မင္းအတြက္ ကိုယ္ဟာ အလွေမြးထားတဲ့ ငါးတေကာင္… မွန္ေဘာင္ထဲက မင္း ေရွ႕မေရာက္ႏိုင္ခဲ့… ဘယ္ေလာက္ပဲ ေလွ်ာက္ေလွ်ာက္ မေရာက္ႏိုင္ခဲ့”

ၿဖိဳးျပည့္စုံဟာ ျမန္မာျပည္ရဲ႕ ေအာင္ျမင္တဲ့ အဆိုေတာ္ေတြ ေမြးထုတ္ေပးရာ သီ ခ်င္းဆိုၿပိဳင္ပြဲတခုျဖစ္တဲ့ The Best Of Melody World သီခ်င္းဆိုၿပိဳင္ပြဲစင္ျမင့္ကေန ဂီတ ေလာကထဲ ေရာက္ရွိလာခဲ့သူ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲကေန ႐ြက္ပုန္းသီး ဂီတအႏုပညာရွင္ေတြကို ေ႐ြးခ်ယ္ေမြးထုတ္ေပးႏိုင္ခဲ့ ၿပီး ထက္ေနၾကည္၊ ခ်မ္းခ်မ္း၊ နီနီခင္ေဇာ္၊ အိုင္ရင္းဇင္မာျမင့္၊ ေကာင္းေကာင္း၊ ဂ်ဴဝယ္လ္ စတဲ့ နာမည္ႀကီး ေတးသံရွင္ေတြ အမ်ားအျပား ထြက္ရွိလာခဲ့ပါတယ္။

ၿဖိဳးျပည့္စုံကေတာ့ ၂၀၁၀ ျပည့္ႏွစ္ The Best Of Melody World ၿပိဳင္ပြဲမွာ Winner ဆုရရွိခဲ့ၿပီး တစ,တစ ပရိသတ္အားေပးမႈ ရရွိခဲ့သူ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ သူဟာ အြန္လိုင္းေပၚကေနတဆင့္ သိမ္းထားတဲ့ အခ်စ္၊ လရိပ္၊ ေမွ်ာ္ႏိုင္သမွ် စတဲ့ သီခ်င္းေလးေတြကို မွ်ေဝရင္း ပရိသတ္ၾကား ေရပန္းစားခဲ့ၿပီး တကိုယ္ေတာ္ သီခ်င္းအယ္လ္ဘမ္ကိုေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိႏိုင္ခဲ့ပါတယ္။

အဲဒီအယ္လ္ဘမ္နဲ႔တင္ ပရိသတ္အားေပးမႈရရွိခဲ့တဲ့ ၿဖိဳးျပည့္စုံဟာ အတြဲသီခ်င္း အယ္လ္ဘမ္ေတြမွာေရာ၊ အုပ္စုလိုက္ သီခ်င္းအယ္လ္ဘမ္ေတြမွာပါ သီဆိုခဲ့ၿပီး ေရပန္း စားခဲ့သူ ျဖစ္ပါတယ္။

ခုထြက္ရွိလာတဲ့ သူ႔ရဲ႕ သီခ်င္းသစ္ ရင္ကြဲပုံျပင္ကေတာ့ ရက္ပိုင္းအတြင္း ေဖ့စ္ဘြတ္ခ္ အင္တာနက္လူမႈကြန္ရက္ေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၆ သိန္း ေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013