DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်ဆုံးနိုင်ငံတနိုင်ငံဖြစ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
August 21, 2019
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်ဆုံးနိုင်ငံတနိုင်ငံဖြစ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
1 / 5
Donate to DVB

မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်မှာဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်းနဲ့  မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တနိုင်ငံအဖြစ်ရပ်တည်နေ တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဩဂုတ် ၂၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့  တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပေါ် လာစေရေးအတွက် မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ ပြောကြားသွားတာပါ။

အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကုမ္ပဏီသစ်တွေ၊ ပြည်တွင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတွင်ကျယ်လာတာကို တွေ့နိုင်ကြောင်း၊ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတာကို ကြိုဆိုပါကြောင်း၊ ယခုအခါ သီလဝါအထူးစီးပွားရေး ဇုန်မှာ ကုမ္ပဏီပေါင်း ၁၀၈ ခုကျော် ရင်းနှီးမြှုပ်နှံနေပြီး ကုမ္ပဏီ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီတွေဖြစ်ကြောင်း ဂျပန်နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Suzuki နဲ့ Toyota တို့ အပြင် Yakult Probiotic drink လုပ်ငန်းလည်း ပါဝင်ပါကြောင်းနဲ့ မြန်မာ့စွမ်းအင်ကဏ္ဍမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံများကို ကြိုဆိုတယ်လို့လည်း ပြောသွားပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလည်း General Electric၊ Chevron နဲ့ Ford ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ  မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အရည်အသွေးရှိပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါကြောင်းနဲ့ အမေရိကန်နိုင်ငံ Overseas Private Investment Corporation က မြန်မာနိုင်ငံရဲ့ အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Apollo Towers ကုမ္ပဏီက တဆင့် မြန်မာ့ဆက်သွယ်ရေးအတွက် လိုအပ်နေတဲ့ တာဝါတိုင် ပေါင်း ၁၈၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံခဲ့တယ်လို့လည်း ပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကြိုးစားအားထုတ်မှုတွေအတွက် အမေရိကန်အစိုးရနဲ့ ဂျပန်အစိုးရတို့က ဆက်လက်အားပေးကူညီသွားဖို့ ရေရှည်သန္နိဋ္ဌာန်ချထားတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်သံအမတ်ကြီးနဲ့ ဂျပန်သံအမတ်ကြီးတို့က ပြောကြား သွားပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကနေ  မြန်မာနိုင်ငံသို့ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်း အသီးသီးရှိတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်တဲ့သတင်းမှာ ဖော်ပြပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကတော့  မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဖိုရမ်မှာ မိန့်ခွန်းပြောကြားသွားပါတယ်။

အဆိုပါ ဖိုရမ်ကို မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ၊ မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းတွေကို သိရှိနိုင်ဖို့နဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့ ရည်ရွယ် ကျင်းပပြုလုပ်တာလို့ဆိုပါတယ်။

ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန် ကုန်သည်ကြီးများအသင်း၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ ဂျပန်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနဲ့ အမေရိကန် စီးပွားရေးဝန်ဆောင်မှုအဖွဲ့တို့ပူးပေါင်း ကျင်းပတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-State Counsellor




ျမန္မာႏိုင္ငံသည္ အာဆီယံႏိုင္ငံမ်ားအနက္ စီးပြားေရး တိုးတက္မႈအျမင့္ဆုံးႏိုင္ငံတႏိုင္ငံျဖစ္ဟု အတိုင္ပင္ခံပုဂၢိဳလ္ေျပာ
DVB
ျမန္မာႏိုင္ငံရဲ႕ ဂ်ီဒီပီဟာ ၂၀၀၀ ျပည့္ႏွစ္မွာ အေမရိကန္ေဒၚလာ ၈ ဒသမ ၉ ဘီလီယံ ရွိခဲ့ရာမွ ၂၀၁၈ ခုႏွစ္မွာေဒၚလာ ၇၁ ဘီလီယံအထိ တိုးတက္လာခဲ့ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံဟာ အာဆီယံႏိုင္ငံေတြထဲမွာ စီးပြားေရး တိုးတက္မႈအျမင့္မားဆုံးႏိုင္ငံ တႏိုင္ငံအျဖစ္ရပ္တည္ေန တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။

ဩဂုတ္ ၂၀ ရက္က ရန္ကုန္ၿမိဳ႕ ႏိုဗိုတယ္ဟိုတယ္မွာ က်င္းပတဲ့ တာဝန္ယူမႈရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျဖစ္ေပၚ လာေစေရးအတြက္ ျမန္မာ- ဂ်ပန္- အေမရိကန္ ရင္းႏွီးျမႇဳပ္ႏွံမႈ ဖိုရမ္မွာ ေျပာၾကားသြားတာပါ။

အစိုးရရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြေၾကာင့္ ကုမၸဏီသစ္ေတြ၊ ျပည္တြင္းနဲ႔ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပိုမိုတြင္က်ယ္လာတာကို ေတြ႕ႏိုင္ေၾကာင္း၊ ဂ်ပန္ႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံတို႔က ျမန္မာႏိုင္ငံမွာ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံတာကို ႀကိဳဆိုပါေၾကာင္း၊ ယခုအခါ သီလဝါအထူးစီးပြားေရး ဇုန္မွာ ကုမၸဏီေပါင္း ၁၀၈ ခုေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံေနၿပီး ကုမၸဏီ ထက္ဝက္ေက်ာ္မွာ ဂ်ပန္ကုမၸဏီေတြျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံရဲ႕ ေမာ္ေတာ္ကား ထုတ္လုပ္တဲ့ ကုမၸဏီေတြျဖစ္တဲ့ Suzuki နဲ႔ Toyota တို႔ အျပင္ Yakult Probiotic drink လုပ္ငန္းလည္း ပါဝင္ပါေၾကာင္းနဲ႔ ျမန္မာ့စြမ္းအင္က႑မွာ ဂ်ပန္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမ်ားကို ႀကိဳဆိုတယ္လို႔လည္း ေျပာသြားပါတယ္။

ဒါ့အျပင္ အေမရိကန္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီးလည္း General Electric၊ Chevron နဲ႔ Ford ကုမၸဏီေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာ ျမန္မာႏိုင္ငံအတြက္ လိုအပ္တဲ့ အရည္အေသြးရွိၿပီး တာဝန္ယူမႈရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျဖစ္ပါေၾကာင္းနဲ႔ အေမရိကန္ႏိုင္ငံ Overseas Private Investment Corporation က ျမန္မာႏိုင္ငံရဲ႕ အႀကီးဆုံးဆက္သြယ္ေရး ကုမၸဏီတခုျဖစ္တဲ့ Apollo Towers ကုမၸဏီက တဆင့္ ျမန္မာ့ဆက္သြယ္ေရးအတြက္ လိုအပ္ေနတဲ့ တာဝါတိုင္ ေပါင္း ၁၈၀၀ ေက်ာ္ကို ရင္းႏွီးျမႇဳပ္ႏွံခဲ့တယ္လို႔လည္း ေျပာသြားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးနဲ႔စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈ ႀကိဳးစားအားထုတ္မႈေတြအတြက္ အေမရိကန္အစိုးရနဲ႔ ဂ်ပန္အစိုးရတို႔က ဆက္လက္အားေပးကူညီသြားဖို႔ ေရရွည္သႏၷိ႒ာန္ခ်ထားတဲ့ အေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးနဲ႔ ဂ်ပန္သံအမတ္ႀကီးတို႔က ေျပာၾကား သြားပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာနရဲ႕ စာရင္းဇယားေတြအရ ဂ်ပန္ႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံတို႔ကေန ျမန္မာႏိုင္ငံသို႔ဝင္ေရာက္လာတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြမွာ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ ကုန္အထိ အေမရိကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံနဲ႔ အေမရိကန္ေဒၚလာ ၄၃၂ ဒသမ ၇၉၆ သန္း အသီးသီးရွိတယ္လို႔ အတိုင္ပင္ခံ႐ုံးက ထုတ္ျပန္တဲ့သတင္းမွာ ေဖာ္ျပပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဟာ ၂၀၁၉ ခုႏွစ္ ႏွစ္ဝက္အတြင္း အေမရိကန္ေဒၚလာ ၂ ဒသမ ၃ ဘီလီယံ၊ ရာခိုင္ႏႈန္းအားျဖင့္ ၇၇ ရာခိုင္ႏႈန္း တိုးတက္ခဲ့တယ္လို႔ ဖိုရမ္မွာ မိန႔္ခြန္းေျပာၾကားသြားပါတယ္။

အဆိုပါ ဖိုရမ္ကို ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ျပဳျပင္ ေျပာင္းလဲမႈေတြ၊ ျမန္မာႏိုင္ငံရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈ အလားအလာေကာင္းေတြကို သိရွိႏိုင္ဖို႔နဲ႔ တာဝန္ယူမႈရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဖိတ္ေခၚဖို႔ ရည္႐ြယ္ က်င္းပျပဳလုပ္တာလို႔ဆိုပါတယ္။

ဖိုရမ္ကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံး၊ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး၊ ျမန္မာႏိုင္ငံ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၊ ဂ်ပန္ကုန္သည္မ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ားအသင္း၊ အေမရိကန္ ကုန္သည္ႀကီးမ်ားအသင္း၊ ဂ်ပန္ျပည္ပ ကုန္သြယ္ေရးအဖြဲ႕၊ ဂ်ပန္အျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီနဲ႔ အေမရိကန္ စီးပြားေရးဝန္ေဆာင္မႈအဖြဲ႕တို႔ပူးေပါင္း က်င္းပတာ ျဖစ္ပါတယ္။
ဓာတ္ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013