DVB Logo
Home
မြန်မာသတင်း
ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူများကို တရားစွဲသည့်အပေါ် ကရင်အဖွဲ့အစည်းများ ရှုတ်ချ
DVB
·
August 20, 2019
ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူများကို တရားစွဲသည့်အပေါ် ကရင်အဖွဲ့အစည်းများ ရှုတ်ချ
Donate to DVB

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်က ပြုလုပ်တဲ့  ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားမှာ နော်အုန်းလှအပါအဝင် ဦးဆောင်ကျင်းပသူတွေကို အာဏာပိုင်တွေက တရားစွဲဆိုတာနဲ့ပတ်သက်ပြီး ကရင်အဖွဲ့အစည်းတချို့က ကန့်ကွက်ခဲ့ကြပါတယ်။

ကရင်အာဇာနည်နေ့ ကျင်းပတာနဲ့ပတ်သက်ပြီး  အာဏာပိုင်တွေက ကန့်ကွက်ပိတ်ပင်တဲ့အပြင် တရားစွဲဆိုတာကို  ရှုတ်ချကြောင်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKOက သြဂုတ်လ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်သည် ဗမာလူမျိုးတမျိုးတည်နေထိုင်သော တိုင်းပြည်မဟုတ်ကြောင်း တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားတဲ့ တိုင်းပြည်ဖြစ်ပြီး  ဗမာလူမျိုးတွေမှာ အာဇာနည်ခေါင်းဆောင်များ ရှိသလို တိုင်းရင်းသားလူမျိုး အသီးသီးမှာလည်း စံပြုထိုက်တဲ့ အာဇာနည်ခေါင်းဆောင်တွေကို အမှတ်တရ ဂုဏ်ပြုပွဲ ကျင်းပတာဟာ လူမျိုးတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တယ်လို့   IKOက ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို တောက်လျှောက်ဟန့်တားပိတ်ပင်ခဲ့တာကြောင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရတာ်လို့ ထုတ်ပြန်ထားပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာနေသောကာလဖြစ်တယ်။ ထို့ကြောင့် အခုကဲ့သို ကရင်အမျိုးသား အာဇာနည်နေ့ ကျင်းပခြင်းကို အကြောင်းအမျိုးမျိုး ပြပြီး အာဏာဖြင့်ဖိနှိပ်အနိုင်ကျင့်သည့် လုပ်ရပ်များသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်ကို ထိခိုက်နိုင်သည်” ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နော်အုန်းလှနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အရေးယူဖို့ စတင်ဆောင်ရွက်တာဟာ ကရင်လူမျိုးတွေကို သွေးတိုးစမ်းတာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

အလားတူ နော်ဝေးနိုင်ငံ အခြေစိုက် နော်ဝေကရင်ကွန်မြူနတီ NC နဲ့ KNU CONCERNED GROUP ကလည်း အခုလို အရေးယူဆောင်ရွက်တာကို ကန့်ကွက်ရှုတ်ကြောင်း အသီးသီး သဘောထားတွေ ထုတ်ပြန်ခဲ့ကြပါတယ်။




ကရင့္အာဇာနည္ေန႔ ဦးေဆာင္က်င္းပသူမ်ားကို တရားစြဲသည့္အေပၚ ကရင္အဖြဲ႕အစည္းမ်ား ရႈတ္ခ်
ေနာ္ႏိုရင္း

ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၂ ရက္က ျပဳလုပ္တဲ့ ၆၉ ႏွစ္ေျမာက္ ကရင့္အာဇာနည္ေန႔အခမ္းအနားမွာ ေနာ္အုန္းလွအပါအဝင္ ဦးေဆာင္က်င္းပသူေတြကို အာဏာပိုင္ေတြက တရားစြဲဆိုတာနဲ႔ပတ္သက္ၿပီး ကရင္အဖြဲ႕အစည္းတခ်ိဳ႕က ကန႔္ကြက္ခဲ့ၾကပါတယ္။

ကရင္အာဇာနည္ေန႔ က်င္းပတာနဲ႔ပတ္သက္ၿပီး အာဏာပိုင္ေတြက ကန႔္ကြက္ပိတ္ပင္တဲ့အျပင္ တရားစြဲဆိုတာကို ရႈတ္ခ်ေၾကာင္း ႏိုင္ငံတကာ ကရင္အဖြဲ႕အစည္း IKOက ၾသဂုတ္လ၁၈ ရက္စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

ျမန္မာျပည္သည္ ဗမာလူမ်ိဳးတမ်ိဳးတည္ေနထိုင္ေသာ တိုင္းျပည္မဟုတ္ေၾကာင္း တိုင္းရင္းသားမ်ားျဖင့္ ဖြဲ႕စည္းထားတဲ့ တိုင္းျပည္ျဖစ္ၿပီး ဗမာလူမ်ိဳးေတြမွာ အာဇာနည္ေခါင္းေဆာင္မ်ား ရွိသလို တိုင္းရင္းသားလူမ်ိဳး အသီးသီးမွာလည္း စံျပဳထိုက္တဲ့ အာဇာနည္ေခါင္းေဆာင္ေတြကို အမွတ္တရ ဂုဏ္ျပဳပြဲ က်င္းပတာဟာ လူမ်ိဳးတိုင္းရဲ႕ ေမြးရာပါ အခြင့္အေရးျဖစ္တယ္လို႔ IKOက ထုတ္ျပန္ထားပါတယ္။

တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြကို ေတာက္ေလွ်ာက္ဟန႔္တားပိတ္ပင္ခဲ့တာေၾကာင့္ ျပည္တြင္းစစ္ျဖစ္ပြားခဲ့ရတာ္လို႔ ထုတ္ျပန္ထားပါတယ္။

“ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေရးနည္းလမ္းအရ အေျဖရွာေနေသာကာလျဖစ္တယ္။ ထို႔ေၾကာင့္ အခုကဲ့သို ကရင္အမ်ိဳးသား အာဇာနည္ေန႔ က်င္းပျခင္းကို အေၾကာင္းအမ်ိဳးမ်ိဳး ျပၿပီး အာဏာျဖင့္ဖိႏွိပ္အႏိုင္က်င့္သည့္ လုပ္ရပ္မ်ားသည္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲျဖစ္စဥ္ကို ထိခိုက္ႏိုင္သည္” ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ေနာ္အုန္းလွနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို အေရးယူဖို႔ စတင္ေဆာင္႐ြက္တာဟာ ကရင္လူမ်ိဳးေတြကို ေသြးတိုးစမ္းတာျဖစ္တယ္လို႔လည္း ေဖာ္ျပပါတယ္။

အလားတူ ေနာ္ေဝးႏိုင္ငံ အေျခစိုက္ ေနာ္ေဝကရင္ကြန္ျမဴနတီ NC နဲ႔ KNU CONCERNED GROUP ကလည္း အခုလို အေရးယူေဆာင္႐ြက္တာကို ကန႔္ကြက္ရႈတ္ေၾကာင္း အသီးသီး သေဘာထားေတြ ထုတ္ျပန္ခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013