DVB Logo
Home
မြန်မာသတင်း
စစ်တွေမှာ တူရကီလူမျိုးတွေပျောက်ဆုံးမှု၊ ပြည်နယ်အစိုးရငြင်းဆို
DVB
·
December 13, 2012
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တူရကီလူမျိုး ၄ ဦး ပျောက်ဆုံးနေတယ်ဆိုတဲ့ အင်တာနက် စာမျက်နှာတွေပေါ်ကဖော်ပြချက်ဟာ မမှန်ကန်ဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ဟိုတယ်မှာတည်းခိုနေတဲ့ တူရကီ ၄ ဦးဟာ ပျောက်ဆုံးနေပြီး အုပ်ချုပ်ရေးပိုင်းက အပြင်ကို သတင်းမထုတ်ပြန်သေးဘဲ ရှာဖွေနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဖြေဆိုလိုက်တာပါ။

ဗိုလ်မှူးကြီးထိန်လင်းက “မဟုတ်ပါဘူး။ ကျနော်တို့ မနေ့ကလည်း သက်ဆိုင်ရာ လ၀ကရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရောလေ။ အ၀င်တွေ အကုန်လုံး ကျနော်တို့ ထိန်းထားတာရှိပါတယ်။ ကျနော်တို့ ဒီမှာရှိတာတော့ လွန်ခဲ့တဲ့ အ၀င်အထွက်တွေအကုန်လုံး ကျနော်တို့ အသေးစိတ် စစ်လိုက်ပါတယ်၊ စစ်လိုက်တော့ အခုလောလောဆယ် တူရကီ ၀န်ထမ်း ၂ ဦး၊ စစ်တွေဟိုတယ်မှာတည်းနေတာရှိပါတယ်။ ကျန်တာတွေကတော့ ၀င်လိုက်ထွက်လိုက် ကျနော်တို့မှာ record (မှတ်တမ်း) အပြည့်အစုံရှိပါတယ်။ သူတို့ ဖေ့စ်ဘုတ်တို့ထဲမှာ ပါနေတဲ့ တူရကီလူမျိုး ၄ ဦး ပျောက်ဆုံးတယ်ဆိုတာ  မဟုတ်ပါဘူးခင်ဗျ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အေးချမ်းငြိမ်သက်နေပြီး ရခိုင်ပြည်နယ်လွှတ်တော်လည်း ကျင်းပနေပါတယ်လို့ ဗိုလ်မှူးကြီးထိန်လင်းက ရှင်းပြပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေအလုံအလောက်မရှိတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ပြန်လည်ထူထောင်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်နေသလို နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက တာဝန်ယူဆောင်ရွက်နေတယ် လို့ဖြေပါတယ်။

လွန်ခဲ့တဲ့လပိုင်းက မောင်တောမြို့အနီး ဘင်္ဂလားနယ်စပ်မှာ စစ်မြေပြင် အင်ဂျင်နီယာတပ်က ဗိုလ် ၁ ဦးသေဆုံးမှုနဲ့ နောက်ထပ် ၃ ယောက် ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဒီကိစ္စကို နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးနဲ့ကွပ်ကဲရေး(နစက) က တိုက်ရိုက်ကိုင်တွယ်တယ်လို့ ဗိုလ်မှူးကြီး ထိန်လင်းက ဖြေဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013