DVB Logo
Home
Lead Story
နေတိုး၊ နီနီခင်ဇော်တို့ ပါဝင်သီဆိုထားသည့် သက်ငယ်မုဒိမ်း ပညာပေးသီချင်း(ရုပ်သံ)
DVB
·
August 20, 2019
နေတိုး၊ နီနီခင်ဇော်တို့ ပါဝင်သီဆိုထားသည့် သက်ငယ်မုဒိမ်း ပညာပေးသီချင်း(ရုပ်သံ)
Donate to DVB

(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

သရုပ်ဆောင်တာရော၊ အဆိုပညာမှာပါ အစွမ်းပြနိုင်တဲ့ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသား နေတိုး၊ နာမည်ကြီး အမျိုးသမီး တေးသံရှင် နီနီခင်ဇော်တို့နဲ့ တခြားနာမည်ကြီး တေးသံရှင်တွေ တွဲဖက်သီဆိုထားကြတဲ့ သီချင်းတပုဒ် ထွက်ရှိလာခဲ့ပါတယ်။

‘လင်းလက်စေတော့ကြယ်’ အမည်ရတဲ့ ဒီသီချင်းကိုတော့ တေးရေး လင်းထက်က ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပြီး တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ ထွန်းထွန်း၊ လွှမ်းပိုင်၊ ဖြိုးပြည့်စုံ၊ အုပ်စိုးခန့်၊ လင်းထက်၊ ဝိုင်းစုခိုင်သိန်း၊ ဂျူဝယ်လ်၊ ကေကေမိုးနဲ့ နင်ဇီမေတို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်လာနေကြတဲ့ လူမှုရေးပြဿနာတခု ဖြစ်လာနေတဲ့ ကလေးသူငယ် သက်ငယ်မုဒိမ်းမှုတွေအတွက် ပညာပေးသီချင်းတပုဒ်အနေနဲ့ သီဆိုထားကြတဲ့ ဒီသီချင်းရုပ်သံ ဗွီဒီယိုဖိုင်ကိုတော့ V7 Entertainment က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကလေးတွေရဲ့ အနာဂတ်ကမ္ဘာ မှောင်အတိကျမသွားစေဖို့ အားလုံးမှာ တာဝန်ရှိပြီး ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ အရေးကြီးတဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ သီချင်းစာသားတွေ ပေါ်လွင်အောင် ဒါရိုက်တာပြည့်ဖြိုးနိုင်က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

သီချင်း ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ “ပန်းကလေးများ မကြွေစေဖို့ ဝိုင်းဝန်းကူညီ စောင့်ရှောက်ကြပါစို့ 🌺🌺 🔹🔹 ကမ္ဘာပေါ်ရှိ ကလေးသူငယ်များ လွတ်လပ်ပျော်ရွှင်စွာဖြင့် ကြီးပြင်းကြစေရန် ရည်ရွယ်တင်ဆက်ပါသည်။ လင်းလက်စေတော့ ကြယ်ကလေးများ အဖြစ်ဆီသို့ ထွန်းလင်းနိုင်ကြပါစေ..... 🌟🌟🌟”လို့ ရေးသားဖော်ပြထားခဲ့တာပါ။

သြဂုတ်လ ၁၈ ရက်နေ့က မျှဝေထားခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာတော့ ၂ ရက်အတွင်း ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေနတိုး၊ နီနီခင္ေဇာ္တို႔ ပါဝင္သီဆိုထားသည့္ သက္ငယ္မုဒိမ္း ပညာေပးသီခ်င္း(႐ုပ္သံ)

(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)

သ႐ုပ္ေဆာင္တာေရာ၊ အဆိုပညာမွာပါ အစြမ္းျပႏိုင္တဲ့ ပရိသတ္ႀကိဳက္ သ႐ုပ္ေဆာင္ မင္းသား ေနတိုး၊ နာမည္ႀကီး အမ်ိဳးသမီး ေတးသံရွင္ နီနီခင္ေဇာ္တို႔နဲ႔ တျခားနာမည္ႀကီး ေတးသံရွင္ေတြ တြဲဖက္သီဆိုထားၾကတဲ့ သီခ်င္းတပုဒ္ ထြက္ရွိလာခဲ့ပါတယ္။

‘လင္းလက္ေစေတာ့ၾကယ္’ အမည္ရတဲ့ ဒီသီခ်င္းကိုေတာ့ ေတးေရး လင္းထက္က ေရးဖြဲ႕ေပးထားခဲ့တာ ျဖစ္ၿပီး တျခားအဆိုေတာ္ေတြ ျဖစ္ၾကတဲ့ ထြန္းထြန္း၊ လႊမ္းပိုင္၊ ၿဖိဳးျပည့္စုံ၊ အုပ္စိုးခန႔္၊ လင္းထက္၊ ဝိုင္းစုခိုင္သိန္း၊ ဂ်ဴဝယ္လ္၊ ေကေကမိုးနဲ႔ နင္ဇီေမတို႔ကလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။

လတ္တေလာ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ က်ယ္က်ယ္ျပန႔္ျပန႔္ အာ႐ုံစိုက္လာေနၾကတဲ့ လူမႈေရးျပႆနာတခု ျဖစ္လာေနတဲ့ ကေလးသူငယ္ သက္ငယ္မုဒိမ္းမႈေတြအတြက္ ပညာေပးသီခ်င္းတပုဒ္အေနနဲ႔ သီဆိုထားၾကတဲ့ ဒီသီခ်င္း႐ုပ္သံ ဗြီဒီယိုဖိုင္ကိုေတာ့ V7 Entertainment က တင္ဆက္လိုက္တာ ျဖစ္ပါတယ္။

႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ကေလးေတြရဲ႕ အနာဂတ္ကမာၻ ေမွာင္အတိက်မသြားေစဖို႔ အားလုံးမွာ တာဝန္ရွိၿပီး ဝိုင္းဝန္းကူညီေစာင့္ေရွာက္ၾကဖို႔ အေရးႀကီးတဲ့ အဓိပၸာယ္ ျပည့္ဝတဲ့ သီခ်င္းစာသားေတြ ေပၚလြင္ေအာင္ ဒါ႐ိုက္တာျပည့္ၿဖိဳးႏိုင္က ႐ိုက္ကူးပုံေဖာ္ေပးထားခဲ့တာ ျဖစ္ပါတယ္။

သီခ်င္း ႐ုပ္သံဗြီဒီယိုဖိုင္အၫႊန္းမွာေတာ့ “ပန္းကေလးမ်ား မေႂကြေစဖို႔ ဝိုင္းဝန္းကူညီ ေစာင့္ေရွာက္ၾကပါစို႔ 🌺🌺 🔹🔹 ကမာၻေပၚရွိ ကေလးသူငယ္မ်ား လြတ္လပ္ေပ်ာ္႐ႊင္စြာျဖင့္ ႀကီးျပင္းၾကေစရန္ ရည္႐ြယ္တင္ဆက္ပါသည္။ လင္းလက္ေစေတာ့ ၾကယ္ကေလးမ်ား အျဖစ္ဆီသို႔ ထြန္းလင္းႏိုင္ၾကပါေစ..... 🌟🌟🌟”လို႔ ေရးသားေဖာ္ျပထားခဲ့တာပါ။

ၾသဂုတ္လ ၁၈ ရက္ေန႔က မွ်ေဝထားခဲ့တဲ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ဟာ လတ္တေလာမွာေတာ့ ၂ ရက္အတြင္း ေဖ့စ္ဘြတ္ခ္အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၄ သိန္းေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013