DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတွင်  သူနာပြု အကူသင်တန်းကျောင်းများ ဖွင့်မည်
DVB
·
August 20, 2019
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတွင်  သူနာပြု အကူသင်တန်းကျောင်းများ ဖွင့်မည်
Donate to DVB

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ  သူနာပြု အကူသင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးသွားမယ်လို့  အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။  

သြဂုတ် ၂၀ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးက သူနာပြုအကူသင်တန်း ကျောင်းတွေဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့ မေးခွန်းတခုမှာ ထည့်သွင်းဖြေကြားခဲ့ပြီး အစည်းဝေးခေတ္တရပ်နားချိန်မှာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ဖြေဆိုသွားတာပါ။

နိုင်ငံတော်အတိုင်ပင်ခံက ဖွင့်ခိုင်းတာဖြစ်သလို ဆေးရုံတွေမှာ သူနာပြုတာဝန် ထမ်းဆောင် နေရသူတွေ အနေနဲ့ လူနာမ ကြည့်ရပဲ ဖောင်ဖြည့်တာတွေ လုပ်နေရတဲ့အတွက် သူတို့အတွက် အထောက်အကူဖြစ်စေဖို့ အခုလို အကူသင်တန်း ကျောင်းတွေ ဖွင့်ဖို့ ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

"၉ လသင်တန်း ဖွင့်တော့မယ်။ ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော် ဆေးရုံကြီး မှာလုပ်မယ်။ နယ်က လာတက်လို့ ရတယ်။ သေချာလုပ်မယ်။ နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်က သေချာလုပ်ခိုင်းတာ။ အမြန်လုပ်မှာ နဂိုကတည်းက လုပ်ချင်နေတာ။ လူဦးရေကိုတော့ တမြို့ ၁၀၀ ဦး သတ်မှတ်ထားတယ် " လို့ ဝန်ကြီးက ပြောပါတယ်။

မကြာခင်မှာ သတင်းစာထဲကနေ ကြေညာသွားမှာဖြစ်ပြီး နောက်နှစ်တွေမှာ လူဦးရေ တိုးခေါ်သွားမယ်လို့ ပြောပါတယ်။

"သူနာပြုတွေက မလုပ်သင့်တာ လုပ်နေရတယ်။ နောက်နှစ်မှာ ဒါထက်ပိုခေါ်မယ်။ အလုပ်လည်း ရတယ်။ သူတို့က တချို့ဆိုရင်လည်း အပြင်မှာ သွားလုပ်ရင် ပိုတောင်ရသေးတယ်။ အခု သူနာပြုတွေက လူနာ မကြည့်ရဘဲနဲ့ ဖောင်ဖြည့်တာတွေ လုပ်နေရတယ်။ ကျနော် နားလည်တယ်။ ကိုယ့်နိုင်ငံ အခြေအနေအရ လုပ်နေရတာ။ သားဖွားဆိုရင် ကျနော် မရောက်ခင်က ဖြည့်တဲ့ ဖောင်ဟာ ၃၁ ခုလောက်ရှိတယ်။ ၁၁ ခုလောက် လျော့လိုက်တာ။ သားဖွား ဆရာမမှာ ဒီဖောင် ဖြည့်တာနဲ့ကို အလုပ်မလုပ်တော့ဘူး " လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

လောလောဆည် လျာထားချက်အရ  သင်းတန်းသားတွေကို တနှစ်မှာ တသုတ် ခေါ်သွားဦးမှာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံအနှံ့ သင်တန်းကျောင်းတွေ ဖွင့်သွားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။




ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးတြင္ သူနာျပဳ အကူသင္တန္းေက်ာင္းမ်ား ဖြင့္မည္
ေနၿဖိဳးဝင္း

ေနျပည္ေတာ္၊ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ သူနာျပဳ အကူသင္တန္းေက်ာင္းေတြ ဖြင့္လွစ္ေပးသြားမယ္လို႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ၾသဂုတ္ ၂၀ ရက္ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ ဝန္ႀကီးက သူနာျပဳအကူသင္တန္း ေက်ာင္းေတြဖြင့္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ေမးခြန္းတခုမွာ ထည့္သြင္းေျဖၾကားခဲ့ၿပီး အစည္းေဝးေခတၱရပ္နားခ်ိန္မွာ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ေတြကို ေျဖဆိုသြားတာပါ။

ႏိုင္ငံေတာ္အတိုင္ပင္ခံက ဖြင့္ခိုင္းတာျဖစ္သလို ေဆး႐ုံေတြမွာ သူနာျပဳတာဝန္ ထမ္းေဆာင္ ေနရသူေတြ အေနနဲ႔ လူနာမ ၾကည့္ရပဲ ေဖာင္ျဖည့္တာေတြ လုပ္ေနရတဲ့အတြက္ သူတို႔အတြက္ အေထာက္အကူျဖစ္ေစဖို႔ အခုလို အကူသင္တန္း ေက်ာင္းေတြ ဖြင့္ဖို႔ ေဆာင္႐ြက္ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

"၉ လသင္တန္း ဖြင့္ေတာ့မယ္။ ရန္ကုန္ေဆး႐ုံႀကီး၊ မႏၲေလးေဆး႐ုံႀကီး၊ ေနျပည္ေတာ္ ေဆး႐ုံႀကီး မွာလုပ္မယ္။ နယ္က လာတက္လို႔ ရတယ္။ ေသခ်ာလုပ္မယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ကိုယ္တိုင္က ေသခ်ာလုပ္ခိုင္းတာ။ အျမန္လုပ္မွာ နဂိုကတည္းက လုပ္ခ်င္ေနတာ။ လူဦးေရကိုေတာ့ တၿမိဳ႕ ၁၀၀ ဦး သတ္မွတ္ထားတယ္ " လို႔ ဝန္ႀကီးက ေျပာပါတယ္။

မၾကာခင္မွာ သတင္းစာထဲကေန ေၾကညာသြားမွာျဖစ္ၿပီး ေနာက္ႏွစ္ေတြမွာ လူဦးေရ တိုးေခၚသြားမယ္လို႔ ေျပာပါတယ္။

"သူနာျပဳေတြက မလုပ္သင့္တာ လုပ္ေနရတယ္။ ေနာက္ႏွစ္မွာ ဒါထက္ပိုေခၚမယ္။ အလုပ္လည္း ရတယ္။ သူတို႔က တခ်ိဳ႕ဆိုရင္လည္း အျပင္မွာ သြားလုပ္ရင္ ပိုေတာင္ရေသးတယ္။ အခု သူနာျပဳေတြက လူနာ မၾကည့္ရဘဲနဲ႔ ေဖာင္ျဖည့္တာေတြ လုပ္ေနရတယ္။ က်ေနာ္ နားလည္တယ္။ ကိုယ့္ႏိုင္ငံ အေျခအေနအရ လုပ္ေနရတာ။ သားဖြားဆိုရင္ က်ေနာ္ မေရာက္ခင္က ျဖည့္တဲ့ ေဖာင္ဟာ ၃၁ ခုေလာက္ရွိတယ္။ ၁၁ ခုေလာက္ ေလ်ာ့လိုက္တာ။ သားဖြား ဆရာမမွာ ဒီေဖာင္ ျဖည့္တာနဲ႔ကို အလုပ္မလုပ္ေတာ့ဘူး " လို႔ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ေလာေလာဆည္ လ်ာထားခ်က္အရ သင္းတန္းသားေတြကို တႏွစ္မွာ တသုတ္ ေခၚသြားဦးမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံအႏွံ႔ သင္တန္းေက်ာင္းေတြ ဖြင့္သြားဖို႔ အစီအစဥ္ ရွိတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013