DVB Logo
Home
မြန်မာသတင်း
ရေဘေးကြောင့် လူ ၈၀ ကျော်သေဆုံး၊ လူပေါင်း ၂၀၀၀၀ ကျော် တိမ်းရှောင်နေရ 
DVB
·
August 20, 2019
ရေဘေးကြောင့် လူ ၈၀ ကျော်သေဆုံး၊ လူပေါင်း ၂၀၀၀၀ ကျော် တိမ်းရှောင်နေရ 
Donate to DVB

မြန်မာနိုင်ငံတွင်း ရေကြီးရေလျှံမှုတွေကြောင့်  ပြည်နယ်နဲ့ တိုင်းဒေသကြီး ၆ ခုမှာ လူပေါင်း ၂၀၀၀၀ ကျော် ရေဘေးရှောင်နေရတယ်လို့  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ပဲခူး၊ တနင်္သာရီ၊ မကွေးနဲ့ မန္တလေးတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ မနေ့ကအထိ လူပေါင်း ၂၃၀၀၀ ကျော် ရေဘေးရှောင်နေရတာဖြစ်ပြီး ပဲခူးတိုင်းမှာ လူပေါင်း ၉၈၀၀ ကျော် ရေဘေးရှောင်နေရပါတယ်။ ပြီးတော့ မွန်ပြည်နယ်မှာ ၄၇၀၀ ကျော်နဲ့ ကရင်ပြည်နယ်မှာတော့ ၃၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကနေစလို့ ကယားနဲ့ ရှမ်းပြည်နယ်ကလွဲပြီး တနိုင်ငံလုံးမှာ ရေကြီးရေလျှံတာတွေကြောင့် လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ခဲ့တယ်လို့လည်း ဌာနက ထုတ်ပြန်ထားပါတယ်။

အိမ်ပေါင်း ၂၂၀ ကျော်ဟာ လုံးဝ ပျက်စီးခဲ့ပြီး ကချင်၊ မွန်နဲ့ တနင်္သာရီတိုင်းတို့မှာ အများဆုံး ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ရေဘေးနဲ့ မြေပြိုတာတွေကြောင့် မွန်ပြည်နယ်မှာ ၇၃ ယောက်၊ တနင်္သာရီတိုင်းမှာ ၆ ယောက်၊ မကွေးတိုင်းမှာ ၂ ယောက်၊ ကချင်နဲ့ မန္တလေးတိုင်းတို့မှာ ၁ ယောက်စီ သေဆုံးခဲ့ပြီး စုစုပေါင်း ၈၃ ယောက်သေဆုံး၊ ဒဏ်ရာရသူ ၄၉ ယောက် ရှိပါတယ်။




ေရေဘးေၾကာင့္ လူ ၈၀ ေက်ာ္ေသဆုံး၊ လူေပါင္း ၂၀၀၀၀ ေက်ာ္ တိမ္းေရွာင္ေနရ
ပိုင္စိုး
ျမန္မာႏိုင္ငံတြင္း ေရႀကီးေရလွ်ံမႈေတြေၾကာင့္ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ၆ ခုမွာ လူေပါင္း ၂၀၀၀၀ ေက်ာ္ ေရေဘးေရွာင္ေနရတယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာနက ထုတ္ျပန္ပါတယ္။

ပဲခူး၊ တနသၤာရီ၊ မေကြးနဲ႔ မႏၲေလးတိုင္း၊ မြန္နဲ႔ ကရင္ျပည္နယ္တို႔မွာ မေန႔ကအထိ လူေပါင္း ၂၃၀၀၀ ေက်ာ္ ေရေဘးေရွာင္ေနရတာျဖစ္ၿပီး ပဲခူးတိုင္းမွာ လူေပါင္း ၉၈၀၀ ေက်ာ္ ေရေဘးေရွာင္ေနရပါတယ္။ ၿပီးေတာ့ မြန္ျပည္နယ္မွာ ၄၇၀၀ ေက်ာ္နဲ႔ ကရင္ျပည္နယ္မွာေတာ့ ၃၀၀၀ ေလာက္ရွိတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဇြန္ ၂၅ ရက္ကေနစလို႔ ကယားနဲ႔ ရွမ္းျပည္နယ္ကလြဲၿပီး တႏိုင္ငံလုံးမွာ ေရႀကီးေရလွ်ံတာေတြေၾကာင့္ လူေပါင္း ၂ သိန္းေက်ာ္ ေရေဘးသင့္ခဲ့တယ္လို႔လည္း ဌာနက ထုတ္ျပန္ထားပါတယ္။

အိမ္ေပါင္း ၂၂၀ ေက်ာ္ဟာ လုံးဝ ပ်က္စီးခဲ့ၿပီး ကခ်င္၊ မြန္နဲ႔ တနသၤာရီတိုင္းတို႔မွာ အမ်ားဆုံး ပ်က္စီးခဲ့ပါတယ္။

ဒါ့အျပင္ ေရေဘးနဲ႔ ေျမၿပိဳတာေတြေၾကာင့္ မြန္ျပည္နယ္မွာ ၇၃ ေယာက္၊ တနသၤာရီတိုင္းမွာ ၆ ေယာက္၊ မေကြးတိုင္းမွာ ၂ ေယာက္၊ ကခ်င္နဲ႔ မႏၲေလးတိုင္းတို႔မွာ ၁ ေယာက္စီ ေသဆုံးခဲ့ၿပီး စုစုေပါင္း ၈၃ ေယာက္ေသဆုံး၊ ဒဏ္ရာရသူ ၄၉ ေယာက္ ရွိပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013