DVB Logo
Home
မြန်မာသတင်း
ဂုတ်တွင်း ဘေလီတံတား အပြီးသတ်တပ်ဆင်၊ ယနေ့ည ကားများ ဖြတ်သန်းခွင့်ပေးမည်
DVB
·
August 20, 2019
ဂုတ်တွင်း ဘေလီတံတား အပြီးသတ်တပ်ဆင်၊ ယနေ့ည ကားများ ဖြတ်သန်းခွင့်ပေးမည်
Donate to DVB

 မိုင်းခွဲ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ဘေလီတံတားကို အပြီးသတ်တပ်ဆင်နေပြီး ခံနိုင်ဝန် စမ်းပြီးရင် ဒီနေ့ညနေပိုင်းမှာ ကားတွေ ဖြတ်သန်းခွင့်ပေးတော့မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဝန်ကြီးဌာနက လမ်းတံတားအင်ဂျင်နီယာတွေနဲ့ ကျွမ်းကျင်လုပ်သား ၂၀၀ ကျော်၊ Oriental Highways BOT ကုမ္ပဏီက အင်ဂျင်နီယာတွေဟာ စက်ယန္တရားတွေနဲ့ နေ့ ည အဆိုင်းခွဲပြီး ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

တံတားသံဘောင်တွေ Top Chord နဲ့ Bottom Chord အပြီးတပ်ဆင်တာ၊  တံတားချဉ်းကပ်လမ်း နှစ်ဖက် ဆောင်ရွက်တာနဲ့ တံတား အလေးခံနိုင်ဝန် စမ်းသပ် စစ်ဆေးပြီးရင် အိမ်စီးကားတွေ၊ ခရီးသည်တင်ကားတွေနဲ့ ယာဉ်နဲ့ကုန် ၃၆ တန် ကုန်ကားတွေကို ဒီနေ့ ညနေပိုင်းမှာ စနစ်တကျ ဖြတ်သန်းခွင့်ပေးမယ်လို့ ဆိုပါတယ်။

အရှည်ပေ ၂၀၀ ကျော်တဲ့ ဒီတံတားဟာ ၁၅ ရက်မနက်ပိုင်းမှာ တီအန်အယ်အေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ရဲ့ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ၁၆ ရက်နေ့မှာ ယာယီဘေလီတံတား ထိုးဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- ဆောက်လုပ်ရေးဌာန

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဂုတ္တြင္း ေဘလီတံတား အၿပီးသတ္တပ္ဆင္၊ ယေန႔ည ကားမ်ား ျဖတ္သန္းခြင့္ေပးမည္

မိုင္းခြဲ တိုက္ခိုက္ဖ်က္ဆီးခံခဲ့ရတဲ့ ရွမ္းျပည္နယ္ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္း ေဘလီတံတားကို အၿပီးသတ္တပ္ဆင္ေနၿပီး ခံႏိုင္ဝန္ စမ္းၿပီးရင္ ဒီေန႔ညေနပိုင္းမွာ ကားေတြ ျဖတ္သန္းခြင့္ေပးေတာ့မယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဆိုပါတယ္။

ဝန္ႀကီးဌာနက လမ္းတံတားအင္ဂ်င္နီယာေတြနဲ႔ ကြၽမ္းက်င္လုပ္သား ၂၀၀ ေက်ာ္၊ Oriental Highways BOT ကုမၸဏီက အင္ဂ်င္နီယာေတြဟာ စက္ယႏၲရားေတြနဲ႔ ေန႔ ည အဆိုင္းခြဲၿပီး ေဆာက္လုပ္ေနတာ ျဖစ္ပါတယ္။

တံတားသံေဘာင္ေတြ Top Chord နဲ႔ Bottom Chord အၿပီးတပ္ဆင္တာ၊  တံတားခ်ဥ္းကပ္လမ္း ႏွစ္ဖက္ ေဆာင္႐ြက္တာနဲ႔ တံတား အေလးခံႏိုင္ဝန္ စမ္းသပ္ စစ္ေဆးၿပီးရင္ အိမ္စီးကားေတြ၊ ခရီးသည္တင္ကားေတြနဲ႔ ယာဥ္နဲ႔ကုန္ ၃၆ တန္ ကုန္ကားေတြကို ဒီေန႔ ညေနပိုင္းမွာ စနစ္တက် ျဖတ္သန္းခြင့္ေပးမယ္လို႔ ဆိုပါတယ္။

အရွည္ေပ ၂၀၀ ေက်ာ္တဲ့ ဒီတံတားဟာ ၁၅ ရက္မနက္ပိုင္းမွာ တီအန္အယ္ေအ အပါအဝင္ တိုင္းရင္းသား လက္နက္ကိုင္ ၃ ဖြဲ႕ရဲ႕ မိုင္းခြဲဖ်က္ဆီးခံခဲ့ရၿပီး ၁၆ ရက္ေန႔မွာ ယာယီေဘလီတံတား ထိုးဖို႔ ေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္။

ဓာတ္ပုံ- ေဆာက္လုပ္ေရးဌာန

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013