DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဓားထိုးခံရ အခြေအနေစိုးရိမ်ရ
DVB
·
August 20, 2019
ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဓားထိုးခံရ အခြေအနေစိုးရိမ်ရ
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်ဟာ သြဂုတ် ၁၉ ရက်ညနေ ၆ နာရီခွဲလောက်က ဓားထိုးခံရလို့ ကျောက်တော်ဆေးရုံကို အရေးပေါ် တင်ထားရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

အမည်မဖော်လိုသူ ရဲအရာရှိတဦးက“ကျောက်တော်မြို့ မြို့မသင်္ဘောဆိပ် ကမ်းနားလမ်း ဆိပ်ကမ်းရုံးနားမှာ အမည်မသိ လူတယောက်က လာရောက်ဓားနဲ့ထိုးခဲ့တာ။ ဓားဒဏ်​ရာသုံးချက်​နဲ့ ​ကျောက်​​တော်​​ဆေးရုံမှာ လက်ရှိအချိန်အထိ သတိမရသေးဘူး။” လို့ပြောပါတယ်။

ရဲမှူး စောသန်းလွင်မှာ ဓားထိုးခံရတဲ ဒဏ်ရာပြင်းထန်တာကြောင့် ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို ယူဆောင်လာဖို့ ပြင်ဆင်နေတယ်လို့ အဆိုပါရဲအရာရှိက ဒီကနေ့ ညပိုင်းမှာ ဒီဗွီဘီကို ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို




ေက်ာက္ေတာ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ဓားထိုးခံရ အေျခအေနစိုးရိမ္ရ
ဝဏၰခြာညိဳ

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး ေစာသန္းလြင္ဟာ ၾသဂုတ္ ၁၉ ရက္ညေန ၆ နာရီခြဲေလာက္က ဓားထိုးခံရလို႔ ေက်ာက္ေတာ္ေဆး႐ုံကို အေရးေပၚ တင္ထားရၿပီး အေျခအေန စိုးရိမ္ရတယ္လို႔ အမည္မေဖာ္လိုသူ ရဲအရာရွိတဦးက ဒီဗြီဘီကို ေျပာပါတယ္။

အမည္မေဖာ္လိုသူ ရဲအရာရွိတဦးက“ေက်ာက္ေတာ္ၿမိဳ႕ ၿမိဳ႕မသေဘၤာဆိပ္ ကမ္းနားလမ္း ဆိပ္ကမ္း႐ုံးနားမွာ အမည္မသိ လူတေယာက္က လာေရာက္ဓားနဲ႔ထိုးခဲ့တာ။ ဓားဒဏ္​ရာသုံးခ်က္​နဲ႔ ​ေက်ာက္​​ေတာ္​​ေဆး႐ုံမွာ လက္ရွိအခ်ိန္အထိ သတိမရေသးဘူး။” လို႔ေျပာပါတယ္။

ရဲမႉး ေစာသန္းလြင္မွာ ဓားထိုးခံရတဲ ဒဏ္ရာျပင္းထန္တာေၾကာင့္ ေက်ာက္ေတာ္ေဆး႐ုံကေန စစ္ေတြေဆး႐ုံကို ယူေဆာင္လာဖို႔ ျပင္ဆင္ေနတယ္လို႔ အဆိုပါရဲအရာရွိက ဒီကေန႔ ညပိုင္းမွာ ဒီဗြီဘီကို ေျပာပါတယ္။
သတင္း-ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013