DVB Logo
Home
မြန်မာသတင်း
နှင်းဆီအငြိမ့်အဖွဲ့ ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ကပြမည်
DVB
·
August 19, 2019
နှင်းဆီအငြိမ့်အဖွဲ့ ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ကပြမည်
Donate to DVB

နာမည်ကြီးသရုပ်ဆောင် မင်းသား၊ မင်းသမီးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့  နှင်းဆီအငြိမ့်အဖွဲ့က ‌ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့အတွက်လာမယ့်အောက်တိုဘာလ ရန်ကုန်အပါအဝင်မန္တလေးမြို့မှာ ဖျော်ဖြေရေးအစီအစဉ်တွေ လုပ်ဆောင်သွားဖို့ ရှိပါတယ် ။

မန္တလေးမြို့မှာဖျော်ဖြေရေးအစီအစဉ်တွေမလုပ်ဖြစ်တာကြာနေကြောင့် အခုနှစ် ရန်ပုံငွေပွဲ အတွက် မန္တလေးမြို့မှာ ဖျော်ဖြေပွဲကျင်းပသွားမှာဖြစ်တယ်လို့  နှင်းဆီအဖွဲ့သားတဦးဖြစ်တဲ့ သရုပ်ဆောင် မင်းမော်ကွန်းကပြောပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်းဦးစီးပြီး နှင်းဆီအငြိမ့်အဖွဲ့ဟာ မြန်မာနိုင်ငံ မှာ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ ရံပုံငွေပွဲတွေအတွက် အမြဲတင်ဆက်ကပြပြီးလှူ ဒါန်းပေးနေတာပါ။

မွန်ပြည်နယ်ရေဘေးသင့်ပြည်သူတွေအတွက် ရံပုံငွေအငြိမ့်ကပြဖျော်ဖြေသွားဖို့ စီစဉ်နေပြီး အငြိမ့်ကပြဖို့ခေါင်းစဉ်တော့မပေးရသေးဘူးလို့လည်းသရုပ်ဆောင်ထွန်းထွန်းကပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက်အဓိကထားပြီး ကပြဖျော်ဖြေသွားဖို့နဲ့ ၊ ဘယ်လိုခေါင်း စဉ်မျိုးနဲ့ ဖျော်ဖြေသွားမလဲဆိုတာကိုတော့ တိုင်ပင်နေဆဲပါ။

နှင်းဆီအငြိမ့်အဖွဲ့မှာ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးနဲ့ မင်းသမီးဖူးစုံ၊ မေကဗျာ၊ မိုးယုစံ၊ မိုးပြည့်ပြည့်မောင်တို့က ဖျော်ဖြေတင်ဆက်သွားမှာပါ။




ႏွင္းဆီအၿငိမ့္အဖြဲ႕ ေရေဘးသင့္ျပည္သူမ်ားအတြက္ ရန္ပုံေငြေဖ်ာ္ေျဖပြဲ ကျပမည္
သူသူေအာင္

နာမည္ႀကီးသ႐ုပ္ေဆာင္ မင္းသား၊ မင္းသမီးေတြနဲ႔ ပါဝင္ဖြဲ႕စည္းထားတဲ့ ႏွင္းဆီအၿငိမ့္အဖြဲ႕က ‌ေရေဘးသင့္ျပည္သူေတြကို လႉဒါန္းဖို႔အတြက္လာမယ့္ေအာက္တိုဘာလ ရန္ကုန္အပါအဝင္မႏၲေလးၿမိဳ႕မွာေဖ်ာ္ေျဖေရးအစီအစဥ္ေတြလုပ္ေဆာင္သြားဖို႔ ရွိပါတယ္ ။

မႏၲေလးၿမိဳ႕မွာေဖ်ာ္ေျဖေရးအစီအစဥ္ေတြမလုပ္ျဖစ္တာၾကာေနေၾကာင့္ အခုႏွစ္ ရန္ပုံေငြပြဲ အတြက္ မႏၲေလးၿမိဳ႕မွာ ေဖ်ာ္ေျဖပြဲက်င္းပသြားမွာျဖစ္တယ္လို႔ ႏွင္းဆီအဖြဲ႕သားတဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကေျပာပါတယ္။

ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္းဦးစီးၿပီး ႏွင္းဆီအၿငိမ့္အဖြဲ႕ဟာ ျမန္မာႏိုင္ငံ မွာ သဘာဝေဘးအႏၲရာယ္ေတြနဲ႔ ပတ္သက္တဲ့ ရံပုံေငြပြဲေတြအတြက္ အၿမဲတင္ဆက္ကျပၿပီးလႉ ဒါန္းေပးေနတာပါ။

မြန္ျပည္နယ္ေရေဘးသင့္ျပည္သူေတြအတြက္ ရံပုံေငြအၿငိမ့္ကျပေဖ်ာ္ေျဖသြားဖို႔ စီစဥ္ေနၿပီး အၿငိမ့္ကျပဖို႔ေခါင္းစဥ္ေတာ့မေပးရေသးဘူးလို႔လည္းသ႐ုပ္ေဆာင္ထြန္းထြန္းကေျပာပါတယ္။

ေရေဘးသင့္ျပည္သူေတြ ျပန္လည္ထူေထာင္ေရးအတြက္အဓိကထားၿပီး ကျပေဖ်ာ္ေျဖသြားဖို႔နဲ႔ ၊ ဘယ္လိုေခါင္း စဥ္မ်ိဳးနဲ႔ ေဖ်ာ္ေျဖသြားမလဲဆိုတာကိုေတာ့ တိုင္ပင္ေနဆဲပါ။

ႏွင္းဆီအၿငိမ့္အဖြဲ႕မွာ ေနတိုး၊ ေက်ာ္ေက်ာ္ဗိုလ္၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ရဲေလးနဲ႔ မင္းသမီးဖူးစုံ၊ ေမကဗ်ာ၊ မိုးယုစံ၊ မိုးျပည့္ျပည့္ေမာင္တို႔က ေဖ်ာ္ေျဖတင္ဆက္သြားမွာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013