DVB Logo
Home
မြန်မာသတင်း
ချင်းလက်နက်ကိုင်အဖွဲ့နဲ့ ပါတီတွေ တွေ့ဆုံ
DVB
·
December 12, 2012
ချင်းလက်နက်ကိုင်အဖွဲ့နဲ့ ပါတီတွေ တွေ့ဆုံ
Donate to DVB

အပစ်အခတ်ရပ်စဲထားတဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ အဖွဲ့(ယူအန်အေ)နဲ့ ကျောင်းသားထုတွေကို ရန်ကုန်မှာ တွေ့ခဲ့ကြပါတယ်။

စီအန်အက်ဖ်ကိုယ်စားလှယ်တွေဟာ  ယူအန်အေ ခေါင်းဆောင် ဦးအေးသာအောင်၊ နိုင်ငွေသိမ်းနဲ့ ဦးသာဘန်းတို့အပါအ၀င် အဖွဲ့ဝင်တွေနဲ့ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မှာ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကထားဆွေးနွေးတယ်လို့ စီအန်အက်ဖ်အဖွဲ့က ဦးရာဟင်းက ပြောပါတယ်။

[caption id="attachment_34311" align="alignright" width="300" caption="စီအန်အက်ဖ်တာဝန်ရှိသူများနှင့် ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်"][/caption]

“ရန်ကုန်ကို အဓိက ရောက်လာတဲ့ အကြောင်းရင်းတွေ အစိုးရနဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတို့၊ နောက် သဘောတူညီချက်တွေကို ရှင်းပြတယ်၊ ပြန်မျှဝေတယ်။ အစိုးရနဲ့ဆွေးနွေးတဲ့အပိုင်းတွေမှာ တိုင်းရင်းသားတွေအချင်းချင်း စည်းစည်းလုံးလုံးနဲ့ သွားနေတယ်ဆိုတာ ပြသရာရောက်တယ်လေ” လို့ ပြောပါတယ်။

သူက “မြန်မာပြည်နိုင်ငံရေးဆွေးနွေးတဲ့အခါ တိုင်းရင်းသားတွေ အသံတသံထဲ ထွက်ဖို့ဆိုတာ အရင်ကတည်းက ရှိပြီးသားဆိုတော့၊ အဲအပေါ်မှာ ပြည်တွင်းပြည်ပ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းဖြစ်တယ်။” လို့ ဆိုပါတယ်။

ဒီနေ့ညနေပိုင်းမှာ ချင်းကျောင်းသူ၊ ကျောင်းသားတွေ၊ ချင်းစာပေ၊ ယဉ်ကျေးမှုကော်မတီနဲ့ သွားရောက်တွေ့ဆုံပြီး စီအန်အက်ဖ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှင်းပြပြီး အမြင်ချင်းဖလှယ် ဆွေးနွေးကြတယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့တုန်းကလည်း စီအန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ အရှိုချင်းအမျိုးသားပါတီ။ ရှမ်းတိုင်းရင်းသားများတိုးတက်ရေး ပါတီ၊ မွန်ဒီမိုကရေစီပါတီနဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတွေက တာဝန်ရှိသူတွေနဲ့ တော်ဝင်နှင်းဆီမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။  အဲဒီဆွေးနွေးပွဲမှာ စီအန်အက်ဖ်နဲ့ အစိုးရအကြား ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေနဲ့  တိုင်းရင်းသားအဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၆ ချက် အပေါ် ဆွေးနွေးအမြင်ဖလှယ်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၁ ရက်ညနေမှာတော့ ၈၈ မျိုးဆက် ကျောင်းသားများရုံးခန်းကို သွားရောက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီး၊ ဦးဂျင်မီတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ပြောဆို ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ဦးဂျင်မီက အခုလို ပြောပါတယ်။  “ဖက်ဒရယ်မူဝါဒအကြောင်း ဆွေးနွေးတယ်။ ကျနော်တို့ဘက်က ဘာတင်ပြလဲဆိုတော့ ချင်းတိုင်းရင်းသားဆိုတဲ့ တိုင်းရင်းသားတစုထဲ အမြင်နဲ့ မကြည့်ဘဲ ပြည်ထောင်စုအမြင်နဲ့ကြည့်ပြီး အလုပ်လုပ်ရင်တော့ ပိုကောင်းမယ်ပေါ့။ မြန်မာလည်း တိုင်းရင်းသားတစုပဲလေ။ ၈၈ ထဲမှာလည်း တိုင်းရင်းသားတွေ ပါတယ်။ တိုင်းရင်းသားအခွင့်အရေးဆိုတာ တခုထဲကို မကြည့်ဘဲနဲ့ ပြည်ထောင်စုအမြင်နဲ့ အကုန်လုံး အုပ်စည်းပြီးကြည့်မယ်ဆိုရင် အလုပ်ဖြစ်မယ်ဆိုတဲ့အကြောင်း ဆွေးနွေးတဲ့အခါ စီအန်အက်ဖ်က ကျနော်တို့ ညီအကိုတွေလည်း လက်ခံပါတယ်။ ဒါဟာ ကြည့်သင့်တဲ့အမြင်တခုလို့ ပြောပါတယ်။ နောက်ပိုင်းမှာလည်း ဆွေးနွေးသွားကြဖို့ အစီအစဉ်ရှိပါတယ်။”

မနက်ဖြန်မှာတော့ စီအန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ကလေးမြို့ဘက်ကို ပြန်သွားပြီး ကလေးမြို့က ပြည်သူလူထုတွေနဲ့ ပြန်ပြီး ဆွေးနွေးကြမှာဖြစ်တယ်လို့ ဦးရာဟင်းက ဒီဗွီဘီကို ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်တာ ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ၂၇ ချက်ကို သဘောတူ လတ်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013