DVB Logo
Home
မြန်မာသတင်း
ဝက်တုပ်ကွေးရောဂါ မပြန့်ပွားစေရန် ကြိုတင်သတိပြု စောင့်ကြည့်နေ
DVB
·
August 19, 2019
ဝက်တုပ်ကွေးရောဂါ မပြန့်ပွားစေရန် ကြိုတင်သတိပြု စောင့်ကြည့်နေ
Donate to DVB

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းလားမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဝက်တုပ်ကွေးရောဂါ တခြားဒေသတွေကို ပြန့်ပွားမှုမရှိအောင် ကြိုတင်ဆောင်ရွက်ထားပြီး လပိုင်းလောက် စောင့်ကြည့်ရမယ်လို့ မြန်မာနိုင်ငံ ဝက်မွေးမြူသူများနဲ့ ထုတ်လုပ်ရောင်းချသူများအသင်းက ပြောပါတယ်။

မိုင်းလားမြို့နယ်၊ ပုန်ဆန်ကျေးရွာအုပ်စု၊ ဝမ်နွဲ့ကျေးရွာမှာ သြဂုတ်လဆန်းပိုင်းက ဝက်တုပ်ကွေးဖြစ်ပွားပြီး ဝက်တွေ သေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် အခုလို ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးသန်းထိုက်က “ဝက်မွေးမြူထုတ်လုပ်သူတွေကို ဖြစ်စဉ်စဖြစ်ကတည်းက ကြိုတင်သတိပြုရမှာတွေ ဆောင်ရွက် ထားပါတယ်။ လက်ရှိက စောင့်ကြည့်နေတဲ့ အခြေအနေပါ။ ပိုးကတော့ တွေ့ရှိပြီးသား။ ပြန့်ပွား မလာဖို့ လပိုင်းလောက် စောင့်ကြည့်သတိထားရမှာပါ။ လက်ရှိ ဝက်သားထုတ်လုပ်မှု ကလည်း ပုံမှန်အတိုင်းပါပဲ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မွေးမြူနေတဲ့ ဝက်တွေအတွက် သားပေါက်တွေကိုတော့ ထိုင်းနိုင်ငံကနေ ဆက်လက်တင်သွင်းနေပါတယ်။

“ထိုင်း FDA ရဲ့ ထောက်ခံချက်နဲ့ ထောက်ခံချက်ရတဲ့ ဝက်မျိုးစိတ်သားပေါက်တွေကို တင်သွင်းနေတာပါ” လို့ ဆိုပါတယ်။

ဝက်တုပ်ကွေးရောဂါဟာ အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ မွန်ဂိုလီးယား၊ ဗီယက်နမ်နိုင်ငံတို့မှာ ဇန်နဝါရီလ ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ ၅ သန်းလောက်ထိ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။

ဝက်တုပ်ကွေးဟာ လူကို ကူးစက်တက်တဲ့ရောဂါ မဟုတ်ဘူးလို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။




ဝက္တုပ္ေကြးေရာဂါ မျပန႔္ပြားေစရန္ ႀကိဳတင္သတိျပဳ ေစာင့္ၾကည့္ေန
အာကာ
ရွမ္းျပည္နယ္၊ က်ိဳင္းတုံခ႐ိုင္၊ မိုင္းလားၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တဲ့ ဝက္တုပ္ေကြးေရာဂါ တျခားေဒသေတြကို ျပန္႔ပြားမႈမရွိေအာင္ ႀကိဳတင္ေဆာင္႐ြက္ထားၿပီး လပိုင္းေလာက္ ေစာင့္ၾကည့္ရမယ္လို႔ ျမန္မာႏိုင္ငံ ဝက္ေမြးျမဴသူမ်ားနဲ႔ ထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းက ေျပာပါတယ္။

မိုင္းလားၿမိဳ႕နယ္၊ ပုန္ဆန္ေက်း႐ြာအုပ္စု၊ ဝမ္ႏြဲ႕ေက်း႐ြာမွာ ၾသဂုတ္လဆန္းပိုင္းက ဝက္တုပ္ေကြးျဖစ္ပြားၿပီး ဝက္ေတြ ေသဆုံးခဲ့တဲ့ျဖစ္စဥ္အေပၚ အခုလို ေျပာဆိုလိုက္တာပါ။
ျမန္မာႏိုင္ငံ ဝက္ေမြးျမဴသူမ်ားႏွင့္ ထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းဥကၠ႒ ဦးသန္းထိုက္က “ဝက္ေမြးျမဴထုတ္လုပ္သူေတြကို ျဖစ္စဥ္စျဖစ္ကတည္းက ႀကိဳတင္သတိျပဳရမွာေတြ ေဆာင္႐ြက္ ထားပါတယ္။ လက္ရွိက ေစာင့္ၾကည့္ေနတဲ့ အေျခအေနပါ။ ပိုးကေတာ့ ေတြ႕ရွိၿပီးသား။ ျပန္႔ပြား မလာဖို႔ လပိုင္းေလာက္ ေစာင့္ၾကည့္သတိထားရမွာပါ။ လက္ရွိ ဝက္သားထုတ္လုပ္မႈ ကလည္း ပုံမွန္အတိုင္းပါပဲ” လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေမြးျမဴေနတဲ့ ဝက္ေတြအတြက္ သားေပါက္ေတြကိုေတာ့ ထိုင္းႏိုင္ငံကေန ဆက္လက္တင္သြင္းေနပါတယ္။

“ထိုင္း FDA ရဲ႕ ေထာက္ခံခ်က္နဲ႔ ေထာက္ခံခ်က္ရတဲ့ ဝက္မ်ိဳးစိတ္သားေပါက္ေတြကို တင္သြင္းေနတာပါ” လို႔ ဆိုပါတယ္။

ဝက္တုပ္ေကြးေရာဂါဟာ အိမ္နီးခ်င္း ထိုင္း၊ တ႐ုတ္နဲ႔ မြန္ဂိုလီးယား၊ ဗီယက္နမ္ႏိုင္ငံတို႔မွာ ဇန္နဝါရီလ ကတည္းက စတင္ျဖစ္ပြားခဲ့ၿပီး ဝက္ေကာင္ေရ ၅ သန္းေလာက္ထိ သုတ္သင္ရွင္းလင္းခဲ့ပါတယ္။

ဝက္တုပ္ေကြးဟာ လူကို ကူးစက္တက္တဲ့ေရာဂါ မဟုတ္ဘူးလို႔ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013