DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ လူငယ်များနေ့နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ မုံရွာတက္ကသိုလ်တွင် ကျင်းပ
DVB
·
August 19, 2019
နိုင်ငံတကာ လူငယ်များနေ့နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ မုံရွာတက္ကသိုလ်တွင် ကျင်းပ
1 / 7
Donate to DVB

နိုင်ငံတကာ လူငယ်များနေ့အခမ်းအနားနဲ့ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို  စစ်ကိုင်းတိုင်း လူငယ်ရေးရာကော်မတီကနေ ဦးဆောင်ပြီး မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ သြဂုတ် ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ 

နိုင်ငံတကာ လူငယ်များနေ့က သြဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သြဂုတ် ၁၉ ရက်နေ့မှသာ ကျင်းပနိုင်တာလည်း ဖြစ်ပါတယ်။

ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်နဲ့ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသူရဦးနဲ့ ကျောင်းသားကျောင်းသူ ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။ 

အခမ်းအနားမှာ တိုင်းရင်းသားရိုးရာ အကတွေအပြင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ မသန်စွမ်း ထူးချွန်လူငယ် မစုပုံချစ်၊ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း၊ ယုံကြည်ရာ အသိပညာပြန့်ပွားရေးက ဒေါက်တာမျိုးထက်တို့ကလည်း ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ကြပါတယ်။

လူငယ်များနေ့ အခမ်းအနားကို ကုမ္ပဏီ ၁၁ ခုကလည်း အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ လာရောက်ပြသခဲ့ကြပါတယ်။ ဒီနှစ်အတွက် နိုင်ငံတကာလူငယ်များနေ့ ဆောင်ပုဒ်က ‘လူငယ်ထုကြီး ပါဝင်လို့ ပညာရေးစနစ် ပြောင်းလဲစို့’ ဖြစ်ပါတယ်။ 

ဒါကြောင့် ပညာရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေသလို လက်ရှိ မြန်မာနိုင်ငံက လူငယ်တွေ အများစု ကြုံတွေ့နေရတာက အလုပ်အကိုင်အခွင့်အလမ်း ပြဿနာဖြစ်လို့ ပညာရေးဆိုင်ရာ ဟောပြောပွဲ၊ ပညာရေးနဲ့ပတ်သက်လို့ အခွင့်အလမ်းတွေ ရှာဖွေနိုင်မယ့် ပြပွဲနဲ့ ကိုယ့်ရဲ့ ပညာအရည်အချင်းပေါ် အခြေခံပြီး သင့်တော်ကိုက်ညီမယ့် အလုပ်အကိုင်ကို ရှာဖွေနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်း ပြပွဲတွေ ပါဝင်ကာ ပုံစံ ၃ မျိုးနဲ့ ကျင်းပရတာလို့ စစ်ကိုင်းတိုင်း လူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး ကိုဝေမိုးနိုင်က ပြောပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို တိုင်းပြည်တည်ဆောက်ရေးမှာလည်း လူငယ်တွေရဲ့ အခန်းကဏ္ဍက ပိုမိုကျယ်ပြန့်လာတာကို တွေ့မြင်နေရတဲ့အတွက် လူငယ်ရေးရာ မူဝါတွေကို လူငယ်တွေကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းကာ လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဖော်ဆောင်နေတယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

နိုင်ငံတကာလူငယ်များနေ့ကို ကမ္ဘာ့ကုလသမဂ္ဂကနေ ၁၉၉၉ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့တာ ဖြစ်ပြီး နိုင်ငံတွေက မူဝါဒတွေ ချမှတ်တာ၊ ကဏ္ဍအားလုံးမှာ လူငယ်တွေပါဝင်မှုကို အသိအမှတ်ပြု မြှင့်တင်စေဖို့ ရည်ရွယ်သတ်မှတ်ခဲ့တာပါ။




ႏိုင္ငံတကာ လူငယ္မ်ားေန႔ႏွင့္ အလုပ္အကိုင္အခြင့္အလမ္းျပပြဲ မုံ႐ြာတကၠသိုလ္တြင္ က်င္းပ
ေအာင္ကိုလတ္

ႏိုင္ငံတကာ လူငယ္မ်ားေန႔အခမ္းအနားနဲ႔ အလုပ္အကိုင္ အခြင့္အလမ္းျပပြဲကို စစ္ကိုင္းတိုင္း လူငယ္ေရးရာေကာ္မတီကေန ဦးေဆာင္ၿပီး မုံ႐ြာတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမမွာ ၾသဂုတ္ ၁၉ ရက္ေန႔က က်င္းပခဲ့ပါတယ္။

ႏိုင္ငံတကာ လူငယ္မ်ားေန႔က ၾသဂုတ္ ၁၂ ရက္ေန႔မွာ က်ေရာက္တာျဖစ္ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၾသဂုတ္ ၁၉ ရက္ေန႔မွသာ က်င္းပႏိုင္တာလည္း ျဖစ္ပါတယ္။

ဒီအခမ္းအနားကို စစ္ကိုင္းတိုင္းလူငယ္ေရးရာေကာ္မတီဥကၠ႒ လူမႈေရးဝန္ႀကီး ေဒါက္တာေဇာ္ဝင္း၊ လႊတ္ေတာ္ဒုဥကၠ႒ ဦးဘိုးသန္းၫြန႔္နဲ႔ မုံ႐ြာတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာသူရဦးနဲ႔ ေက်ာင္းသားေက်ာင္းသူ ေထာင္ခ်ီ တက္ေရာက္ခဲ့ၾကပါတယ္။

အခမ္းအနားမွာ တိုင္းရင္းသား႐ိုးရာ အကေတြအျပင္ အကယ္ဒမီ ေဒၚေဆြဇင္ထိုက္၊ မသန္စြမ္း ထူးခြၽန္လူငယ္ မစုပုံခ်စ္၊ ပညာေရးအတိုင္ပင္ခံ ဦးေအာင္ေက်ာ္ဆန္း၊ ယုံၾကည္ရာ အသိပညာျပန႔္ပြားေရးက ေဒါက္တာမ်ိဳးထက္တို႔ကလည္း ပညာေရးျပဳျပင္ေျပာင္းလဲမႈနဲ႔ဆိုင္တဲ့ အေၾကာင္းအရာေတြကို ေဟာေျပာခဲ့ၾကပါတယ္။

လူငယ္မ်ားေန႔ အခမ္းအနားကို ကုမၸဏီ ၁၁ ခုကလည္း အလုပ္အကိုင္ အခြင့္အလမ္းနဲ႔ ပတ္သက္လို႔ လာေရာက္ျပသခဲ့ၾကပါတယ္။ ဒီႏွစ္အတြက္ ႏိုင္ငံတကာလူငယ္မ်ားေန႔ ေဆာင္ပုဒ္က ‘လူငယ္ထုႀကီး ပါဝင္လို႔ ပညာေရးစနစ္ ေျပာင္းလဲစို႔’ ျဖစ္ပါတယ္။

ဒါေၾကာင့္ ပညာေရးနဲ႔ တိုက္႐ိုက္သက္ဆိုင္ေနသလို လက္ရွိ ျမန္မာႏိုင္ငံက လူငယ္ေတြ အမ်ားစု ႀကဳံေတြ႕ေနရတာက အလုပ္အကိုင္အခြင့္အလမ္း ျပႆနာျဖစ္လို႔ ပညာေရးဆိုင္ရာ ေဟာေျပာပြဲ၊ ပညာေရးနဲ႔ပတ္သက္လို႔ အခြင့္အလမ္းေတြ ရွာေဖြႏိုင္မယ့္ ျပပြဲနဲ႔ ကိုယ့္ရဲ႕ ပညာအရည္အခ်င္းေပၚ အေျခခံၿပီး သင့္ေတာ္ကိုက္ညီမယ့္ အလုပ္အကိုင္ကို ရွာေဖြႏိုင္မယ့္ အလုပ္အကိုင္အခြင့္အလမ္း ျပပြဲေတြ ပါဝင္ကာ ပုံစံ ၃ မ်ိဳးနဲ႔ က်င္းပရတာလို႔ စစ္ကိုင္းတိုင္း လူငယ္ေရးရာ ေကာ္မတီအတြင္းေရးမႉး ကိုေဝမိုးႏိုင္က ေျပာပါတယ္။

ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ ျပည္သူေတြရဲ႕ အခန္းက႑က အေရးႀကီးသလို တိုင္းျပည္တည္ေဆာက္ေရးမွာလည္း လူငယ္ေတြရဲ႕ အခန္းက႑က ပိုမိုက်ယ္ျပန႔္လာတာကို ေတြ႕ျမင္ေနရတဲ့အတြက္ လူငယ္ေရးရာ မူဝါေတြကို လူငယ္ေတြကိုယ္တိုင္ ေရးဆြဲျပ႒ာန္းကာ လူငယ္ဖြံ႕ၿဖိဳးေရးဆိုင္ရာ ကိစၥရပ္ေတြကိုလည္း ေဖာ္ေဆာင္ေနတယ္လို႔ လူမႈေရးဝန္ႀကီး ေဒါက္တာေဇာ္ဝင္းက ေျပာပါတယ္။

ႏိုင္ငံတကာလူငယ္မ်ားေန႔ကို ကမာၻ႔ကုလသမဂၢကေန ၁၉၉၉ ခုႏွစ္မွာ စတင္သတ္မွတ္ခဲ့တာ ျဖစ္ၿပီး ႏိုင္ငံေတြက မူဝါဒေတြ ခ်မွတ္တာ၊ က႑အားလုံးမွာ လူငယ္ေတြပါဝင္မႈကို အသိအမွတ္ျပဳ ျမႇင့္တင္ေစဖို႔ ရည္႐ြယ္သတ္မွတ္ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013