DVB Logo
Home
Lead Story
ငါးနှစ်သားသိုင်းသမားလေး ဘုန်းမြတ်မင်း (သို့) Myanmar’s Got Talent ရဲ့ ကြယ်ပွင့်သစ်(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
August 19, 2019
ငါးနှစ်သားသိုင်းသမားလေး ဘုန်းမြတ်မင်း (သို့) Myanmar’s Got Talent ရဲ့ ကြယ်ပွင့်သစ်(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း စတဲ့ ခက်ခဲတဲ့ ပညာရပ်တွေနဲ့ မြန်မာ့သိုင်းပညာဟာ တိမ်ကော ပျောက်ကွယ်မသွားသင့်တဲ့ ရှေးရိုးရာ ပညာရပ်တခု ဖြစ်ပါတယ်။

ခုတခါမှာတော့ ဒီပညာရပ်တွေကို အရွယ်နဲ့မလိုက်အောင် ပညာစွမ်းပြ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပါရမီရှင် ကလေးငယ်တဦးကို Myanmar’s Got Talent ရဲ့ ဆီမီးဖိုင်နယ်အဆင့် ပြိုင်ပွဲစင်မြင့်ပေါ်မှာ ပရိသတ်တွေက ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။

မန္တလေးမြို့က လာရောက်ယှဉ်ပြိုင်တဲ့ ဘုန်းမြတ်မင်းဟာ အသက် ၅ နှစ်အရွယ်သာ ရှိသေးပြီး သိုင်းပညာအစွမ်းပြပြီး နောက်ဆုံးဖိုင်နယ်အဆင့် တိုက်ရိုက်တက်ရောက်နိုင်တဲ့ တဦးတည်းသော ပြိုင်ပွဲဝင် ဖြစ်ခဲ့ပါတယ်။

မနေ့က ညပိုင်းမှာ ကျင်းပခဲ့တဲ့ Myanmar’s Got Talent ရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ရွှေစိုးရာဇာအဖွဲ့၊ ဗိုလ်ဝဲ၊ အောင်ပြည့်၊ အောင်ဆက်၊ V Scorpion စတဲ့ ပြိုင်ပွဲဝင်အသီးသီးရဲ့ ရိုးရာဆင်အကနဲ့ ယှဉ်ပြိုင်မှုတွေ၊ မျက်လှည့်ပညာ အစွမ်းပြမှုတွေ၊ မီးနဲ့ စတန့်ထွင် အစွမ်းပြကွက်တွေနဲ့အတူ အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ဘုန်းမြတ်မင်းရဲ့ သိုင်းပညာအစွမ်းနဲ့ ယှဉ်ပြိုင်မှုကတော့ ဒိုင်တွေကိုသာမက ကြည့်ရှုအားပေးနေကြတဲ့ ပရိသတ်တွေကိုပါ အံ့သားသင့် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရတာပါ။

အခုနှစ် ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင်တွေအဖြစ် ဝါရင့်သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ် အမှတ်ပေးကြတာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ သင်ကြားပံ့ပိုးပေးမှုနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဘုန်းမြတ်မင်းဟာ ပြိုင်ပွဲဝင် ဝတ်စုံနဲ့ စင်မြင့်ထက်မှာ မကြောက်မရွံ့ ဟန်ပါပါ၊ မာန်ပါပါ အစွမ်းပြ ကစားပြသွားခဲ့တာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

မျက်တောင်မခပ်စတမ်း သူ့ရဲ့ လှုပ်ရှားအစွမ်းပြ ယှဉ်ပြိုင်မှုအပြီးမှာတော့ ဒိုင်တွေက ချီးကျူးမှတ်ချက်စကားတွေ ပြောခဲ့ကြတာပါ။

ဒိုင်တဦးဖြစ်တဲ့ မောင်သီက သိုင်းပြောင်းပြန်က အကသိုင်းလား အချသိုင်းလားလို့ မေးခဲ့ချိန်မှာ ကလေးငယ် ဘုန်းမြတ်မင်းက အချသိုင်းလို့ သွက်သွက်လက်လက် ပြန်ဖြေခဲ့တာကို တွေ့ရပါတယ်။

ဝါရင့် သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်ကတော့ တကယ့်ကို ပါရမီရှိတဲ့ ကလေးငယ်တဦးအဖြစ် ချီးကျူးခဲ့ပြီး မြန်မာပြည်မှာသာ ဝူခုန်းကားရိုက်ခွင့်ရမယ်ဆိုရင် ဘုန်းမြတ်မင်းနဲ့ ရိုက်ချင်ကြောင်း ပြောဆိုခဲ့တာပါ။

ပြိုင်ပွဲဝင်တွေအားလုံးရဲ့ ယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်တွေပေးတဲ့ Voting နဲ့ နောက်ဆုံး ဖိုင်နယ်အဆင့် တက်ရောက်နိုင်သူတွေကို ကြေညာမယ့် အချိန်ရောက်ရှိလာခဲ့ပါတယ်။

ဘုန်းမြတ်မင်းကတော့ ပရိသတ်ပေးတဲ့ မဲနဲ့ Top 3 စာရင်းထဲမှာ ပထမဆုံး ကြေညာပြီး ပါဝင်သွားခဲ့ပြီး ရွှေစိုးရာဇာအဖွဲ့နဲ့ V Scorpion တို့ကလည်း ပါဝင်လာခဲ့တာပါ။

အဲဒီနောက်မှာတော့ Top 3 ထဲက ၂ ဖွဲ့ကသာ နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး Voting အများဆုံးနဲ့ ဘုန်းမြတ်မင်းက ပြိုင်ဘက်မရှိ တက်ရောက် နိုင်ခဲ့ပါတယ်။

ကျန်ရှိနေတဲ့ ရွှေစိုးရာဇာနဲ့ V Scorpion တို့ထဲမှ တဖွဲ့ကသာ နောက်အဆုံးအဆင့် ဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပြီး ဒိုင် ၄ ဦးက မဲပေးရွေးချယ်ကြရတာပါ။

တကယ်လို့များ ဒိုင်တွေပေးတဲ့ မဲအရ ရမှတ်တူညီနေရင်တော့ ပရိသတ်ပေးတဲ့ မဲ အရေအတွက်နဲ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

သူတို့ ၂ ဖွဲ့ကို ဒိုင်တွေက မဲပေးချိန်မှာတော့ ဆင်အကနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွှေစိုးရာဇာအဖွဲ့က မောင်သီ၊ ခိုင်သင်းကြည်နဲ့ မောင်မောင်အေးတို့ ပေးတဲ့ မဲ ၃ မဲ-၁ မဲနဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

https://www.facebook.com/mmgottalent/?__tn__=%2CdkC-R&eid=ARCr8lmCyKpBGX7Oy8SFv-B9HzpP3LZ3vTy_yhb2Bep7AEBdrjFM4uL0XcdL2Yxhz5rGYBciatAWTJXF&hc_ref=ART1Qzvm34AHkQiwi0TO-xZ2FgVkSvXwPazCREFKFDabnZ0nBCB_z1SrO5j7GZtjCrg




ငါးႏွစ္သားသိုင္းသမားေလး ဘုန္းျမတ္မင္း (သို႔) Myanmar’s Got Talent ရဲ႕ ၾကယ္ပြင့္သစ္(႐ုပ္သံ) (ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB

လက္သိုင္း၊ တုတ္သိုင္း၊ ဓားသိုင္း စတဲ့ ခက္ခဲတဲ့ ပညာရပ္ေတြနဲ႔ ျမန္မာ့သိုင္းပညာဟာ တိမ္ေကာ ေပ်ာက္ကြယ္မသြားသင့္တဲ့ ေရွး႐ိုးရာ ပညာရပ္တခု ျဖစ္ပါတယ္။
ခုတခါမွာေတာ့ ဒီပညာရပ္ေတြကို အ႐ြယ္နဲ႔မလိုက္ေအာင္ ပညာစြမ္းျပ ယွဥ္ၿပိဳင္ႏိုင္ခဲ့တဲ့ ပါရမီရွင္ ကေလးငယ္တဦးကို Myanmar’s Got Talent ရဲ႕ ဆီမီးဖိုင္နယ္အဆင့္ ၿပိဳင္ပြဲစင္ျမင့္ေပၚမွာ ပရိသတ္ေတြက ရႈစားခဲ့ၾကရတာ ျဖစ္ပါတယ္။

မႏၲေလးၿမိဳ႕က လာေရာက္ယွဥ္ၿပိဳင္တဲ့ ဘုန္းျမတ္မင္းဟာ အသက္ ၅ ႏွစ္အ႐ြယ္သာ ရွိေသးၿပီး သိုင္းပညာအစြမ္းျပၿပီး ေနာက္ဆုံးဖိုင္နယ္အဆင့္ တိုက္႐ိုက္တက္ေရာက္ႏိုင္တဲ့ တဦးတည္းေသာ ၿပိဳင္ပြဲဝင္ ျဖစ္ခဲ့ပါတယ္။

မေန႔က ညပိုင္းမွာ က်င္းပခဲ့တဲ့ Myanmar’s Got Talent ရဲ႕ ဆီမီးဖိုင္နယ္အဆင့္မွာေတာ့ ေ႐ႊစိုးရာဇာအဖြဲ႕၊ ဗိုလ္ဝဲ၊ ေအာင္ျပည့္၊ ေအာင္ဆက္၊ V Scorpion စတဲ့ ၿပိဳင္ပြဲဝင္အသီးသီးရဲ႕ ႐ိုးရာဆင္အကနဲ႔ ယွဥ္ၿပိဳင္မႈေတြ၊ မ်က္လွည့္ပညာ အစြမ္းျပမႈေတြ၊ မီးနဲ႔ စတန႔္ထြင္ အစြမ္းျပကြက္ေတြနဲ႔အတူ အႀကိတ္အနယ္ ရွိေနခဲ့ၾကတာ ျဖစ္ပါတယ္။
သူတို႔ အားလုံးထဲမွာ အသက္အငယ္ဆုံးျဖစ္တဲ့ ဘုန္းျမတ္မင္းရဲ႕ သိုင္းပညာအစြမ္းနဲ႔ ယွဥ္ၿပိဳင္မႈကေတာ့ ဒိုင္ေတြကိုသာမက ၾကည့္ရႈအားေပးေနၾကတဲ့ ပရိသတ္ေတြကိုပါ အံ့သားသင့္ မခ်ီးက်ဴးဘဲ မေနႏိုင္ေအာင္ ျဖစ္ခဲ့ရတာပါ။

အခုႏွစ္ ၂၀၁၉ ခုႏွစ္ရဲ႕ Myanmar’s Got Talent ၿပိဳင္ပြဲမွာေတာ့ ဒိုင္ေတြအျဖစ္ ဝါရင့္သ႐ုပ္ေဆာင္မင္းသမီး မို႔မို႔ျမင့္ေအာင္၊ ဒါ႐ိုက္တာ ေမာင္သီ၊ သ႐ုပ္ေဆာင္မင္းသမီး ခိုင္သင္းၾကည္၊ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးတို႔က အကဲျဖတ္ အမွတ္ေပးၾကတာ ျဖစ္ပါတယ္။

ဖခင္ျဖစ္သူရဲ႕ သင္ၾကားပံ့ပိုးေပးမႈနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ဘုန္းျမတ္မင္းဟာ ၿပိဳင္ပြဲဝင္ ဝတ္စုံနဲ႔ စင္ျမင့္ထက္မွာ မေၾကာက္မ႐ြံ႕ ဟန္ပါပါ၊ မာန္ပါပါ အစြမ္းျပ ကစားျပသြားခဲ့တာကို ေတြ႕ၾကရမွာ ျဖစ္ပါတယ္။

မ်က္ေတာင္မခပ္စတမ္း သူ႔ရဲ႕ လႈပ္ရွားအစြမ္းျပ ယွဥ္ၿပိဳင္မႈအၿပီးမွာေတာ့ ဒိုင္ေတြက ခ်ီးက်ဴးမွတ္ခ်က္စကားေတြ ေျပာခဲ့ၾကတာပါ။
ဒိုင္တဦးျဖစ္တဲ့ ေမာင္သီက သိုင္းေျပာင္းျပန္က အကသိုင္းလား အခ်သိုင္းလားလို႔ ေမးခဲ့ခ်ိန္မွာ ကေလးငယ္ ဘုန္းျမတ္မင္းက အခ်သိုင္းလို႔ သြက္သြက္လက္လက္ ျပန္ေျဖခဲ့တာကို ေတြ႕ရပါတယ္။

ဝါရင့္ သ႐ုပ္ေဆာင္မင္းသမီး မို႔မို႔ျမင့္ေအာင္ကေတာ့ တကယ့္ကို ပါရမီရွိတဲ့ ကေလးငယ္တဦးအျဖစ္ ခ်ီးက်ဴးခဲ့ၿပီး ျမန္မာျပည္မွာသာ ဝူခုန္းကား႐ိုက္ခြင့္ရမယ္ဆိုရင္ ဘုန္းျမတ္မင္းနဲ႔ ႐ိုက္ခ်င္ေၾကာင္း ေျပာဆိုခဲ့တာပါ။

ၿပိဳင္ပြဲဝင္ေတြအားလုံးရဲ႕ ယွဥ္ၿပိဳင္မႈအၿပီးမွာေတာ့ ပရိသတ္ေတြေပးတဲ့ Voting နဲ႔ ေနာက္ဆုံး ဖိုင္နယ္အဆင့္ တက္ေရာက္ႏိုင္သူေတြကို ေၾကညာမယ့္ အခ်ိန္ေရာက္ရွိလာခဲ့ပါတယ္။

ဘုန္းျမတ္မင္းကေတာ့ ပရိသတ္ေပးတဲ့ မဲနဲ႔ Top 3 စာရင္းထဲမွာ ပထမဆုံး ေၾကညာၿပီး ပါဝင္သြားခဲ့ၿပီး ေ႐ႊစိုးရာဇာအဖြဲ႕နဲ႔ V Scorpion တို႔ကလည္း ပါဝင္လာခဲ့တာပါ။
အဲဒီေနာက္မွာေတာ့ Top 3 ထဲက ၂ ဖြဲ႕ကသာ ေနာက္ဆုံးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ၿပီး Voting အမ်ားဆုံးနဲ႔ ဘုန္းျမတ္မင္းက ၿပိဳင္ဘက္မရွိ တက္ေရာက္ ႏိုင္ခဲ့ပါတယ္။

က်န္ရွိေနတဲ့ ေ႐ႊစိုးရာဇာနဲ႔ V Scorpion တို႔ထဲမွ တဖြဲ႕ကသာ ေနာက္အဆုံးအဆင့္ ဖိုင္နယ္ကို တက္ေရာက္ႏိုင္မွာျဖစ္ၿပီး ဒိုင္ ၄ ဦးက မဲေပးေ႐ြးခ်ယ္ၾကရတာပါ။
တကယ္လို႔မ်ား ဒိုင္ေတြေပးတဲ့ မဲအရ ရမွတ္တူညီေနရင္ေတာ့ ပရိသတ္ေပးတဲ့ မဲ အေရအတြက္နဲ႔ ဆုံးျဖတ္မွာ ျဖစ္ပါတယ္။

သူတို႔ ၂ ဖြဲ႕ကို ဒိုင္ေတြက မဲေပးခ်ိန္မွာေတာ့ ဆင္အကနဲ႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ေ႐ႊစိုးရာဇာအဖြဲ႕က ေမာင္သီ၊ ခိုင္သင္းၾကည္နဲ႔ ေမာင္ေမာင္ေအးတို႔ ေပးတဲ့ မဲ ၃ မဲ-၁ မဲနဲ႔ ေနာက္တဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013